တပ်က ဝင်စီးပြီးတဲ့နောက် NLD ရွှေဂုံတိုင်ရုံးချုပ် ဒီမနက်မြင်ကွင်း
ရန်ကုန် ရွှေဂုံတိုင်မှာ ရှိတဲ့ NLD ရုံးချုပ်ကို စစ်တပ်က ဖေဖော်ဝါရီ ၉ ရက် ညပိုင်းမှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီးတဲ့နောက် ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်မနက်ပိုင်းမှာ တွေ့ရတဲ့ ရုံးချုပ်မြင်ကွင်းတွေ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို ဖေဖော်ဝါရီ ၉ ရက် ည ၁၀ နာရီ ဝန်းကျင်ခန့်က စစ်တပ်က ဝင်ရောက် စီးနင်းရှာဖွေခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနဲ့ ရုံးချုပ်အနီးမျက်မြင်တွေ့ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။ NLD ရုံးချုပ်ကို စီးနင်းချိန်မှာ ရုံးမှာ တစ်ဦးတစ်ယောက်မှ မရှိကြောင်းနဲ့ ဖမ်းဆီးခံရသူ မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ NLD ရွှေဂုံတိုင်ရုံးချုပ်အနီး မျက်မြင်တွေ့သူတွေကတော့ အဆောက်အအုံထဲကို လူ ၁၅ ဦးခန့် ဝင်ရောက် ရှာဖွေခဲ့ကြောင်းနဲ့ ရုံးချုပ်ရှေ့က ကားအရောင်းပြခန်း အနီးမှာလည်း စစ်တပ်က လုံခြုံရေး ယူထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ






