ဗိုလ်ချုပ်မွေးနေ့မှာလည်း ဆန္ဒပြပွဲတွေ အရှိန်ဆက်မြင့်နေ

ဖမ်းဆီးထိန်းသိမ်းခံထားရတာ ၁၃ ရက်မြောက်ရှိလာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ နေပြည်တော်က နေအိမ်တွေမှာ အတူနေထိုင်သူတွေနဲ့အတူ ကျန်းမာစွာရှိနေတယ်လို့ NLD ပါတီက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဆန္ဒပြသူတွေဘက်ကဆူပူအကြမ်းဖက်တယ်လို့တပ်မတော်စွပ်စွဲ, ဆန္ဒပြသူတွေဘက်ကဆူပူအကြမ်းဖက်တယ်လို့တပ်မတော်စွပ်စွဲ

    စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့လူဦးရေသိန်း၊သောင်းချီတဲ့ဆန္ဒပြပွဲတွေမြန်မာနိုင်ငံနေရာအနှံ့အရှိန်မြင့်ပေါ်ပေါက်နေချိန်မှာပဲ၊စစ်တပ်ကတော့အဲဒီလုပ်ရပ်တွေဟာဥပဒေနဲ့မညီတဲ့ဆူပူတဲ့လုပ်ရပ်တွေအဖြစ်ပုံံဖော်ပြောဆိုနေပါတယ်။

    ပစ်ခတ်ဖြိုခွင်းတဲ့အထိဖြစ်ခဲ့တဲ့နေပြည်တော်သပြေကုန်းနဲ့မန္တလေးမဟာအောင်မြေဖြစ်ရပ်တွေမှာဆန္ဒပြသမားတွေဘက်ကအကြမ်းဖက်တိုက်ခိုက်လာတဲ့အတွက်ကိုင်တွယ်ခဲ့ရတာဖြစ်တယ်လို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဆက်တိုက်ဆိုသလိုရေးသားနေပါတယ်။

    နေပြည်တော်ပစ်ခတ်မှုအတွင်း၁၉နှစ်အရွယ်တက္ကသိုလ်ကျောင်းသူတစ်ယောက်ဦးခေါင်းမှာအပြင်းအထန်ဒဏ်ရာရသွားပြီးဆေးရုံပေါ်အသက်လုနေရချိန်မှာ၊မန္တလေးဖြစ်ရပ်တုန်းကဦးခေါင်းဒဏ်ရာရခဲ့တဲ့ရဲအရာရှိလည်းအသက်စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်ဆိုပြီးစစ်အာဏာပိုင်တွေကတန်ပြန်ပြောဆိုပါတယ်။

    ကွန်ပျူတာတက္ကသိုလ်ကျောင်းသူမမြသွဲ့သွဲ့ခိုင်ရဲ့ဖြစ်ရပ်ကိုနိုင်ငံတကာမီဒီယာတွေမှာဖော်ပြနေကြပြီး၊အမေရိကန်သမ္မတဂျိိုးဘိုင်ဒင်ကလည်းမြန်မာပြည်သူတွေဟာသူတို့ရဲ့ဒီမိုကရေစီနည်းကျအခွင့်အရေးတွေကိုထုတ်ဖော်နေတာကိုအကြမ်းဖက်ကိုင်တွယ်တာမျိုးမလုပ်ဖို့လောလောလတ်လတ်မှာပဲမြန်မာစစ်ခေါင်းဆောင်တွေကိုသတိပေးထားပါတယ်။

    အာဏာသိမ်းစစ်တပ်ကတော့ဆန္ဒပြပွဲတွေကိုဆူပူမှု၊“ရုံးမတက်နဲ့ရုန်းထွက်” Civil disobedience လှုပ်ရှားမှုတွေကိုလည်းတာ၀န်သိ၀န်ထမ်းတွေအပေါ်မသမာသူတွေရဲ့ဖိအားပေးခြိမ်းခြောက်မှုတွေအဖြစ်သတ်မှတ်နေတာတွေ့ရပါတယ်။

    ဖေဖော်ဝါရီလ၁၀ရက်၊ဗုဒ္ဓဟူးနေ့မှာစစ်တပ်ကလူဖမ်းပွဲတွေတိုးမြင့်ပြုလုပ်နေတာမှာနေအိမ်အကျယ်ချုပ်နေနေရတဲ့ NLDခေါင်းဆောင်ပိုင်းကသူတွေကိုတကျော့ပြန်ဖမ်းဆီးတာတင်မက၊တက်ကြွလှုပ်ရှားသူတွေကိုပါပစ်မှတ်ထားဖမ်းဆီးနေတယ်ဆိုတဲ့သတင်းတွေရထားပါတယ်။

    Military Coup

    ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

    ဓာတ်ပုံ ပုံစာ, ရဲတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ထုတ်ပြန်
    Military Coup

    ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော် ပစ်ခတ်မှုကို နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြနေ
    Military Coup

    ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

    ဓာတ်ပုံ ပုံစာ, ဆူပူဆန္ဒပြမှုတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ရတာလို့ စစ်တပ်ကပြော
  2. မြန်မာစစ်ခေါင်းဆောင်တွေကိုအရေးယူတဲ့ သမ္မတအမိန့်သစ် ဂျိုးဘိုင်ဒင် ကြေညာ, မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစု၀င်တွေကို ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ အမေရိကန် ထပ်ဆင့်လုပ်ဆောင်

    မြန်မာစစ်ခေါင်းဆောင်တွေအပေါ်ဒဏ်ခတ်အရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်ကြောင်းအမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကဖေဖော်ဝါရီလ၁၀ရက်နေ့မှာကြေညာပါတယ်။

    အာဏာသိမ်းဖို့ကြိုးကိုင်စေခိုင်းခဲ့တဲ့မြန်မာစစ်ခေါင်းဆောင်တွေနဲ့သူတို့ရဲ့မိသားစု၀င်တွေကိုပစ်မှတ်ထားအရေးယူတာဖြစ်ပါတယ်။

    “စစ်ခေါင်းဆောင်တွေ၊သူတို့ရဲ့စီးပွားရေးတွေနဲ့မိသားစုတွေအပေါ်ပိတ်ဆို့အရေးယူတာတွေချက်ခြင်းလုပ်ဆောင်နိုင်တဲ့သမ္မတအမိန့်သစ်ကိုအတည်ပြုလိုက်တယ်” ဆိုပြီးအမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

    ဘယ်သူတွေ၊ဘယ်အရာတွေအပေါ်ပိတ်ဆို့တာလဲဆိုတဲ့အတိအကျအချက်တွေကိုပထမအသုတ်အနေနဲ့အခုသီတင်းပတ်ထဲမှာပဲအမေရိကန်အာဏာပိုင်တွေကြေညာသွားဖို့ရှိပါတယ်။

    မြန်မာပြည်ထဲတင်သွင်းမယ့်အရာတွေအပေါ်လည်းအမေရိကန်အနေနဲ့တင်းတင်းကျပ်ကျပ်စိစစ်ထိန်းချုပ်သွားမှာဖြစ်ပါတယ်။

    “အာဏာသိမ်းမြန်မာစစ်တပ်ကိုအကျိုးဖြစ်စေမယ့်အမေရိကန်နဲ့သက်ဆိုင်တဲ့အရာတွေကိုထိန်းချုပ်လိုက်ပြီ။ဒါပေမယ့်၊မြန်မာပြည်သူတွေကိုတိုက်ရိုက်အကျိုးပြုနေတဲ့ကျန်းမာရေး၀န်ဆောင်မှုအပါအ၀င်လူမှုအထောက်အကူပြုအကူအညီတွေကိုတော့အမေရိကန်ကဆက်ပေးသွားမယ်” လို့သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

    မြန်မာပြည်မှာဆန္ဒပြပွဲတွေအရှိန်မြင့်ပေါ်ပေါက်နေချိန်၊အဲဒီလိုဒီမိုကရေစီနည်းကျဆန္ဒထုတ်ဖော်မှုအခွင့်အရေးတွေအပေါ်အကြမ်းဖက်ဖြိုခွဲတာမျိုးတွေကလည်းလက်သင့်ခံဖွယ်ရာမရှိဘူးလို့သမ္မတဂျိုးဘိုင်ဒင်ကသတိပေးပါတယ်။

    “ မြန်မာပြည်သူတွေဟာသူတို့ရဲ့အသံတွေကိုအများကြားအောင်ထုတ်ဖော်နေတယ်။ကမ္ဘာကြီးကလည်းစောင့်ကြည့်နေတယ်” လို့သမ္မတဂျိုးဘိုင်ဒင်ကဆိုပါတယ်။

    အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တွေအပေါ်ပစ်မှတ်ထားအရေးယူမှုအသစ်တွေကိုအမေရိကန်အနေနဲ့ထပ်ဆင့်လုပ်ဆောင်သွားဖို့ရှိပြီး၊တခြားနိုင်ငံတွေပါအတူပူးပေါင်းပါ၀င်ဖို့အမေရိကန်နဲ့မိတ်ဖက်နိုင်ငံတွေကတိုက်တွန်းသွားမယ်လို့လည်းသမ္မတဂျိုးဘိုင်ဒင်ကကတိပြုပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦး၀င်းမြင့်အပါအ၀င်ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊တက်ကြွလှုပ်ရှားသူတွေကိုချက်ခြင်းပြန်လွှတ်ရမယ်၊စစ်တပ်အနေနဲ့အာဏာကိုစွန့်လွှတ်ရမယ်လို့လည်းသမ္မတဂျိုးဘိုင်ဒင်ကထပ်လောင်းပြောဆိုသွားပါတယ်။

    US, Myanmar, Sanctions

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစု၀င်တွေ အပေါ် ပစ်မှတ်ထားတဲ့ သမ္မတဘိုင်ဒင်ရဲ့ အမိန့်သစ်
  3. မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူသွားမယ်လို့ သမ္မတဘိုင်ဒန်ပြော

    စစ်တပ်က သိမ်းယူခဲ့တဲ့ အာဏာကို ချက်ချင်း စွန့်လွှတ်ဖို့၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေနဲ့ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီကနေ့ ပြောလိုက်ပါတယ်။

    ပင်တဂွန် မသွားခင် ဒီကိစ္စ ပြောချင်လို့ဆိုပြီး သမ္မတ ဘိုင်ဒန်က အသိပေး ပြောသွားတာခဲ့တာ ဖြစ်ပါတယ်။

    "အခုလို အာဏာသိမ်းမှု ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စော်ကား တိုက်ခိုက် ခံရတာဟာ စိုးရိမ်စရာ ဖြစ်တယ်။ ဒီကိစ္စကို အမေရိကန်နိုင်ငံရေး ခေါင်းဆောင်တွေကြားမှာ သဘောထား မကွဲကြဘူး။ မြန်မာ့အရေးကို အထူးစိတ်ဝင်စားသူ ဆီးနိတ်အမတ် မက်ကောန်နယ်လ်နဲ့ အဖွဲ့နဲ့ပါ ဆွေးနွေးခဲ့တယ်။ အင်ဒို ပစိဖိတ် ဒေသ နိုင်ငံတွေနဲ့ မဟာမိတ်တွေ နဲ့အတူ သံတမန်နည်းနဲ့ နိုင်ငံတကာ တုံ့ပြန်မှုကို ဆွေးနွေးခဲ့တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အမေရိကန်က ဦးဆောင်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ပြင်းထန်တဲ့ ကြေညာချက်ကို ထုတ်ခဲ့တယ်။ ဒီတစ်ပတ်မှာလည်း လူ့အခွင့်ရေး ကောင်စီကနေ ဆက်လုပ်ပါမယ်။ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းထားသူတွေကို ပြန်လွှတ်ပါ။ အာဏာသိမ်းထားတာကို စွန့်ပါ။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပါ။အမေရိကန်မှာ ထားရှိတဲ့ မြန်မာအစိုးရရဲ့ ငွေ တစ် ဘီလျံဒေါ်လာကို စစ်ဗိုလ်ချုပ်တွေ မလျော်မကန် ရယူ သုံးစွဲတာမျိုး မလုပ်နိုင်ဖို့ ပိတ်ပင်တားဆီးသွားမယ်။ အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ မိသားစုတွေရဲ့ စီးပွားရေးတွေကို ပိတ်ဆို့ အရေးယူမယ်။ ဒီတပတ်အတွင်း ပထမ အဆင့် ပစ်မှတ်တွေကို စတင်ကိုင်တွယ်မယ်။ ထုတ်ကုန်တွေကို အခိုင်အမာ ထိန်းချုပ်မယ်။ မြန်မာပြည်သူတွေ အကျိုးဖြစ်စေမယ့် ကျန်းမာရေးနဲ့ လူမှုရေး တိုက်ရိုက်အကူအညီတွေပဲ ဆက်ပေးမယ်။

    ဆန္ဒပြသူတွေကို အကြမ်းနည်းနဲ့ ဖြေရှင်းတာကို လက်မခံပါဘူး။ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို ကမ္ဘာက ကြားပါတယ်။ ကမ္ဘာက ဆက်လက်စောင့်ကြည့်နေမယ်။ လိုအပ်ရင် ထပ်တိုး အရေးယူဆောင်ရွက်သွားမယ်။ မဟာမိတ်တွေနဲ့ အတူ လက်တွဲလုပ်ဆောင်သွားပြီး တခြားနိုင်ငံတွေလည်း ပူးပေါင်းပါဝင်ပါ" လို့ သမ္မတ ဘိုင်ဒန်က တိုက်တွန်း သွားပါတယ်။

    သမ္မတဘိုင်ဒန်

    ဓာတ်ပုံ ရင်းမြစ်, Reuters

  4. ရခိုင်၀န်ကြီးချုပ်လည်း အဖမ်းခံရ, ရခိုင်၀န်ကြီးချုပ် ဦးညီပုကို နေအိမ်ကနေ စစ်တပ်က လာခေါ်သွား

    ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း ၁၀ နာရီခွဲ ၀န်းကျင်မှာ နေအိမ်ကနေစစ်တပ်က လာခေါ် သွားတယ်လို့ အတူ နေထိုင်တဲ့ မိသားစု၀င်တွေက ဘီဘီစီကို အတည်ပြု ပါတယ်။

    နေအိမ်အကျယ်ချုပ်နဲ့ နေနေရတဲ့ NLDပါတီ၀င် ထိပ်တန်းခေါင်းဆောင်တချို့နဲ့ ဒေသန္တရ ၀န်ကြီးချုပ်တွေကို စစ်တပ်က တကျော့ပြန် ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

    စစ်ပျောက်ကြား ၀တ်စုံ၀တ်ဆင်ထားသူတွေ အပါအ၀င် လုံခြုံရေး တပ်ဖွဲ့၀င် အများအပြား ရောက်လာပြီး ဦးညီပုကို ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ အခင်းဖြစ်စဥ် အတူရှိနေတဲ့ မိသားစု၀င် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အခုလို ရခိုင် ၀န်ကြီးချုပ်တင်မက၊ တစ်ရက်တည်းမှာပဲ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ၀န်ကြီးချုပ်တွေလည်း နေအိမ်တွေကနေ အသီးသီး ခေါ်ဆောင်သွားခံရတဲ့ အကြောင်း အတည်ပြုထားနိုင်ပါတယ်။

    ဒါ့အပြင်၊NLD ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့လည်း ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီး ခေါ်ဆောင်သွားခံရကြောင်း NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဝဏ္ဏက ပြောပါတယ်။

    NLD, Military Coup

    ဓာတ်ပုံ ရင်းမြစ်, U Nyi Pu Facebook

    ဓာတ်ပုံ ပုံစာ, NLD ၀န်ကြီးချုပ်တွေ တကျော့ပြန် ဖမ်းခံရ
    NlD, Military Coup

    ဓာတ်ပုံ ရင်းမြစ်, U Nyi Pu Facebook

    ဓာတ်ပုံ ပုံစာ, ဗုဒ္ဓဟူး ည ၁၀ နာရီခွဲမှာ စစ်သားတွေက အိမ်ကနေ ခေါ်သွား
  5. မုံရွာမြို့ပေါ်မှာ စစ်ကားတွေ နေရာယူထား

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်းမုံရွာမြို့မှာ စစ်ကားတွေ ရောက်ရှိလာပြီး မြို့ပေါ်က လမ်းမကြီးတွေမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းက နေရာယူထားတယ်လို့ မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မုံရွာမှာ စစ်အာဏာသိမ်းလှုပ်ရှားမှုတွေ အရှိန်မြင့်လာပြီး ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာသလို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှာ မြန်မာ့စီးပွားရေးဘဏ် ၊ စစ်ကိုင်းတိုင်းပညာရေးမှူးရုံး ၊ လဝက ဦးစီးမှူးရုံး မုံရွာ တက္ကသိုလ် စတဲ့ အစိုးရရုံးဌာန ၇ ခုခန့် ဟာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီးဝန်ထမ်းတွေ ရုံးမတက်ဘဲ ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။

    No Tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. အာဏာသိမ်းစစ်ကောင်စီကို တရားစွဲဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ပြင်

  7. မွန်၊ ရှမ်းနဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်တွေကို စစ်တပ်က ခေါ်ဆောင်သွား

    ဦးထွန်းထွန်းဟိန်

    ဓာတ်ပုံ ရင်းမြစ်, Tun Tun Hein

    ဓာတ်ပုံ ပုံစာ, ဦးထွန်းထွန်းဟိန်

    တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်၊ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ကို နေအိမ်တွေကနေ ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့ ညနေပိုင်းမှာ စစ်တပ်က လာရောက် ခေါ်ဆောင်သွားတယ်လို့ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူးဦးကျော်ဝဏ္ဏက ဘီဘီစီကို ပြောပါတယ်။

    တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ပြီးခဲ့တဲ့ မိနစ်ပိုင်းက လာခေါ်သွားတာဖြစ်ပြီး ဦးထွန်းထွန်းဟိန်ကို ဒီနေ့ ညနေပိုင်း ညနေ ၄ နာရီခွဲက ခေါ်သွားတာဖြစ်ကြောင်းနဲ့ ‌ဒေါက်တာမျိုးအောင်ကို နေပြည်တော်နေအိမ်ကနေ လာခေါ်သွားတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

    ထပ်မံရရှိတဲ့ သတင်းတွေအရ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့ကိုလည်း နေအိမ်တွေက နေ လာခေါ်သွားတယ်လို့လည်း NLD ပါတီကနေ တစ်ဆင့် သိရပါတယ်။

  8. CRPH ကို ကယားနဲ့ တအာင်းပါတီ ကိုယ်စားလှယ်တွေပူးပေါင်း

    ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှာ ကိုယ်စားလှယ် နှစ်ဦး ထပ်မံ ခန့်ထားလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ပါတယ်။

    ထပ်မံ ပါဝင်လာသူ နှစ်ဦးကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရောဘတ်ညေးရယ်နဲ့ တအာင်းအမျိုးသားပါတီက နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမင်းထွန်းတို့ ဖြစ်ပါတယ်။

    ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဖေဖော်ဝါရီ လ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်နေရာမှာ တအာင်းနဲ့ ကယားဘက်က ပါတီတွေက အခုကော်မတီမှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။

    no tag
  9. မမြသွဲ့သွဲ့ခိုင် အခြေအနေ မျှော်လင့်ချက်နည်းတယ်လို့ မိသားစုဝင်ပြော

    သပြေကုန်းအဝိုင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, သပြေကုန်းအဝိုင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့

    နေပြည်တော် သပြေကုန်းအဝိုင်းအနီးက စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြနေသူတွေကို ဖေဖော်ဝါရီ လ ၉ ရက်နေ့က ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့မှုအတွင်း ဒဏ်ရာရခဲ့သူတွေထဲက အသက်၁၉ နှစ်အရွယ် ကွန်ပျုတာတက္ကသိုလ် ကျောင်းသူ မမြသွဲ့သွဲ့ခိုင် ဟာ ပြန်ကောင်းလာဖို့ မျှော်လင့်ချက်နည်းတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

    သူဟာ ရေဆင်းမှာ နေထိုင်သူဖြစ်ပြီး သပြေကုန်းဆန္ဒပြပွဲကို လာရောက် ဝန်းရံသူ ဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

    "ကျွန်မ ညီမလေးအခြေအနေက ၁၀၀ မှာ ပြန်ကောင်းဖို့ ၅ ရာခိုင်နှုန်းပဲရှိပါတယ် "လို့ အစ်မဖြစ်သူ မမြသတိုးနွယ်က ပြောပါတယ်။

    သူ့ကို ထိမှန်ခဲ့တဲ့ ကျည်ဆန်ဟာ ရာဘာကျည်ဆန် မဟုတ်ဘဲ ကျည်ဆန်အစစ် ဖြစ်နိုင်တယ်လို့ ဆန္ဒပြပွဲအနီးမှာ အရေးပေါ်ဆေးကုခန်း ဖွင့်လှစ်ထားတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်အဖွဲ့က ဆရာဝန်တစ်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။

    စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ သပြေကုန်းအဝိုင်းအနီးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက် ၉ နာရီလောက်ကတည်းက ရောက်ရှိလာကြပြီး နေ့လည် တစ်နာရီလောက်မှာတော့ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ် လူစုခွဲလိုက်တာ ဖြစ်ပါတယ်။

    သေနတ်ဒဏ်ရာကြောင့် အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရခဲ့ရာမှာ မမြသွဲ့သွဲ့ခိုင်က ဦးခေါင်းထိမှန်ခဲ့ပြီး နောက်တစ်ဦးက ရင်ဘတ်ကို သေနတ်ကျည်ဆန် ဖောက်ထွက်သွားခဲ့တယ်လို့ စေတနာ့ဝန်ထမ်း ဆရာဝန်က ပြောပါတယ်။

    စိုးရိမ်ရတဲ့ ဒဏ်ရာရသူနှစ်ဦးကို နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံမှာ ကုသပေးနေတာ ဖြစ်ပြီး ဦးခေါင်းကို ကျည်ဆန် ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ လောလောဆယ်မှာ အသက်ရှုစက် တပ်ထားရတယ်လို့လည်း ဆိုပါတယ်။

    သပြေကုန်းအဝိုင်း ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူစာရင်း အနည်းဆုံး ၂၀ ကျော် ရှိခဲ့တယ်လို့လည်း စေတနာ့ဝန်ထမ်းဆရာဝန်က ပြောပါတယ်။

  10. အာဏာသိမ်း စစ်အစိုးရ အခြေခိုင် တည်တံ့မသွားအောင် အမြန်ဆုံးတုံ့ပြန် ဆောင်ရွက်ဖို့ လိုတယ်လို့ EU အထူးကိုယ်စားလှယ်ပြော

    မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဥရောပပါလီမန်တွင် EU ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်

    “မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းခြင်းဟာ ၁၀ နှစ်ကြာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ဆောင်နေမှုတွေကို ပြောင်းပြန် လှန်ပစ်လိုက်ခြင်းဖြစ်ပြီး လုံးဝ လက်ခံနိုင်စရာ မရှိပါ။ အာဏာသိမ်း စစ်အစိုးရက ဝန်ကြီးသစ်တွေ ခန့်အပ်လိုက်ပြီး ပကတိ အခြေအနေမှန်ကနေ ရှောင်လွှဲဖို့ ကြိုးစားနေပါတယ်။ စစ်အစိုးရ အခြေခိုင် တည်တံ့မသွားစေရေးအတွက် ဥရောပသမဂ္ဂ အနေနဲ့ မိတ်ဖက် နိုင်ငံတွေနဲ့ အတူ ပူးပေါင်း ညှိနှိုင်းပြီး အလျင်အမြန် ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ သိပ်အရေးကြီးပါတယ်”

    “လောလောဆယ်မှာ အထိန်းသိမ်းခံထားရတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အကန့်အသတ်မရှိ၊ အမြန်ဆုံး ပြန်လွတ်လာရေးနဲ့ တွေ့ဆုံဆွေးနွေးမှု တစ်မျိုးမျိုးလုပ်နိုင်ရေး ဆိုတဲ့ အချက်နှစ်ချက်ကို ဥရောပသမဂ္ဂ အနေနဲ့ အဓိကထား ဆောင်ရွက်ဖို့ ဖြစ်ပါတယ်”

    “မြန်မာနိုင်ငံကို ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့တာဟာ အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေနဲ့ ဆင်းရဲသား အများစု ပါဝင်တဲ့ အလုပ်သမား ၅ သိန်းကျော်ကိုသာ ထိခိုက်နစ်နာစေမှာ ဖြစ်ပြီး စစ်တပ်ရဲ့ အကျိုးစီးပွားကိုတော့ တစုံတရာ ထိခိုက်မယ့်ပုံ မရှိပါ။ ဒါ့ကြောင့် ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုမျိုး လုပ်ဖို့ မသင့်ပါဘူး”

    “မြန်မာနိုင်ငံမှာ ဒီပြဿနာ အကြပ်အတည်းကြီး စပေါ်ပေါက်လာကတည်းက ဥရောပသမဂ္ဂအနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့အတူ နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အာဆီယံ၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ နိုင်ငံတွေနဲ့ ထိတွေ့ ပြောဆိုနေသလို မနေ့တုန်းကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဆွေးနွေးခဲ့ပါတယ်”

    “အာဏာသိမ်းစစ်အစိုးရ အခြေခိုင် တည်တံ့မသွားအောင် အမြန်ဆုံး တုံ့ပြန် ဆောင်ရွက်ဖို့ လိုတယ် ဆိုတဲ့အချက်ကို ဥရောပသမဂ္ဂ အဖွဲ့ဝင် အားလုံးက သဘောတူခဲ့ကြပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

  11. လွိုင်ကော်မြို့က ဆန္ဒပြရဲတွေ အဖမ်းမခံရ၊ ရဲ ၉ ဦး ထပ်ပူးပေါင်းလာ

    လွိုင်ကော် ဆန္ဒပြပွဲ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်များ

    ဓာတ်ပုံ ရင်းမြစ်, Khin Si Thu

    ဓာတ်ပုံ ပုံစာ, လွိုင်ကော် ဆန္ဒပြပွဲ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်များ

    ဖေဖော်ဝါရီလ ၁၀ ရက် မနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်‌ကော်မြို့ သပိတ်စစ်ကြောင်းမှာ ပူးပေါင်း ပါဝင်လာတဲ့ ရဲတွေကို ဖမ်းဆီးဖို့ လုပ်ခဲ့ပေမယ့် ဒေသခံ ၅၀၀၀ ကျော်က ဝန်းရံခဲ့ကြအပြီးမှာ ဝန်ထမ်းတွေ ရုံးမတက်ဘဲ ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှု နဂိုမူလစစ်ကြောင်းမှာ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၄၀ အပြင် နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၉ ဦးထပ်မံ ပါဝင်လာတယ်လို့ဆိုပါတယ်။

    တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ CDM လှုပ်ရှားမှုမှာ အခုလို ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်အများစုဟာ ဒေသခံတွေ ဖြစ်ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က သန္ဓေ ရဲတပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းအတွက်သာ စုဖွဲ့ ခန့်အပ်ထားသူတွေ ဖြစ်တယ်လို့ ညနေ ၃ နာရီ ကျော်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

    တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကယားပြည်နယ်အရေး လေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က "ပြည်ထဲရေးလက်အောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခေါ်ထားတာဖြစ်တယ်။ ဒါက ရဲဝတ်စုံပဲ ဖြစ်တယ်ပေါ့နော်။ ဒါသည် ရဲတပ်ဖွဲ့ဝင်တွေဖြစ်သလို ဒေသခံတိုင်းရင်းသားတွေ ဖြစ်တယ်။ တစ်နိုင်ငံလုံးက ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်လာမှာစိုးလို့ အခုလိုပြောဆိုတာ ဖြစ်တယ်။ ဒါကတော့ လက်ရှိ ကျွန်တော်တို့ မကြိုက်တဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲဖြစ်တယ်။ ဒီလူတွေကိုမှ ထပ်ပြီးတော့ ဖိအားပေးမယ်ဆိုရင် ကူကယ်ရာမဲ့လိမ့်မယ်" လို့ ဘီဘီစီကို ပြောပါတယ်။

    CDM လှုပ်ရှားမှုမှာ ပါဝင်လာသူ ရဲတပ်ဖွဲ့ဝင် ၄၉ ဦးကို ရုံးမတက်ဘဲ နေလို့ရမယ့်နေရာတွေမှာ လူထုက ထားပေးထားပါတယ်။

  12. ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုအားလုံး ရပ်ဖို့ အာရှဒေသဆိုင်ရာ ယူကေဝန်ကြီး တောင်းဆိုလိုက်

    အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး နိုင်ဂျယ်အက်ဒမ်စ်

    "ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို လက်နက်သုံး ပစ်ခတ်တာတွေအပါအ၀င် အကြမ်းဖက် နှိမ်နင်းဖြိုခွဲတဲ့ သတင်းတွေက ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အခြေအနေပဲ ဖြစ်ပါတယ်။ မြန်မာတပ်မတော်အနေနဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်းခံ ပုဂ္ဂိုလ်တွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒကို လေးစားရမည် ဖြစ်ကြောင်း အလေးအနက်ထား တိုက်တွန်းပါတယ်"

    ဗြိတိန်၊ မြန်မာ။ စစ်အာဏာသိမ်းမှု

    ဓာတ်ပုံ ရင်းမြစ်, British Embassy Yangon

  13. UMFCCI ရုံးပိတ်ထားလိုက်

    မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး အသင်းအဖွဲ့ကြီးဖြစ်တဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစပြီး ရန်ကုန်မြို့က ရုံးကို ပိတ်ထားလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    ဆိုရှယ်လူမှုကွန်ရက်ပေါ်မှာ ကုန်သည် စက်မှုအသင်းချုပ်အဖွဲ့ဝင်တွေဟာ အသင်းချုပ် ဝန်ထမ်းတွေကို အတင်းအကျပ် အလုပ်တက်ဖို့ ဖိအားပေး ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်ပိုင်းမှာ အရေးပေါ် အစည်းအဝေးလုပ်ပြီး အခုလို ပိတ်လိုက်တာလို့လည်း ဖော်ပြ ပါရှိပါတယ်။

    လက်ရှိဖြစ်ပေါ်‌နေတဲ့ အခင်းအကျင်းမှာ ကုန်သည် စက်မှုအသင်းချုပ်ဟာ ဝန်ထမ်းများ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပုဂ္ဂလိက ယုံကြည်ချက်နဲ့ ရပ်တည်ချက်များအပေါ် မည်သို့သော ဖိအားပေးခြင်း၊ ပိတ်ပင်တားဆီးခြင်းများကိုမျှ ပြုလုပ်နေခြင်း မရှိကြောင်းလည်း ဖော်ပြထားပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, UMFCCI

  14. ဒီနေ့ ဆန္ဒပြပွဲက ဆန်းသစ်တဲ့ဆန္ဒပြကွက်များ

    Yangon Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. ရခိုင်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲဦးဆောင်သူတွေကို ဆက်တိုက်ဖမ်းဆီးခံရ

    ဖေဖော်ဝါရီ ၉ ရက်နေ့က ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်းမြို့နယ် ၅ ခုမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပြီး တောင်ကုတ်၊ မာန်အောင်နဲ့ အမ်းမြို့တွေက လူအနည်းဆုံး ၁၂ ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    တောင်ကုတ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ ဦးဆောင်သူတွေဖြစ်တဲ့ ဦးမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးတို့ကို မနေ့က နေ့လယ်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

    တောင်ကုတ်မြို့ ဆန္ဒပြမှုအပြီး ဦးမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးတို့ မြို့နယ်ပါတီရုံးမှာ ရှိနေတဲ့အချိန် ရဲတပ်ဖွဲ့က လာရောက် ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး ညနေပိုင်းမှာတော့ သူတို့နှစ်ဦးစလုံးကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးနိုင်က ပြောပါတယ်။ မနေ့က မနက်ပိုင်းမှာ စစ်အာဏာရှင် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို မနက်ပိုင်း ၁၁ နာရီလောက်မှာ အဆုံးသတ်ခဲ့ကြပေမယ့် ဦးဆောင်သူတွေ ဖမ်းဆီးခံလိုက်ကြရတာကြောင့် နေ့လယ်ပိုင်းမှာ သူတို့နှစ်ဦးကို ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြန်လွှတ်ပေးခြင်း မရှိတဲ့အတွက် ဖေဖော်ဝါရီ ၁၀ ရက် ဒီကနေ့မှာလည်း မနက်ပိုင်း ၈ နာရီလောက်ကနေ တောင်ကုတ်မြို့မ ရဲစခန်းရှေ့မှာ ဒေသခံ ၅၀ လောက် စုဝေးပြီး ဆက်လက် တောင်းဆိုမှုတွေ ပြုလုပ်နေကြတာဖြစ်တယ်လို့ ဒေါ်အေးအေးနိုင်က ပြောပါတယ်။

    တောင်ကုတ်မြို့ပေါ်မှာတော့ ဦးမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးတို့နှစ်ဦးကို ဖမ်းဆီးထားတဲ့ မြို့မရဲစခန်းရှေ့မှာ ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုနေကြပေမယ့် ရဲတပ်ဖွဲ့ကတော့ သူတို့နှစ်ဦးကို တပ်မတော်က ခေါ်ဆောင်သွားခဲ့ပြီဖြစ်ပြီး ရဲစခန်းမှာ မရှိတော့ဘူးလို့ မိသားစုတွေကို ပြောကြောင်း သိရတယ်လို့ ဒေါ်အေးအေးနိုင်က ပြောပါတယ်။ ရဲတပ်ဖွဲ့က ပြောသလို တပ်မတော်ဘက်က ခေါ်ဆောင်သွားခဲ့တာ မှန်တယ်ဆိုရင် သူတို့အတွက် စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    မာန်အောင်ကဆန္ဒပြပွဲကို ဦးဆောင်သူတွေဖြစ်တဲ့ ဦးဘိုးနွဲ၊ ဦးဟန်မင်းစိုးနဲ့ ဒေါ်ခင်ထိပ်ထားလှိုင်တို့ကို ညနေပိုင်းမှာ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးတာတွေ ခံခဲ့ရပြီး ညဉ့် ၁၂ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ အမ်းမြို့နယ်မှာ ဆန္ဒပြလူအုပ်ကနေ့ လယ်ပိုင်းမှာ မြို့သစ်ဘက်ကနေ မြို့ဟောင်းဘက်ကိုအလာ လမ်းမှာရှိတဲ့ ခလရ ၃၇၁ တပ်ရင်းအနီးမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ ပိတ်ဆို့တာကို ခံခဲ့ရပြီး လူစုခွဲခံလိုက်ရတယ်လို့ သိရပါတယ်။ အဲဒီနေရာနဲ့ နှစ်မိုင်ခန့်အကွာမှာ ဦးဆောင်သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဖမ်းဆီးခံခဲ့ရပြီး ညနေပိုင်းမှာ အထက်တန်းပြဆရာတစ်ဦး အပါအဝင် နောက်ထပ် ငါးဦး ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ အမ်းဒေသခံ ကိုမျိုးလွင်က ပြောပါတယ်။ မနေ့က ဖမ်းဆီးခံခဲ့ရသူ ၇ ဦးထဲက အမျိုးသားတစ်ဦးကိုတော့ ပြန်လွှတ်ပေးလိုက်ပြီး ဒီကနေ့မနက်ပိုင်းမှာလည်း နောက်ထပ် နှစ်ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

    Rakkhine Protest
    Rakkhine Protest
    Rakkhine Protest
    Rakkhine Protest
    Rakkhine Protest
  16. ရန်ကုန် ဖေဖော်ဝါရီ ၁၀ ရက်နေ့ခင်းပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမြင်ကွင်းများ

    ရန်ကုန်လှည်းတန်း ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ခင်းပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမြင်ကွင်းများ

    Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. လွိုင်ကော်မြို့ သပိတ်စစ်ကြောင်းမှာ ပါဝင်လာတဲ့ရဲတွေကို လိုက်လံဖမ်းဆီးနေ

    ဖေဖော်ဝါရီ ၁‌၀ရက် မနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့က သပိတ်စစ်ကြောင်းမှာ ပူးပေါင်းပါဝင်လာတဲ့ ရဲတွေကို လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ မနက် ၈နာရီ‌မှာ စတင်တဲ့ သပိတ်စစ်ကြောင်းမှာ CDM လုပ်တဲ့ ရဲတပ်ဖွဲ့ဝင် အယောက် ၄၀ခန့် စတင် ပါဝင်လာပြီး မြို့လည်စုရပ် ထိုင်သပိတ်စစ်ကြောင်းက အပြန်မှာ လိုက်လံဖမ်းဆီးတာပါ။

    "အဲဒီရဲတွေကို ကျန်တဲ့ အမိန့်ကြောက်တဲ့ရဲတွေက လိုက်လံ ဖမ်းဆီးတာတွေ ရှိနေပြီး ဘာဒိုကျေးရွာနားက လယ်ကွင်းမှာ အဝိုင်းခံထားရတဲ့ အ‌ခြေအနေရှိပါတယ်။ ရဲတွေကိုမဖမ်းဘဲ လူထုတွေဆီ လွှဲပေးဖို့ လူထုအားနဲ့ နေရာကို ဝန်းရံဖို့ သွားနေကြပါတယ်" လို့ ပြည်နယ်အရေး လေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က ပြောပါတယ်။ ဘာဒိုကျေးရွာဟာ လွိုင်ကော်မြို့ရပ်ကွက်အစွန်မှာ ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

    CDM

    ဓာတ်ပုံ ရင်းမြစ်, Khin Si Thu

    CDM

    ဓာတ်ပုံ ရင်းမြစ်, Khin Si Thu

    CDM

    ဓာတ်ပုံ ရင်းမြစ်, Khin Si Thu

  18. တရုတ်သံရုံးရှေ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြ

    ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်မှုကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းတချို့အပါအဝင် လူငယ်တွေ ဦးဆောင်ပြုလုပ်နေပါတယ်။ ဆန္ဒဖော်ထုတ်သူတွေလက်ထဲမှာ We are watching you Prisident Xi Jinping(ကျွန်တော်တို့ ခင်ဗျားကိုစောင့်ကြည့်နေတယ် သမ္မတရှီကျင်းပင်) ၊ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို မထောက်ခံပါနဲ့၊ Respect our votes ကျွန်ုပ်တို့မဲကို လေးစားပါ စတဲ့ စာတမ်းတွေကိုကိုင်ဆောင်ပြီး ဆန္ဒပြနေကြပါတယ်။

    သံရုံးနဲ့အနီးတဝိုက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအသင့်အနေအထားနဲ့ စောင့်ကြပ်နေတာကိုလည်းတွေ့ရပါတယ်။

    Chinese Embassy Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Chinese Embassy Yangon
    Chinese Embassy Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Chinese Embassy Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Chinese Embassy Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Chinese Embassy Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. မြစ်ကြီးနားက အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ဝန်ထမ်းတွေပါဝင်

    ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာ တတိယနေ့သပိတ်စစ်ကြောင်း နှစ်ကြောင်းကို မြို့ပတ်နေတာပါ။ ဒီနေ့မှာတော့ ကျန်းမားရေးဌာန၊ တက္ကသိုလ် ဆရာဆရာမ၊ စည်ပင်ဝန်ထမ်း၊ ထွေအုပ်ဝန်ထမ်းတွေကိုလည်း သပိတ်မှာ ပူးပေါင်းပါဝင်လာတာကို တွ့ရသလို ကချင်လူငယ်တွေလည်း အလံတွေကိုင်ဆောင်ပါဝင်လာတာကိုတွေ့ရပါတယ်။

    CDM
    CDM
    CDM
    CDM
    CDM
    CDM
  20. ရဲနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ဘာတွေလိုက်နာသင့်လဲ