ကိုဗစ်လူနာ အမှတ် ၅ ဒီနေ့မနက် ကွယ်လွန် အပါအဝင် မနက်ခင်းသတင်းများ

အခုလူနာအမှတ် ၅ဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူတွေထဲမှာ ပထမဆုံး သေဆုံးသူ လူနာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, အခုလူနာအမှတ် ၅ဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူတွေထဲမှာ ပထမဆုံး သေဆုံးသူ လူနာလည်း ဖြစ်ပါတယ်။
ရေးသားခဲ့သည်။

ကိုဗစ်လူနာ အမှတ် ၅ ဒီမနက်မှာကွယ်လွန်

မင်္ဂလာတောင်ညွှန့်မြို့နယ်က လူနာအမှတ် ၅ ဟာ ဒီနေ့မနက် ၇နာရီ ၂၅မိန်အချိန်မှာ ကွယ်လွန်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုအတည်ပြုပါတယ်။

အဲဒီလူနာဟာ ၅ ယောက်မြောက် ရောဂါပိုးတွေ့ရှိသူဖြစ်ပြီး အသက် ၆၉နှစ်ရှိကာ၊ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ခံရမီကပင် နှာခေါင်းကင်ဆာရောဂါကို ခံစားနေရသူဖြစ်ပါတယ်။

ကင်ဆာရောဂါရော၊ ကိုရိုနာဗိုင်းရပ်စ်ပါကူးစက်ခံနေရတာကြောင့် ဝေဘာဂီဆေးရုံ၊ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ပေးနေတာဖြစ်ပြီး ဒီနေ့မနက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

အခုလူနာအမှတ် ၅ဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူတွေထဲမှာ ပထမဆုံး သေဆုံးသူ လူနာလည်း ဖြစ်ပါတယ်။

သူနဲ့ထိတွေ့ခဲ့တဲ့လူနာအမှတ် ၁၀ကိုလည်း ဝေဘာဂီဆေးရုံမှာ ဆက်လက်ကုသမှုပေးနေပါတယ်။

မြန်မာနိုင်ငံမှာတော့ မနေ့ကအထိ ကူးစက်ခံရသူ ၁၄ဦးရှိခဲ့ပြီး လူနာအမှတ် ၅ ကပထမဆုံးသေဆုံးခဲ့သူ လည်းဖြစ်ပါတယ်။ အဲဒီအတွက် ကူးစက်ခံရသူ ၁၃ဦးကျန်ရှိနေပါသေးတယ်။

App မှာအရေးပေါ်ခေါ်ဆိုလို့ရမယ့် Hot Line ဖုန်းနံပါတ်တွေပါမှာဖြစ်ပြီး၊ သီးသန့်ထားရှိသူတွေ က ဖြည့်သွင်းထားမယ့်သတင်းအချက်အလက်တွေကို သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက နေ့ရက် အပိုင်းအခြားအလိုက် သိရှိနိုင်မှာဖြစ်

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, App မှာအရေးပေါ်ခေါ်ဆိုလို့ရမယ့် Hot Line ဖုန်းနံပါတ်တွေပါမှာဖြစ်ပြီး၊ သီးသန့်ထားရှိသူတွေ က ဖြည့်သွင်းထားမယ့်သတင်းအချက်အလက်တွေကို သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက နေ့ရက် အပိုင်းအခြားအလိုက် သိရှိနိုင်မှာဖြစ်

ပြည်တော်ပြန်တွေ ကိုဗစ်လက္ခဏာခံစားရမှုရှိမရှိ သတင်းပို့နိုင်မယ့် အပလီကေးရှင်း

ပြည်တော်ပြန်တွေအပါအဝင် ကွာရန်တင်း၊ ရောဂါမကူးစက်စေရေး သီးသန့်ထားရှိသူတွေ အတွက် ရောဂါလက္ခဏာတွေခံစားရတာ၊ သူတို့ကို ဆက်သွယ်နိုင်မယ့်အချက်အလက်တွေဖြည့်သွင်းနိုင်တာ၊ ကျန်းမာရေးဌာနကို အလိုလျောက် အကူအညီတောင်းခံနိုင်တာအစရှိတဲ့ ဝန်ဆောင်မှုတွေကို ရရှိမယ့် 'စောစောပြော' App (အပလီကေးရှင်း) ကို အစိုးရကစတင်ရေးဆွဲလိုက်ပါပြီ။

အဲဒီ App က တောင်းကိုရီးအပါအဝင် အခြားနိုင်ငံအများစုမှာ ကိုဗစ်ကုသ ကာကွယ်ရေးနဲ့ ပက်သက်ပြီး ရေးဆွဲအသုံးပြုနေတဲ့အတိုင်း မြန်မာနိုင်ငံမှာလည်းအဲဒီပုံစံတွေကို နမူနာယူပြီး စတင်အသုံးပြုဖို့ ပို့ဆောင်၊ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ နည်းပညာရှင် ကိုထူးမြင့်နောင်တို့က ပူးပေါင်းရေးဆွဲခဲ့တာဖြစ်ပါတယ်။

အဲဒီ မိုဘိုင်း App မှာအရေးပေါ်ခေါ်ဆိုလို့ရမယ့် Hot Line ဖုန်းနံပါတ်တွေပါမှာဖြစ်ပြီး၊ သီးသန့်ထားရှိသူတွေ က ဖြည့်သွင်းထားမယ့်သတင်းအချက်အလက်တွေကို သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက နေ့ရက် အပိုင်းအခြားအလိုက် သိရှိနိုင်မှာဖြစ်ပါတယ်။

ပြည်တော်ပြန်တွေအနေနဲ့ ကိုယ်ပြန်လာတဲ့နေရာကို ဖြည့်တင်းနိုင်သလို၊ ကိုယ်တိုင်လည်း ဘယ်မှာနေထိုင် နေပြီး၊ သီးသန့်ခွဲခြားနေထိုင်နေမှုအခြေအနေကို အဲဒီ App မှာဖြည့်ရုံနဲ့ ကျန်းမာရေးဌာနကို အချက် အလက်ပေးပို့သကဲ့သို့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ ကျန်မားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်က နိုင်ငံပိုင်သတင်းစာမှာ ရှင်းပြထားပါတယ်။

အခုလိုအသုံးပြုနိုင်မယ့် App ကို သီးသန့်ထားရှိထားတဲ့နေရာတွေကို သွားရောက်ထည့်ပေးမယ့်အပြင်၊ လေဆိပ်၊ မြဝတီနယ်စပ်စစ်ဆေးရေးဂိတ်၊ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်ဂိတ်တွေမှာလည်း ထည့်ပေးမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံအတွင်း မြဝတီနယ်စပ်ဂိတ်က ပြန်ဝင်လာသူက လေးသောင်းကျော်အထိ ရှိနေပြီး သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေမှာ သီးသန့်ထားစောင့်ကြည့်မှုတွေကိုလည်း ပြုလုပ်နေကြ ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူက မတ်လ ၂၃ရက်နေ့ကနေ မတ်လ ၃၀ရက်ညပိုင်း အထိ တစ်ပတ်အတွင်းမှာဘဲ ၁၄ဦးအထိရှိနေပါပြီ။

တရားဝင်မှတ်ပုံတင်ထားတဲ့ သတင်းဌာန၊ အေဂျင်စီတွေကို ကိုယ်ပိုင်မိုဘိုင်းအင်တာနက်နဲ့ အသုံးပြုကြည့်ရှု့လို့မရတော့တာဖြစ်ပေမယ့် အချို့ ဝိုင်ဖိုင်အင်တာနက်နဲ့တော့ ဝင်ရောက်ကြည့်ရှု့နိုင်တာ ကိုဘီဘီစီက လက်တွေ့သိရှိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, တရားဝင်မှတ်ပုံတင်ထားတဲ့ သတင်းဌာန၊ အေဂျင်စီတွေကို ကိုယ်ပိုင်မိုဘိုင်းအင်တာနက်နဲ့ အသုံးပြုကြည့်ရှု့လို့မရတော့တာဖြစ်ပေမယ့် အချို့ ဝိုင်ဖိုင်အင်တာနက်နဲ့တော့ ဝင်ရောက်ကြည့်ရှု့နိုင်တာ ကိုဘီဘီစီက လက်တွေ့သိရှိရပါတယ်။

တရားဝင်သတင်းဌာနအချို့ဆိုဒ်တွေအပါအဝင် ဝက်ဆိုဒ်ပေါင်း ၂၂၁ ခုကို အစိုးရပိတ်ခိုင်း

ညစ်ညမ်းအကြောင်းအရာတွေ၊ ကလေးသူငယ်တွေအပေါ် လိင်အလွဲသုံးမှုနဲ့ သတင်းအမှားတွေပါတယ်ဆို ကာ ဝက်ဆိုဒ်ပေါင်း ၂၂၁ခုကို ပိတ်ပင်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို အစိုးရကညွှန်ကြားခဲ့ပါတယ်။

အဲဒီလိုညွှန်ကြားတဲ့အတွက် ဝက်ဆိုဒ်ပေါင်း ၂၂၁ခုကို တယ်လီနောအနေနဲ့ပိတ်ပင်ခဲ့ရတယ်လို့ မတ်လ ၃၀ရက်မှာ တယ်လီနောက ထုတ်ပြန်ပါတယ်။

အဲဒီညွှန်ကြားချက်အရ ပိတ်ပင်ခဲ့တဲ့ ဝက်ဆိုဒ် ၂၂၁ ခုမှာ VOM (Voice of Myanmar), DMG (Development Media Group)၊ Mandalay In-depth, Mekong New တို့အပါအဝင် တရားဝင် မှတ်ပုံတင်ထားတဲ့ သတင်းဌာန၊ သတင်းအေဂျင်စီ တို့လည်း ပါခဲ့ပါတယ်။

ပိတ်သိမ်းဖို့အတွက် ဆက်သွယ်ရေးကုမ္ပဏီ ၄ခုလုံးကို အစိုးရက မတ်လ ၁၉ရက်၊ ၂၀ရက်နဲ့ ၂၃ ရက်နေ့က တည်းက ညွှန်ကြားခဲ့ပြီး စုစုပေါင်း ဝက်ဆိုဒ် ၂၂၁ ခုကို ပိတ်ပင်ခိုင်းခဲ့တာဖြစ်ပါတယ်။

အထက်ဖော်ပြပါ တရားဝင်မှတ်ပုံတင်ထားတဲ့ သတင်းဌာန၊ အေဂျင်စီတွေကို ကိုယ်ပိုင်မိုဘိုင်းအင်တာနက်နဲ့ အသုံးပြုကြည့်ရှု့လို့မရတော့တာဖြစ်ပေမယ့် အချို့ ဝိုင်ဖိုင်အင်တာနက်နဲ့တော့ ဝင်ရောက်ကြည့်ရှု့နိုင်တာ ကိုဘီဘီစီက လက်တွေ့သိရှိရပါတယ်။

ဘီဘီစီအနေနဲ့လည်း အမ်ပီတီမိုဘိုင်းအင်တာနက်ကိုသုံးစွဲကာ သတင်းဌာနအချို့ ဝက်ဆိုဒ်စာမျက်နှာတွေ ကိုဖွင့်ကြည့်ခဲ့ပါတယ်။ အဲဒီထဲကမှ အထက်ပါသတင်းဌာန ဝက်ဆိုဒ်စာမျက်နှာတွေက မိုဘိုင်းဒေတာ အင်တာနက်အသုံးပြုကာ ဖွင့်လှစ်ကြည့်ရှု့လို့မရတာကိုလည်း သိခဲ့ရပါတယ်။

ဖြန့်ဝေပြီးသားဖြစ်နေတဲ့ တရုတ်လုပ် ဆေးရုံသုံး မျက်နှာဖုံးတွေကို ပြန်လည်သိမ်းယူခဲ့ရတယ်လို့ နယ်သာလန်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ သတင်းထုတ်ခဲ့ ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖြန့်ဝေပြီးသားဖြစ်နေတဲ့ တရုတ်လုပ် ဆေးရုံသုံး မျက်နှာဖုံးတွေကို ပြန်လည်သိမ်းယူခဲ့ရတယ်လို့ နယ်သာလန်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ သတင်းထုတ်ခဲ့ ပြန်ပါတယ်။

တရုတ်လုပ် ဗိုင်းရပ်စ်ကာကွယ်ကုသရေးပစ္စည်းတွေ အရည်သွေးမမှီလို ပြန်သိမ်းတာတွေရှိ

ဥရောပနိုင်ငံတွေက အစိုးရတွေကတော့ တရုတ်နိုင်ငံကလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေး ဆိုင်ရာ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲဖို့အတွက် ငြင်းပယ်နေကြပါတယ်။

ဗိုင်းရပ်စ်စစ်ဆေးရေးအတွက် အသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ဆေးရုံသုံးမျက်နှာဖုံးတွေဟာ အရည်အသွေးမမီတာ ကာကွယ်မှုမပေးနိုင်ဘူလို့၊ စပိန်၊ နယ်သာလန်နဲ့ တူရကီအာဏာပိုင်တွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

အခုလတ်တလောမှာတော့ ဥရောပနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရမှုက ထောင်သောင်း ချီပြီး တော့ကို ဖြစ်နေပါတယ်။

ပိုင်းရပ်စ်က ကပ်အသွင်ဖြစ်တဲ့အချိန်ကစပြီး အီတလီမှာဆိုရင်လည်း သေတဲ့သူက တသောင်းကျော်အထိ ကိုရှိနေပါပြီ။

တရုတ်နိုင်ငံကနေ ၂၀၁၉ခုနှစ်အကုန်ပိုင်းကစခဲ့တဲ့ ဒီဗိုင်းရပ်စ်ကြောင့် ကူးစက်ခံရတဲ့ နိုင်ငံတွေမှာ ဗိုင်းရပ်စ် တားဆီးနိုင်ရေးအတွက် ခရီးသွားလာမှုပိတ်ပင်မှုတွေအပြင် အခြားလူမှုရေးဆိုင်ရာ ခွဲခြားမှုတွေကို လုပ်ဆောင်နေရပါတယ်။

ဗိုင်းရပ်စ်ကာကွယ်ကုသရေးလုပ်နေတဲ့နေရာတွေအထိ ဖြန့်ဝေပြီးသားဖြစ်နေတဲ့ တရုတ်လုပ် ဆေးရုံသုံး မျက်နှာဖုံးတွေကို ပြန်လည်သိမ်းယူခဲ့ရတယ်လို့ နယ်သာလန်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ သတင်းထုတ်ခဲ့ ပြန်ပါတယ်။

ကုန်ပစ္စည်းဆိုင်ရာ ထောက်ခံချက်လက်မှတ်ရှိထားပေမယ့် တကယ်တမ်းအသုံးပြုတဲ့နေရာမှာတော့ ရောဂါပိုးကိုကာကွယ်နိုင်တဲ့ အရည်အသွေးမရှိတာကြောင့်လို အကြောင်းပြခဲ့ပါတယ်။

စပိန်နဲ့ တူရကီတို့မှာ အလားတူ ပြဿနာမျိုးတွေကို ရင်ဆိုင်ခဲ့ရတာမျိုးတွေရှိနေပါတယ်။