လူမျိုးရေးတိုက်ခိုက်ခံရတာကို အမ်ဘတ်ပေ ဘယ်လိုတုံ့ပြန်လဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ပြင်သစ် ရှေ့တန်းလူ ကီလျံ အမ်ဘတ်ပေရဲ့မျိုးရိုးဇာတိနဲ့ ပတ်သက်ပြီး လူမျိုးရေး အရ လှောင်ပြောင် ခဲ့သလို၊ အမ်ဘာပေရဲ့ ပညာရေး အပေါ်လည်း နှိမ့်ချ စော်ကားတဲ့ မှတ်ချက်တွေ ပြုလုပ်ခဲ့တဲ့ ပါရာဂွေး ဆီးနိတ် လွှတ်တော် အမျိုးသမီး အမတ်ဟာ အင်မတန် စက်ဆုပ်ဖွယ်ရာ ကောင်းပြီး၊ ရာထူးဌာနတ္တရနဲ့ မလျော်ညီသူ ဖြစ်တယ်လို့ အမ်ဘတ်ပေက တုန့်ပြန်ပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ နောက်ဆုံး ၁၆ သင်း အဆင့် ရှုံးထွက် ပြိုင်ပွဲမှာ ပါရာဂွေးအသင်းဟာ ပင်နယ်တီကနေ တဆင့် အမ်ဘတ်ပေ သွင်းယူတဲ့ ဂိုးကြောင့် ပြင်သစ်ကို ရှုံးခဲ့ပြီးတဲ့နောက် ပါရာဂွေးရဲ့ လစ်ဘရယ် ရာဒီကယ် ပါတီဝင် ဆီးနိတ်လွှတ်တော်အမတ် ဆီလက်စ် အမ္မရီလာ ဆိုသူဟာ အမ်ဘတ်ပေအပေါ် ပြောဆိုထားတဲ့မှတ်ချက် စကားတွေကို X(အရင်က တွစ်တာ) လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ပါရာဂွေးနဲ့ ပြင်သစ်ပွဲ မစခင်ကတည်းက ပါရာဂွေး ဂိုးသမားဟောင်း ဟိုဆေး လူဝစ် ချီလာဗတ် ဆိုသူကလည်း သူတို့ ပါရာ‌ဂွေးအသင်းဟာ အာဖရိက အသင်းနဲ့ ရင်ဆိုင်နေရပြီဆိုပြီး ပြောခဲ့ပါတယ်။

အဲဒီ သဘော အတိုင်းပဲ အမ်ဘတ်ပေရဲ့ မူလမျိုးရိုးကို ရည်ညွှန်းပြီး ပါရာဂွေး လွှတ်တော် အမတ် အမျိုးသမီးက ပါရာဂွေး ရှုံးအပြီးမှာ X ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အမ်ဘတ်ပေကတော့ သူ တုံ့ပြန်တဲ့ ပို့စ်ထဲ "ပြိုင်ပွဲတလျှောက် အားကစားနည်းအပေါ် ချစ်ခင် စုံမက်မှုအပြည့် လေးစား ဂုဏ်ယူမှုအပြည့်နဲ့ ချွေးနဲ့ သွေးနဲ့ရင်းပြီး ကစားခဲ့တဲ့ ပါရာဂွေးအသင်းကို ခင်ဗျားက ကိုယ်စားပြုသူ မဟုတ်ပေဘူး" ဆိုပြီး အမ်ဘတ်ပေက ဆိုထားပါတယ်။

ခင်ဗျားနိုင်ငံရဲ့အသင်း ဘယ်လောက် ကြိုးစားခဲ့ရတယ်၊ ဘာတွေအောင်မြင်နိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းဝင် အားထုတ်မှုတွေဟာ ခင်ဗျားရဲ့အဆင်ခြင်မဲ့ အရှက်မဲ့တဲ့ လူမျိုးရေး ခွဲခြားမှုကြောင့်သာ ကမ္ဘာကြီးက ‌မေ့ပျောက်တာကို ခံနေရပြီဖြစ်တယ်။ အရည်အချင်း မပြည့်မီတဲ့ခင်ဗျားလို အမျိုးသမီးကြောင့် ခင်ဗျားနိုင်ငံအတွက် အဆိုးဆုံးပုံရိပ် ဖြစ်လာစေခဲ့တယ်" လို့ အမ်ဘာပေက ရေးသားပါတယ်။

ဒါ့အပြင် အဲဒီလိုလူမျိုး တစ်ယောက်က အမုန်းတရားတွေကို ကမ္ဘာအနှံ့ လွတ်လွတ်လပ်လပ်ကြီး ဖြန့်ဝေနေတာမျိုးကို ကျွန်တော် ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း အမ်ဘတ်ပေက ဆိုထားပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ကလည်း အမ္မရီလာ ပြောဆိုခဲ့တာတွေဟာ အဆုံးစွန် အော့နှလုံး နာဖွယ်ရာတွေ ဖြစ်ပြီး ဘယ်လိုမှ လက်သင့်မခံနိုင်တာကြောင့် ရာဇဝတ်မှုပုဒ်မတွေနဲ့ အမှုဖွင့်နိုင်ဖို့ လုပ်မယ်ဆိုပြီး ကြေညာပါတယ်။

ပြင်သစ်လက်ရွေးစင် အသင်းထဲက ကစားသမားတွေဟာ ပြင်သစ်နိုင်ငံကို ကိုယ်စား ပြုထားတာ ဖြစ်ပြီး သူတို့ အပေါ် စော်ကားတာဟာ ပြင်သစ်ကို စော်ကားတာပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပါရာဂွေးအစိုးရကလည်း အမ္မရီလာ ပြောဆိုထားတာတွေဟာ ပါရာဂွေးနိုင်ငံကိုင်စွဲတဲ့ ငြိမ်းချမ်းစွာအတူယှဥ်တွဲ နေထိုင်ရေးမူတွေ၊ လူသား အားလုံးရဲ့လူ့ ဂုဏ်သိက္ခာအပေါ် လေးစားရေး စံတန်ဖိုးတွေနဲ့ ကွဲလွဲနေတဲ့အတွက် လုံးဝ သဘောမတူဘဲ အပြင်းထန်ဆုံး ပယ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

ပြင်သစ် ရှေ့တန်း အဓိက တိုက်စစ်မှူး အမ်ဘာပေ အပေါ် ပါရာဂွေး လွှတ်တော်အမတ် အမျိုးသမီး ပြောဆိုခဲ့တာတွေဟာ လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လူအများကြား အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့တဲ့ ဒုတိယမြောက် အငြင်းပွားဖွယ်ရာ ကိစ္စချင်းရာ ဖြစ်လာစေပါတယ်။

ဒီမတိုင်ခင်တုန်းကတော့ လူအများကြား ဝေဖန်စရာဖြစ်နေခဲ့တာကတော့ ပူးတွဲအိမ်ရှင် အမေရိကန်နိုင်ငံရဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့စွက်ဖက်မှု အကြောင်း ဖြစ်ပါတယ်။

အရင် ပွဲတုန်းက အနီကတ်ပြခံထားရတဲ့ အမေရိကန်ဘောလုံးအသင်း တိုက်စစ်မှူး ဖိုလာရင် ဘာလဂန်ကို ၁၆ သင်းအဆင့် ရှုံးထွက်ပွဲမှာ အပယ်မခံရဘဲ ဝင်ကစားနိုင်အောင် သမ္မတထရမ့်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ဥက္ကဋ္ဌဆီ ဖုန်းဆက်ခဲ့ပါတယ်။ ဖီဖာကလည်း ဘာလဂန်အပေါ် ပွဲပယ်တဲ့ပြစ်ဒဏ်ကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။

သမ္မတ ထရမ့်ဟာ အမေရိကန်တိုက်စစ်မှူးရဲ့ အနီကတ်ပြစ်ဒဏ်ကို ဖီဖာဥက္ကဋ္ဌဆီ ဖုန်းဆက်ခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက အစောပိုင်းမှာ သတင်းတင်ခဲ့ပြီး နောက်ပိုင်းမှာ ထရမ့် ကိုယ်တိုင်လည်း မီဒီယာတွေကို ဝန်ခံခဲ့ပါတယ်။

တဖက်မှာလည်း ဒီလိုပြောင်းလဲဆုံးဖြတ်ခဲ့တာမျိုးဟာ ဖီဖာသမိုင်းမှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒါပေမဲ့ ဘောလုံး ပြစ်ဒဏ်အတွက် ဖီဖာဥက္ကဋ္ဌကို ပြန်သုံးသပ်ဖို့ ထရမ့် တောင်းဆိုခဲ့တာဟာ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်တုန်းက ဘရာဇီး တောင်ပံကစားသမား ဂါရင်ချာဟာ ချီလီနဲ့ကန်တဲ့ အကြိုဗိုလ်လုပွဲမှာ ထုတ်ပယ်ခံခဲ့ရပေမဲ့ ဗိုလ်လုပွဲမှာ ပါဝင်ကစားဖို့ ပြန်လည်ဆုံးဖြတ်ခံခဲ့ရသလိုမျိုး ဖြစ်လာတာဖြစ်ပါတယ်။

ထရမ့်ကို ဖီဖာ ငြိမ်းချမ်းရေးဆု ပေးခဲ့တာနဲ့ပတ်သက်ပြီး အင်ဖာတီနိုကို စုံစမ်းစစ်ဆေးဖို့ ဖီဖာကျင့်ဝတ်ဌာနဟာ တိုက်တွန်းခံနေရပါတယ်။ နိုင်ငံရေးဘက်ယိမ်းမှု မရှိရဘူးဆိုတဲ့အချက်ကို ခြိမ်းခြောက်တယ်ဆိုတဲ့အချက်ကို ထောက်ပြပြီး စုံစမ်းဖို့ တိုက်တွန်းတာဖြစ်ပါတယ်။

ဖီဖာဟာ ဘောလုံးမှာ နိုင်ငံရေးဆက်နွှယ်မှုကို တားမြစ်ထားပါတယ်။

အခုတော့ အမေရိကန်အုပ်ချုပ်ရေးပိုင်းက ပါဝင်လာပြီဖြစ်လို့ ဖီဖာအတွက် နောက်ထပ် ဖြေရမယ့်မေးခွန်းတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ ဘယ်လ်ဂျီယံနဲ့ပွဲမှာတော့ အမေရိကန်အသင်း အသင်း ၄ ဂိုး ၁ ဂိုး နဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်သွားရပြီ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံကလည်း သမ္မတ ထရမ့်တစ်ယောက် အနီကတ်အပြခံရတဲ့ကစားသမားအတွက် ဖီဖာဥက္ကဋ္ဌဆီ ဖုန်းဆက်ပြောခဲ့တာကို ပွဲအပြီးမှာ လူမှုကွန်ရက်ကနေ သရော်စာရေးပါတယ်။

ဘယ်လ်ဂျီယံအသင်းက သူတို့ရဲ့လူမှုကွန်ရက်အင်စတာဂရမ်မှာ ''Overturn This'' ဒီရလဒ်ကိုလည်း ပြောင်းလိုက်ပါဦးလို့ ဆိုတဲ့အဓိပ္ပါယ်ရတဲ့စာနဲ့အတူ သူတို့ အောင်ပွဲခံဓာတ်ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

ကွင်းထဲမှာလည်း ပွဲအပြီး အောင်ပွဲခံချိန်တုန်းက အမေရိကန် ရွေးကောက်ပွဲကာလတုန်းက ထရမ့် ကခဲ့သလိုမျိုးပုံစံနဲ့ ဘယ်လ်ဂျီယံအသင်းသားတွေ ကခဲ့ကြပါသေးတယ်။

ဘယ်လ်ဂျီယံ အသင်းနည်းပြကတော့ အမေရိကန် အသင်းတိုက်စစ်မှူး ဘာလဂန်ဟာ ပွဲအပြီးမှာ သူ့ဆီ စကားလာပြောခဲ့ပြီး ''အပြစ်တင်ရမှာက သူမဟုတ်ဘူးဆိုတာကို ကျွန်တော်ပြောခဲ့တယ်'' လို့ နောက်ပိုင်းမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။