အိန္ဒိယတပ်လေယာဉ် ပျံသန်းနေတုန်း ပျောက်

Antonov AN-32

ဓာတ်ပုံ ရင်းမြစ်, Indian Air Force

ဓာတ်ပုံ ပုံစာ, အိန္ဒိယ တပ်က Antonov AN-32 လေယာဉ် တစီး
ရေးသားခဲ့သည်။

အိန္ဒိယ တောင်ပိုင်း ချင်နိုင်းမြို့ကနေ ကပ္ပလီကျွန်းကို သွားတဲ့ အိန္ဒိယ လေတပ်ပိုင် လေယာဉ်တစင်း ပျောက်ဆုံး နေတယ်လို့ အိန္ဒိယ စစ်ဘက်က ပြောပါတယ်။

အိန္ဒိယ တပ်က Antonov AN-32 အမျိုးအစား လေယာဉ်ပေါ် လူ ၂၉ ယောက် လိုက်ပါလာပြီး ဘင်္ဂလား ပင်လယ်အော်ပေါ် ပျံသန်းနေစဉ် ပျောက်ဆုံး သွားတာပါ။

၃ နာရီကြာ ပျံသန်းရမယ့် ခရီးစဉ် အတွင်း ရေဒါ ပေါ်က ပျောက်ဆုံး သွားတာ ဖြစ်ပါတယ်။

အိန္ဒိယ ရေတပ်၊ လေတပ်နဲ့ ကမ်းခြေစောင့် တပ်တွေ ပေါင်းပြီး ရှာဖွေရေးတွေ လုပ်နေပါတယ်။

ကပ္ပလီ ကျွန်းတွေဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပြီး အိန္ဒိယ အစိုးရက အရေးပါတဲ့ စစ်စခန်း တခု ထားရှိတဲ့ နေရာ ဖြစ်ပါတယ်။