ဒူဘိုင်းက ပျံလာတဲ့ ခရီးသည်တင်လေယာဉ် ရုရှားမှာ ပျက်ကျ

dubai_plane_russia_crash
ဓာတ်ပုံ ပုံစာ, ဒုတိယ အကြိမ် မြောက် ဆင်းသက် ဖို့ ကြိုးစားတုန်း လေယာဉ် ပြေးလမ်း နဲ့ ရိုက်မိပြီး မီးလောင် ပေါက်ကွဲ သွားတာ ဖြစ်။
ရေးသားခဲ့သည်။

ဒူဘိုင်း မြို့က ပျံသန်းလာတဲ့ ဘိုရင်း ဆဲဗင်း သရီး ဆဲဗင်း အမျိုးအစား ခရီးသည်တင် လေယာဉ် ဟာ ရုရှား နိုင်ငံ တောင်ပိုင်း ရော့စ်တော့ဗ် မြို့မှာ ဆင်းသက်ဖို့ ကြိုးစားရင်း ပျက်ကျ ခဲ့လို့ လေယာဉ် ပေါ် ပါလာတဲ့ လူ ၆၂ ယောက် စလုံး သေဆုံး သွားပါတယ်။

ပျက်ကျရတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရ သေးပေမယ့် ရာသီဥတုကြောင့် မြင်ကွင်း မရှင်းလင်းတဲ့ အပြင် လေလည်း အင်မတန် ပြင်းထန် နေတယ်လို့ ဆိုပါတယ်။

လေယာဉ် ဟာ ဒုတိယ အကြိမ် မြောက် ဆင်းသက် ဖို့ ကြိုးစားတုန်း လေယာဉ် ပြေးလမ်း နဲ့ ရိုက်မိပြီး မီးလောင် ပေါက်ကွဲ သွားတာ ဖြစ်ပါတယ်။

လေယာဉ် ပျံသန်းမှု အသံသွင်း မှတ်တမ်း ကိရိယာ တွေ ကို စုံစမ်းရေး သမားတွေ တွေ့ရှိ ထားပါတယ်။