ဂျက်စကီးမှောက်လို့ ၁၆ နာရီပင်လယ်ထဲနေခဲ့ရတဲ့ မိသားစုကို ကယ်
ဂျက်စကီးမှောက်လို့ ၁၆ နာရီပင်လယ်ထဲနေခဲ့ရတဲ့ မိသားစုကို ကယ်
ရေးသားခဲ့သည်။
ထိုင်းမှာ ဂျက်စကီးငှားပြီး ပင်လယ်ထဲထွက်စီးရင်း ပြန်မရောက်လာတဲ့ ပြင်သစ်မိသားစုကို ကယ်ဆယ်ခဲ့ရပုံပါ။ အသက် ၅၀ အရွယ် ဖခင်၊ ငါးနှစ်နဲ့ ခုနစ်နှစ်ရှိတဲ့သားနှစ်ယောက်တို့ ကို ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်ရှာပြီးတွေ့ချိန်မှာ သူတို့ နွမ်းလျကြောက်ရွံ့နေခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ပင်လယ်ဆားငံရေတွေလည်း အများကြီးသောက်ထားမိကြတယ်လို့ ဆိုပါတယ်။ သူတို့ကို ဆေးရုံကိုပို့ခဲ့ပြီး အခုတော့ ပြန်ဆင်းသွားကြပါပြီ။ •
#ဘီဘီစီမြန်မာပိုင်း #ထိုင်း



