ဘင်္ဂလားဒေ့ရှ် တိုက်ခိုက်မှု ဓါးစာခံ ၂၀ သေဆုံး

ရေးသားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ မြို့က သေနတ်သမားတွေ စီးနင်း ထားတဲ့ စားသောက်ဆိုင် ကို စစ်တပ် က ဝင်ရောက် ရှင်းလင်း ခဲ့ရာမှာ ဖမ်းဆီးခံ ထားရတဲ့ ဓါးစာခံ လူ ၂၀ သေဆုံး ခဲ့ရကြောင်း တာဝန် ရှိသူက ပြောပါတယ်။
သေနတ် သမား ခြောက် ယောက်ကိုလည်း အသေပစ်ခတ် ဖမ်းဆီး ရမိခဲ့ပြီး နောက်ထပ် ဓါးစားခံ ၁၃ ယောက်ကို တော့ ကယ်တင် နိုင်ခဲ့တယ်လို့ စစ်တပ် တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။
မနေ့က ဖြစ်ပွား ခဲ့တဲ့ ဒါကာ မြို့က စီးနင်း တိုက်ခိုက်မှုတွေ ကို သူတို့ လုပ်တာ ဖြစ်ကြောင်း IS အဖွဲ့ က ထုတ်ဖော် ပြောကြားပါတယ်။
စားသောက်ဆိုင် အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သံသယ ရှိသူ အတော်များများ ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ က အကြမ်းဖက် တိုက်ခိုက်မှုကို အမြစ်ပြတ် ချေမှုန်း သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။




