တောမီး အလောင်ခံခဲ့တဲ့ စက္ကူကုမ္ပဏီတွေကို အင်ဒိုနီးရှား အရေးယူ

_haze_

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မီးကို တမင် မငြိမ်းသတ်ပဲ ထားခဲ သလား ဆိုတာ စုံစမ်း စစ်ဆေး ခံနေရတဲ့ တခြား ကုမ္ပဏီ တွေလည်း ရှိတယ်။
ရေးသားခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံမှာ အခုနှစ် အစောပိုင်းက အသက်ရှု မရလောက်အောင် မွန်းကြပ် စေခဲ့တဲ့ မီးခိုးမြူ တွေ ဖြစ်ပေါ် စေခဲ့ မှု နဲ့ စက္ကူ ပျော့ဖတ်နဲ့ စက္ကူ ထုတ်လုပ်တဲ့ ကုမ္ပဏီ ၅၀ ကျော်ကို အင်ဒိုနီးရှား အစိုးရ က ရာဇဝတ်မှု ပုဒ်မ တပ်ပြီး အရေးယူ လိုက်ပါတယ်။

တောရှင်းဖို့ အတွက် တမင် မီးအလောင် ခံခဲ့ကြောင်း ပေါ်လွင်ရင် လုပ်ငန်းလိုင်စင် ရုတ်သိမ်းတာမျိုး အင်ဒိုနီးရှားမှာ ပထမဆုံး အကြိမ် လုပ်ဆောင် လာနိုင်ပါတယ်။

ကိုယ့် လုပ်ငန်းကွက် ထဲ ရောက်လာတဲ့ မီးကို တမင် မငြိမ်းသတ်ပဲ ထားခဲ သလား ဆိုတာ စုံစမ်း စစ်ဆေး ခံနေရတဲ့ တခြား ကုမ္ပဏီ တွေလည်း ရှိတယ် ဆိုပြီး အင်ဒိုနီးရှား သစ်တော ဝန်ကြီး စီတီ နူရ်ဘာယာ က ပြောပါတယ်။

အင်ဒိုနီးရှား တောမီးကြောင့် အရှေ့တောင်အာရှ က တခြား အိမ်နီးချင်း နိုင်ငံတွေ မှာပါ လ အတန်ကြာ အောင် မီးခိုးမြူ တွေ အုံ့ဆိုင်း ခဲ့ရ ပါတယ်။