အမေရိကန် ကွန်ဂရက်မှာ ပုပ်ရဟန်းမင်း မိန့်ခွန်းပြော

လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေးမှာ ပုပ်ရဟန်းမင်း မိန့်ခွန်းပြော။

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေးမှာ ပုပ်ရဟန်းမင်း မိန့်ခွန်းပြော။
ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်ဟာ ဒီကနေ့ ကြသပတေးနေ့မှာ ဥပဒေပြု အမတ် ၅၀၀ ကျော် ပါဝင်တဲ့ ကွန်ဂရက် လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေးမှာ မိန့်ခွန်း ပြောခဲ့တဲ့အတွက် ကွန်ဂရက် လွှတ်တော်မှာ ပထမဆုံး မိန့်ခွန်းပြောတဲ့ ပုပ်ရဟန်းမင်း ဖြစ်လာပါတယ်။

အမေရိကန် ကွန်ဂရက် အဆောက်အအုံကို ရောက်ရှိ လာတဲ့ ပုပ်ရဟန်းမင်းကို ကက်သလစ် ဘာသာဝင် ဖြစ်တဲ့ အောက်လွှတ်တော် စပီကာ John Boehner က ခရီးဦးကြို ပြုခဲ့ပါတယ်။

ပုပ်ရဟန်းမင်းရဲ့ မိန့်ခွန်းထဲမှာ သေဒဏ် ချမှတ်မှု၊ ကိုယ်ဝန် ဖျက်ချမှုတွေကို ဆန့်ကျင် ပြောဆို ခဲ့ပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်း ဝင်ရောက်သူတွေကို လက်ခံ ကြိုဆိုဖို့ ကိစ္စကိုလည်း အလေးအနက် ပြောဆို သွားပါတယ်။

ပုပ်ရဟန်းမင်းဟာ ကျူးဘား နိုင်ငံကို ပထမဆုံး သွားရောက် ခဲ့ပြီးနောက် အင်္ဂါနေ့မှာ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာတာ ဖြစ်ပါတယ်။