ကျူးဘားခေါင်းဆောင်ဟောင်းကို ပုပ်ရဟန်းမင်းကြီး သွားတွေ့

ကျူးဘား ခေါင်းဆောင်ဟောင်း ဖီဒယ် ကပ်စထရို ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြို့တော် ဟာဗာနား နေအိမ်မှာ သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။
တွေ့ဆုံမှုဟာ မိနစ် ၄၀ ကြာမြင့် ခဲ့ပြီး လက်ဆောင်တွေ အပြန်အလှန် လဲလှယ် ခဲ့ကြကာ ကမ္ဘာ့ရေးရာ တွေ နဲ့ ဘာသာရေး အကြောင်း ဆွေးနွေးတာ မျိုးတွေ လုပ်ခဲ့တယ် လို့ ဗာတီကန် ဘက်က ထုတ်ပြန် ပါတယ်။
ခေါင်းဆောင်ကြီး ကပ်စထရို ဟာ ကက်သလစ် ခရစ်ယာန် တစ်ယောက် အဖြစ် ကြီးပျင်း လာခဲ့ပေမယ့် ၁၉၆၀ ပြည့်ကျော် နှစ် တွေ အတွင်း သူဦးဆောင် တဲ့ ကွန်မြူးနစ် အစိုးရ က ကျူးဘား နိုင်ငံမှာ ဘာသာရေး အပေါ် ကန့်သတ် တင်းကြပ်မှု တွေ ပြုလုပ် ခဲ့တဲ့နောက် ရောမ ကက်သလစ် ကျောင်းတော် ဘက်ကလည်း ဖီဒယ် ကပ်စထရို ကို ကျောင်းတော် ဂိုဏ်းဝင် အဖြစ်ကနေ ပလပ် ထားခဲ့ပါတယ်။
ကျူးဘား နိုင်ငံမှာ ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က အစောပိုင်းတုန်းက ဟာဗားနား မြို့တော် တော်လှန်ရေး ရင်ပြင် မှာ သိန်းနဲ့ချီတဲ့ တရားနာ လူထု ပရိသတ် ကြီးနဲ့ အတူ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။




