နီပေါမှာ ပိတ်မိပြီး နောက်ထပ်ရှင်သူ မရှိနိုင်

ဓာတ်ပုံ ရင်းမြစ်, EPA
ရေးသားခဲ့သည်။
နီပေါနိုင်ငံမှာ ငလျင်ကြောင့် ပိတ်မိပြီး နောက်ထပ် အသက်ရှင်ကျန်ရစ်သူ မရှိနိုင်တော့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လောလောဆယ် ခုချိန်ထိ သေဆုံးသူ ၆၆၀၀ ကျော်သွားပြီလို့ နီပေါ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက အတည်ပြု ပြောဆိုပါတယ်။
ခုချိန်ထိ လူ ၁၄၀၀၀ လောက် ဒဏ်ရာရခဲ့ကြပြီး နောက်ထပ် လူအများအပြားလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
မြို့ပြနဲ့ ဝေးလံတဲ့တချို့နေရာတွေက ထိခိုက်သေဆုံးမှုတွေကိုလည်း စုံစမ်းနေဆဲပဲ ရှိပါသေးတယ်။
မြို့တော် ခတ္တမန်ဒူအနီး ရွာတစ်ရွာကနေ ဘီဘီစီသတင်းထောက် ပြောရာမှာတော့ အကူအညီတွေဟာ မြို့တော်ထဲမှာပဲ ရှိသေးပြီး နယ်တွေထိ ရောက်ဖို့ အခက်အခဲတွေ ရှိနေတယ်၊ လူတွေဟာ အကူအညီနည်းနည်းပဲ ရသေးတယ်လို့ သတင်းပေးပို့ထားပါတယ်။




