ရောမမြို့မှာ လက်ျာပါတီ ချီတက် ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, AP
အီတလီ နိုင်ငံ ရဲ့ လက်ျာ ပါတီတစ်ခု ဖြစ်တဲ့ Northern League ကို ထောက်ခံသူ တွေ ထောင်နဲ့ ချီပြီး ရောမ မြို့တော် ကို ရောက်လာ ကြကာ တိုင်းပြည်တွင်း လူဝင်မှု ဆိုင်ရာ ကိစ္စ အပေါ် အစိုးရ ကိုင်တွယ် ပုံ နဲ့ ပတ်သက်ပြီး ဆန့်ကျင် ကန့်ကွက် ခဲ့ကြ ပါတယ်။
အီတလီ အစိုးရ ဟာ တိုင်းပြည် ကို ဥရောပ သမဂ္ဂ ဆီကို ရောင်းစား နေတယ် ဆိုပြီး ရဲ့ ခေါင်းဆောင် မက်တေးယိုး ဆာလ်ဗီးနီး က စွပ်စွဲ လိုက်ပါတယ်။
ဥရောပ ခေါင်းဆောင် တွေ တွေ့ဆုံ ကြတဲ့ ဘရပ်ဆဲ မြို့ အစည်း အဝေး တွေ မှာ ဆိုရင် အီတလီ ဝန်ကြီးချုပ် မက်တေးရိုး ရဲန်ဇီ ဟာ ဘာ ဩဇာ မှ မရှိတဲ့ သူများ ခိုင်းဖတ် တစ်ယောက် မျှ သာ ဖြစ်တယ် ဆိုပြီး တော့လည်း မစ္စတာ ဆာလ်ဗီးနီး က ဝေဖန် ခဲ့ပါတယ်။
အီတလီ နိုင်ငံ မှာ အစိုးရ ရဲ့ အသုံးစရိတ် ဖြတ်တောက် လျှော့ချ မှုတွေ နဲ့ လူဝင်မှု ဆိုင်ရာ မူဝါဒ တွေ အပေါ် ဝေဖန် ထိုး နှက် နေတဲ့ Northern League ပါတီ ဟာ လူတွေ ရဲ့ ထောက်ခံမှု ရရှိ လာနေပါတယ်။
ဒါပေမယ့် လူထု သဘောထား စစ်တမ်းတွေ အရတော့ လက်ရှိ ဝန်ကြီးချုပ် ရဲ့ ဗဟိုလက်ဝဲ ဒီမိုခရက်တစ် ပါတီ က ဦးဆောင် နေဆဲ ပဲ ဖြစ်ပါတယ်။




