ရှာလီ မဂ္ဂဇင်းကို တိုက်ခိုက် ခဲ့သူတွေထဲက တစ်ဦးကို သင်္ဂြိုဟ်

ဓာတ်ပုံ ရင်းမြစ်, AP
ပြင်သစ် နိုင်ငံ အတွင်း လူ ၁၇ ဦး သေဆုံး ခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက် မှုကို ကျူးလွန် ခဲ့သူ တွေထဲက တစ်ဦး ဖြစ်တဲ့ ဆာအိဒ် ကွာရှီ ကို ရီးမ်စ် မြို့မှာ မြေမြှုပ် သင်္ဂြိုဟ်ခဲ့ပြီ ဖြစ်ပါ တယ်။
ရီးမ်စ် မြိုတော်ဝန် ကတော့ သူ့အနေနဲ့ ဥပဒေကြောင်း အရသာ လက်မခံ လို့ မရတဲ့ အတွက်သာ လက်ခံ လိုက်ရ ပေမယ့် ဆာအိဒ် ကွာရှီ ရဲ့ မြေပုံနေရာ ဟာ အစ္စလာမ်မစ် အစွန်းရောက် တွေ အတွက် သူရဲကောင်း ဗိမ္မာန် သဖွယ် ဖြစ်လာ မှာကို စိုးရိမ်တယ် ဆိုပြီး ပြောပါတယ် ။
ဒါပေမယ့် ဆာအိဒ် ကွာရှီ ကို ဘယ်နေရာ မှာ မြှုပ် သလဲ ဆိုတာကို ထုတ်ဖော် ကြေညာခြင်း မရှိတဲ့ အပြင် မြေပုံ အမှတ် အသား မပြုလုပ်ပဲ မြေမြှုပ် ခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ အစောင့်အရှောက် အများအပြား ချထားတဲ့ အသုဘ အခမ်းအနားကို မိသားစုဝင် အနည်းငယ် နဲ့သာ ပြုလုပ် ခဲ့ပါတယ်။
ရှာလီအက်ဘ်ဒို မဂ္ဂဇင်း တိုက်ကို အတူ တိုက်ခိုက်ခဲ့တဲ့ နောက် ညီအစ်ကို တော်စပ်သူ ရှာရိဗ် ကွာရှီကိုတော့ ပါရီ မြို့ပြင် က ဂျဲန်ဗီရေး အရပ် မှာ မြေမြှုပ် သင်္ဂြိုဟ်ပါလိမ့်မယ်။




