အီတလီ ကမ်းလွန်မှာ တိုးမြှင့် ကင်းလှည့်

အီတလီက သေဆုံးသူတွေအတွက် နိုင်ငံတော် စျာပန ပြုလုပ်ပေးခဲ့
ဓာတ်ပုံ ပုံစာ, အီတလီက သေဆုံးသူတွေအတွက် နိုင်ငံတော် စျာပန ပြုလုပ်ပေးခဲ့
ရေးသားခဲ့သည်။

အာဖရိကမြောက်ပိုင်းက ရွှေ့ပြောင်း ဝင်ရောက် လာသူတွေရဲ့ စက်လှေ မြေထဲပင်လယ် တောင်ပိုင်းမှာ နစ်မြုပ်ခဲ့လို့ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပြီးနောက် အီတလီ ရေတပ်ဟာ ကင်းလှည့်မှုတွေကို သုံးဆတိုး ဆောင်ရွက် နေပါတယ်။

ဝေဟင်ကနေ လေယာဉ်တွေနဲ့ ကင်းလှည့်မှုတွေ ကိုလည်း တို့းချဲ့ ဆောင်ရွက်နေပါတယ်။

အခုလို ဆောင်ရွက်မှုတွေကို စစ္စလီကျွန်း၊ မော်လ်တာနိုင်ငံနဲ့ လစ်ဗျား ကမ်းခြေ အကြားက ကမ်းလွန် ပင်လယ်ပြင် နေရာတွေမှာ ပြုလုပ် နေတာ ဖြစ်ပါတယ်။

အဲဒီ ပင်လယ်ပြင် တဝိုက်မှာ အခုလထဲ ရွှေ့ပြောင်းလာသူတွေရဲ့ စက်လှေ ၂ စီး နှစ်မြှုပ်ခဲ့လို့ လူရာနဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

လူပေါင်း ၁၃၇ ဦး တင်ဆောင်လာတဲ့ နောက်ထပ် စက်လှေတစ်စီးကတော့ လမ်ပီဒူဇာကျွန်းကို အန္တရာယ်ကင်းစွာ ရောက်ရှိခဲ့ပါတယ်။

အီတလီနဲ့ မော်လ်တာ နိုင်ငံတို့ကတော့ အီးယူနိုင်ငံတွေဆီက အကူအညီရဖို့ ရှေ့လ ကျင်းပမယ့် အီးယူ အစည်းအဝေးမှာ ဖိအားပေးသွားမယ်လို့ ပြောပါတယ်။