ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထားဝယ်၊တောင်ပျောက်တိုက်နယ်တိုက်ပွဲအပြီး ရွာလုံးကျွတ် တိမ်းရှောင်နေကြရ

  2. စိတ်ကျန်းမာရေးချို့တဲ့သူညီမထံ ရိက္ခာပြန်ပို့တဲ့ ထန်တလန်ဒေသခံပစ်ခတ်ခံရ

  3. ဖေ့စ်ဘွတ်ခ်က ဒီမိုကရေစီကို အားနည်းစေတယ်လို့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီဝန်ထမ်းဟောင်းပြော

  4. မကွေးတိုင်းအတွင်းက ကျေးရွာတချို့ ထပ်မံမီးရှို့ဖျက်ဆီးခံရ

  5. ဖိုင်ဇာ ကိုဗစ်ကာကွယ်‌ဆေး ၄ သန်းကျော် မြန်မာနိုင်ငံက ရဖို့ရှိ

  6. စစ်ဘေးရှောင်တွေ အတွက် အခက်အခဲဆုံး အခြေအနေ ၄ မျိုး

  7. ပန်ဒိုရာစာတမ်းကနေ ဖောက်ချလိုက်တာတွေက ဘာတွေလဲ

  8. ပုဂံ ခရီးသွားလုပ်ငန်း ဘယ်လိုအခြေအနေရှိလဲ

  9. စစ်ကောင်စီ ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်နေကြ

  10. ကလေး - ဂန့်ဂေါလမ်းမကြီးဘေးက ဒေသတွေမှာ တိုက်ခိုက် မီးရှို့မှုတွေဖြစ်

  11. ဦးညီပုကို စွဲဆိုထားတဲ့ ၅၀၅(ခ)အမှုကို လာမယ့်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ရှိ

  12. ပုလဲမြို့နယ်ထဲမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်

  13. အဂတိမှုအတွက် တရားလို သက်သေထွက်ဆိုချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

  14. အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ စစ်ကောင်စီဥက္ကဋ္ဌကို ပါခွင့် မပေးတာမျိုးထိ ဖိအားတွေ ပေးလာနိုင်လား

  15. ၂၁ရာစု စစ်အာဏာသိမ်းမှုနဲ့ အညာဒေသက တော်လှန်မှု

  16. မြန်မာပြည် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ကလေးသူငယ် ၇၆၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရ, စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ တောတောင်တွေထဲ မီးဖွားကြရ။

    မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှု နောက်ပိုင်း ပေါ်ပေါက်လာတဲ့ အကြမ်းဖက် ဖြစ်ရပ်တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေထဲမှာ ကလေးသူငယ် ဦးရေ ခွန်နှစ်သောင်း ခြောက်ထောင်ကျော် ပါဝင်နေတယ်လို့ ယူကေနိုင်ငံ အခြေစိုက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ ပရဟိတ ရံပုံငွေ အဖွဲ့ Save the Children အဖွဲ့က ပြောပါတယ်။

    ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံ နေရာဒေသတချို့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့ပြီး ကလေးသူငယ်တွေ အပါအဝင် အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတာ ဖြစ်ပါတယ်။ အဲဒီလို ထွက်ပြေးကြရတဲ့ ကလေးသူငယ်တွေဟာ တောတွေတောင်တွေ အစပ် ဖြစ်သလို စီမံထားရတဲ့ နေရာထိုင်ခင်းမျိုးတွေမှာ နေကြရတာ ဖြစ်တယ်လို့ Save the Children အဖွဲ့က ဆိုပါတယ်။

    သည်းထန်လှတဲ့ မုတ်သုံရာသီမိုးတွေကို အံတုကာကွယ်ဖို့ရာ တာပေါ်လင် မိုးကာစတွေကို တောထဲကရတဲ့ ဝါးတွေနဲ့ ချည်နှောင် ဖန်တီးထားရတဲ့ ယာယီတဲမျိုးတွေကအပ တခြား လုံခြုံတဲ့ နေရာထိုင်ခင်းမျိုး မရှိကြဘူးလို့လည်း အဲဒီ ပရဟိတ အဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောဆိုနေပါတယ်။

    ဒါ့အပြင် စားနပ်ရိက္ခာပိုင်းကို ကြည့်မယ် ဆိုရင်လည်း စစ်ဘေးရှောင် မိသားစု တော်တော်များများဟာ တစ်နေ့မှ တစ်နပ်တည်းကို ခြိုးခြိုးခြံခြံနဲ့ မိသားစုထဲ မျှဝေ စားသောက် နေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအနှံ့ ထွက်ပြေးကြရသူ လူပေါင်း နှစ်သိန်းခြောက်ထောင် ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။

    ဆက်လက် ပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေ၊ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်မှု အပေါ် ကန့်သတ်ချက်တွေကြောင့်စစ်ဘေးရှောင်တွေ ရှိရာ နေရာအများစုဆီကို ထောက်ပံ့ကူညီရေး အဖွဲ့တွေမှ လာရောက်နိုင်ခြင်း မရှိ ဖြစ်နေရတယ်လို့လည်း Save the Children အဖွဲ့က ပြောပါတယ်။

    အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ အခု ချက်ခြင်း မလုပ်နိုင်ဘူး ဆိုရင် ထောင်ပေါင်းများစွာသော ကလေးသူငယ်တွေ အစာရေစာ ပြတ်လပ်ပြီး ငတ်မွတ်တဲ့ဒဏ် ဆိုးဆိုးရွားရွား ကြုံလာလိမ့်မယ်လို့လည်း သတိပေးနေပါတယ်။

  17. ဆီဈေးထပ်တက်လာရင် ရခိုင်ကကုန်စည်ပို့ဆောင်ရေးယာဥ်လိုင်းတွေ ရပ်နားရဖို့ရှိ

  18. ဦးဖြိုးမင်းသိန်းအတွက် အခက်ခဲဆုံး နေ့တစ်နေ့

  19. ကိုဗစ်ရောဂါ ပြင်းထန်မှုကို လျှော့ချနိုင်တဲ့ ကုသဆေးထွက်လာ

  20. ဖိလစ်ပိုင် သမ္မတ ဒူတာတေး နိုင်ငံရေးက အနားယူတော့မယ်လို့ ကြေညာ