ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သမ္မတ ရာထူးက ဆင်းပေးဖို့ စစ်တပ်က ခြိမ်းခြောက်ခဲ့တယ်လို့ သမ္မတ ဦးဝင်းမြင့်ထွက်ဆို

  2. စစ်တပ်အရာရှိကြီး နှစ်ဦးရုံးထဲ ဝင်လာပြီး နုတ်ထွက်ခိုင်း - သမ္မတ ဦးဝင်းမြင့်

  3. ကိုဗစ်ကူးစက်မှု အန္တရာယ်နည်းတဲ့ နိုင်ငံ ၁၀ နိုင်ငံက ခရီးသွားတွေကို ထိုင်းနိုင်ငံထဲ လာခွင့်ပြုတော့မယ်

  4. မြန်မာပြည်တွင်းစစ်နဲ့ ယှဉ်တွဲ ပေါ်ပေါက်လာတဲ့ မူးယစ်ဆေး ပြဿနာ

    မြန်မာပြည်ထဲ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ မငြိမ်သက်မှုတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ လူတွေ အလုံးအရင်းနဲ့ ထွက်ပြေး တိမ်းရှောင် လာခဲ့ကြတဲ့ ဒုက္ခသည် ပြဿနာနဲ့ ရင်ဆိုင် နေရချိန်မှာ၊ မူးယစ်ဆေး ကုန်သွယ်မှု ပြဿနာလည်း ကြီးထွားလာတာ တွေ့ရတယ်လို့ မီဇိုရမ် အာဏာပိုင်တွေက ပြောနေပါတယ်။

    မြန်မာဘက်ခြမ်းမှာ စစ်ရေး ပဋိပက္ခတွေ အပေါ် အဓိက အာရုံစိုက် နေတာကြောင့် နယ်စပ်အဝင် အထွက်တွေ အပါအဝင် မူးယစ်မှောင်ခို လမ်းကြောင်းတွေ အပေါ် ထိန်းချုပ် ကိုင်တွင်မှု မရှိ ဖြစ်နေတယ်လို့လည်း မီဇိုရမ် ပြည်နယ် အခွန်နဲ့ မူးယစ်ဆိုင်ရာ ဌာနက တာဝန်ရှိသူတွေက ထောက်ပြကြပါတယ်။

    အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာကြား မိုင် ၂၅၀ ကျော် နယ်စပ်ခြင်း ထိစပ်နေပြီး၊ တရားမဝင် ဝင်ပေါက် ထွက်ပေါက် နေရာတွေ အများအပြား ရှိနိုင်တယ်လို့ ဆိုပါတယ်။

    အခုဆိုရင် မီဇိုရမ်ဘက်မှာ ဘိန်းဖြူစျေး သိသိသာသာ ထိုးဆင်းသွားပြီး၊ အရင် ကိုဗစ် အဆိုးအရွားဆုံး အချိန် နယ်စပ်တွေ တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့စဥ် တုန်းက ၁၃ ဂရမ် အလေးချိန် တစ်ထုတ်ကို ရူပီး ၈ သောင်း (ဒေါ်လာ တစ်ထောင်စွန်းစွန်း) အထိ စျေးပေါက်ခဲ့ရာက အခု ရူပီး ၃ သောင်း လောက်အထိ ခေါက်ချိုးမက စျေးကျ သွားတယ်လို့ မီဇိုရမ်မြို့တော် အိုင်ဇောမှာ ရှိတဲ့ မူးယစ် အရာရှိတွေက ဆိုပါတယ်။

    မီဇိုရမ်ဟာ မူးယစ်မှောင်ခိုမှု ဖြတ်သန်းသွားရာ အဓိက လမ်းကြောင်း အဖြစ် ရှိနေဆဲ ဖြစ်တယ် ဆိုတာကို ပြည်နယ် တာဝန်ရှိသူတွေက ဝန်ခံကြပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ မဏိပူရ၊ အာသံနဲ့ တြီပူရ တို့ကို ဖြတ်ပြီး အနောက်နိုင်ငံတွေ အထိ ဘိန်းဖြူ နဲ့ မက်သာဖက်တမင်း စိတ်ကြွရူးသွပ် ဆေးပြားတို့လို မူးယစ်ဆေးတွေ ဝင်နေတဲ့ လမ်းကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

  5. ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ ကိုယ်တိုင်သက်သေထွက်

  6. စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်

  7. တာလီဘန် အရိပ်ထိုးခံရလို့ မြန်မာအရေး ဦးစားပေးခံရမှု လျော့နည်းသွား

  8. စစ်ကိုင်း ရွှေဘို မြောင် တို့မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်

  9. တောင်ကိုရီးယားစစ်တပ်ရဲ့ အမှောင်ခြမ်းကို ဇာတ်လမ်းတွဲတခုက ဖော်ထုတ်

  10. “ပါကစ္စတန်ရဲ့ နျူကလီးယားဗုံး ဖခင်ကြီး” ဆိုတဲ့ သိပ္ပံပညာရှင် ကွယ်လွန်

  11. ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ပြီး ပါတီတချို့နဲ့ တွေ့ဆုံပွဲမှာ စစ်တပ်က PR စနစ်အကြောင်း ရှင်းပြ

  12. သတင်းထောက်တွေဖမ်း၊ သတင်းတိုက်တချို့ ပိတ်ခံရတဲ့ မြန်မာ့သတင်းလွတ်လပ်ခွင့် ဘယ်အခြေဆိုက်နေလဲ

  13. မြန်မာနိုင်ငံအတွက် အာဆီယံက ဒေါ်လာ ၁၀ သန်း ကယ်ဆယ်ရေး အကူအညီပေးမယ်

    အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ကယ်ဆယ်ရေး အကူအညီနဲ့ ဆေးဝါး အထောက်အပံ့ ပေးဖို့ အာဆီယံက အဖွဲ့ဝင်နိုင်ငံတွေထံကနေ ဒေါ်လာ ၁၀ သန်း ကောက်ခံရထားပြီး ဖြစ်ပြီး လာမယ့် ၂ လတာကာလအတွင်း ကယ်ဆယ်ရေး အထောက်အပံ့တွေကို အသုတ်လိုက် ပို့ပေးမယ်လို့ မျှော်လင့်ရပါတယ်။

    ဒေါ်လာ ၁ ဒဿမ ၁ သန်းဘိုး ကယ်ဆယ်ရေး အထောက်အပံ့ ပထမအသုတ်ကို စက်တင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ထံ ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဒါတို လင်မ် ဂျော့ခ် ဟွိုင် က သောကြာနေ့က ပြောပါတယ်။

    အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တူရကီနဲ့ နိုင်ငံတကာ တီမာဆက်ခ် ဖောင်ဒေးရှင်းအဖွဲ့တို့ လှူဒါန်းခဲ့တဲ့ အဲဒီ ပထမအသုတ် ကယ်ဆယ်ရေး အထောက်အပံ့တွေကို မြန်မာနိုင်ငံတွင်း ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေးတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

    ဒုတိယအသုတ်ကို အောက်တိုဘာလ နှောင်းပိုင်းမှာ ပို့ပေးဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေ စလုပ်နေပြီ ဖြစ်ပြီး တတိယအသုတ်ကိုတော့ နိုဝင်ဘာလမှာ ပို့ပေးမယ်လို့ သူက ပြောပါတယ်။

    မြန်မာနိုင်ငံအတွက် ကယ်ဆယ်ရေး အကူအညီ ဒေါ်လာ ၈ သန်း စုပေါင်း ထည့်ဝင်ကြဖို့ သြဂုတ်လ ၁၈ ရက်နေ့က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာ စုစုပေါင်း အလှူငွေ ဒေါ်လာ ၁၀ သန်း ကောက်ခံရခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒေါ်လာ ၁၀ သန်းဘိုး အထောက်အပံ့ထဲမှာ ငွေသားနဲ့အတူ ကိုဗစ်ကာကွယ်ဆေးတွေ အပါအဝင် ဆေးဝါးစက်ပစ္စည်းတွေနဲ့ အထောက်အပံ့တွေ ပါဝင်ပါတယ်။

    အာဆီယံရဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေကို ကြက်ခြေနီအဖွဲ့ လက်အောက်က ဆေးရုံတွေဆီ ပေးပို့မယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံဟာ ကိုဗစ် တတိယလှိုင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆေးဝါးအထောက်အကူတွေ အတွက်ရော ကာကွယ်ဆေးတွေအတွက်ပါ ဒီကယ်ဆယ်ရေး အထောက်အပံ့က သိပ်ကို အရေးပါတယ်လို့ သူက ပြောပါတယ်။

    နိုင်ငံရေးနဲ့ ဆက်နွှယ်နေသူ ဟုတ်ဟုတ် မဟုတ်ဟုတ် မြန်မာနိုင်ငံတွင်းက ဘယ်သူမဆို လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ရသင့်တယ်လို့ မစ္စတာ ဒါတို ဂျော့ခ် ဟွိုင်က ပြောပါတယ်။

  14. ရန်ကုန်မှာ ယာဉ်စီးခတွေ ပိုမကောက်အောင် YBS ယာဉ်တွေမှာ ကတ်စနစ်ပြန်လုပ်မယ်လို့ တာဝန်ရှိသူပြော

  15. စစ်ကောင်စီနဲ့ ဒေသခံပီဒီအက်ဖ် ထိတွေ့တိုက်ပွဲ ၂၅၀ ကျော်ဖြစ်ခဲ့

  16. ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတွေပေးခဲ့တယ်ဆိုတာ မပေါ်ဘူးလို့ ရှေ့နေပြော

  17. ကိုးကန့်တပ်နဲ့ စစ်တပ်ကြား လတ်တလောတိုက်ပွဲတွေ

  18. စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲမစဲသေး

  19. အငြင်းပွားဖွယ် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များ

  20. စစ်ဘေးနဲ့ကိုဗစ်ကပ်ဘေးကြားက ကရင်နီစစ်ရှောင်ပြည်သူတွေ