KNU တပ်မဟာ ၅ ရဲ့တိုက်ခိုက်သိမ်းပိုက်တာခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ သောင်ရင်းမြစ်လုံခြုံရေးစခန်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ရင်းမြစ်, Reuters
စစ်ကောင်စီရဲ့ သောင်ရင်းမြစ်ကြောင်း လုံခြုံရေးစခန်းတစ်ခု ဧပြီလ ၂၇ ရက်မနက်ပိုင်းမှာ တိုက်ခိုက်ခံခဲ့ရအပြီး ပုံတွေ ဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အောက်က တပ်မဟာ ၅ က သောင်ရင်းမြစ်ကမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ သော်လဲထနဲ့ ဥသုတ စခန်းတွေကို သာလွန်အင်အားနဲ့ တိုက်ခိုက်မီးရှို့လာခဲ့တယ်ဆိုပြီးတော့ စစ်ကောင်စီဘက်က ဒီနေ့ထုတ်သတင်းစာမှာဖော်ပြပါတယ်။
စစ်ကောင်စီဘက်က နယ်စပ်လုံခြုံရေးစခန်းတွေလို့ ပြောပေမဲ့ ကရင်ပြည်နယ်အခြေစိုက်သတင်းတွေမှာတော့ သော်လဲထ စခန်းကို KNU တပ်မဟာ ၅ က တိုက်ခိုက်သိမ်းပိုက်တယ်လို့ ဖော်ပြပါတယ်။
ဒီဖြစ်စဉ်မှာ အထိအခိုက်အကျအဆုံး ရှိမရှိကို စစ်ကောင်စီဘက်က ထုတ်ပြန်ထားမျိုးမရှိပေမဲ့ လိုအပ်တဲ့လုံခြုံရေး စစ်ဆင်ရေးတွေကို ဆက်လုပ်သွားမယ်ဆိုပြီး ပြောထားပါတယ်။
















