ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထားဝယ်မှာ ဒီနေ့ ညနေပိုင်းပစ်ခတ်ဖြိုခွင်းနေ

    ထားဝယ်မှာ ဒီနေ့ ညနေပိုင်း ကစပြီး မြို့အနှံ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ် မှုတွေလုပ်နေတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပစ်ခတ်မှုဖြစ်တဲ့နေရာတွေဟာ သပိတ်စခန်းတွေ အနီးက မြို့လယ်က ရုပ်ရှင်ရုံ၊ တရုတ်ဘုံကျောင်း ၊ပရဟတိလုပ်တဲ့နေရာတွေ ဖြစ်ပြီး အဲ့ဒီနေရာတွေမှာ တပ်က နေရာဝင်ယူတဲ့နေတဲ့ အတွက် ကန့်ကွက်ရာကနေ ပစ်ခတ်မှုတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ရှိတယ်လို့ သိရပေမဲ့ တစ်စုံတစ်ရာ အတည် မပြုနိုင်သေးကြောင်းလည်း သူကပြောပါတယ်။

    ဘီဘီစီက တွေ့ရတဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ ပစ်ခတ်မှုတွေကြောင့်ဆိုင်ကယ်တွေ ပျက်စီးတာ ၊လူအချို့ ဒဏ်ရာရခဲ့တာကိုလည်း တွေ့ရပါတယ်။

  2. အတိုင်ပင်ခံနဲ့ သမ္မတ လွှတ်ပေးဖို့ တောင်းဆိုတဲ့လန်ဒန်က သံအမတ်ကို ပြန်ခေါ်

    အတိုင်ပင်ခံနဲ့ သမ္မတကြီးကို လွှတ်ပေးဖို့ လန်ဒန်က မြန်မာသံအမတ်ကြီးတောင်းဆိုပြီးနောက်တစ်နေ့မှာပဲ လန်ဒန်မြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးကျော်စွာမင်း ကို နိုင်ငံခြားရေးဝန်ကြီးဌာန ကပြန်လည်ခေါ်ယူလိုက်ပါတယ်။

    ဦးကျော်စွာမင်းဟာ ပေးအပ်ထားတဲ့ တာဝန်နဲ့ ဝတ္တရားတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကို မတ်လ ၉ ရက်နေ့စွဲနဲ့ ပြောင်းရွှေ့မိန့် ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ ည ၈ နာရီ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကကြေညာသွားပါတယ်။

    လန်ဒန်မြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးကျော်စွာမင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦး၀င်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို မတ်လ ၈ရက် နေ့က တောင်းဆို ခဲ့ပါတယ်။

    ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်၊ ဓနသဟာရရုံး၀န်ကြီး နိုင်ဂျဲအဒမ်စ်တို့နဲ့ သံအမတ်ကြီး ဦးကျော်စွာမင်း မတ်လ ၈ ရက်၊ မနေ့၊ တနင်္လာနေ့က တွေ့ဆုံ ခဲ့ပြီးတဲ့နောက်၊ လန်ဒန်မြို့ မြန်မာသံရုံးကနေ သံအမတ်ကြီး လက်မှတ်နဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

    ၂၀၁၄ မတ်လကတည်းက ဗြိတိန်ဘုရင်မကြီးထံ ဦးကျော်စွာမင်းဟာမြန်မာပြည်ရဲ့ သံအမတ် ဖြစ်ကြောင်း စာလွှာပေးအပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အဲဒီရာထူးနေရာမှာ ဆက်လက် ခန့်ထားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

    ဦးကျော်စွာမင်းက ခုလို ကြေညာချက် ထုတ်လာတဲ့ အပေါ်ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်က အင်မတန် သတ္တိရှိတဲ့ လုပ်ရပ်၊ တိုင်းချစ်ပြည်ချစ်စိတ် ရှိတဲ့ လုပ်ရပ် ဆိုပြီး ချီးကျူး ပြောဆိုပါတယ်။

  3. လွိုင်ကော်သပိတ်ဖြိုခွင်းခံရမှု ဒဏ်ရာရသူအနည်းငယ်ရှိ

    မတ်လ ၉ ရက် ဒီနေ့ လွိုင်ကော်သပိတ်ဖြိုခွင်းခံရမှုမှာ ထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်ရှိပေမဲ့ အ‌ကောင်းဆုံး လူစုခွဲနိုင်ခဲ့တယ်လို့ မြို့ခံတွေပြောအရ သိရပါတယ်။

    ဆန္ဒပြပွဲကို ကယားပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှား သပိတ်ကော်မတီက ဦးဆောင်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့မှုတွေဖြစ်နေတာကို လွိုင်ကော် ကက်သလစ်သာသနာ ကျောင်းထိုင် ဘုန်းတော်ကြီး Fr.Celso Ba Shwe နှင့် အခြား ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ကလာရောက်ဖြန်ဖြေပေးခဲ့တာကို လည်းဒေသခံတွေရဲ့ တိုက်ရိုက်ရုပ်သံမှာ တွေ့ရပါတယ်။

  4. မန္တလေး မဟာအောင်မြေ NLD ရုံးကို ဝင်ပြီးပါတီဝင်တစ်ဦးကိုဖမ်းသွား

    မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ၃၅လမ်းနဲ့ ၃၆ လမ်းကြား ( ၈၉ ) လမ်းမပေါ်ရှိ NLD ရုံးကို မှန်တံခါး နဲ့ CCTV ကင်မရာတွေကို ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပါတီ၀င်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဘီဘီစီက သတင်းရရှိပါတယ်။

  5. ကျောက်ပန်းတောင်းသပိတ် ဖြိုခွင်းခံရ

    ဒီကနေ့ မတ်လ၉ရက် ကျောက်ပန်းတောင်း ဆန္ဒပြပွဲ ဖြိုခွင်းခံခဲ့ရချိန် အဖမ်းခံခဲ့ရတဲ့ ၆ဦးထဲက ၃ဦးပြန်လွတ်လာပြီလို့သိရပါတယ်။ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့လို့ ၃ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ကျောက်ပန်းတောင်း မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကျောက်ပန်းတောင်း သပိတ်ဖြိုခွဲခံရမှူ နောက်ဆက်တွဲသတင်းတွေကိုလည်း ဘီဘီစီက ဆက်လက်ဖေါ်ပြပေးသွားပါမယ်။

  6. စမ်းချောင်းက ညက အဖမ်းခံရပြီး ပြန်လွတ်သူ ၃၅ ဦး အထိရှိလာ

    မတ်လ ၈ ရက် မနေ့ညကစမ်းချောင်းမှာ အဖမ်းခံရတဲ့သူတွေထဲက ချမ်းသာလမ်းထိပ် အိမ်တစ်အိမ်မှာ အဖမ်းခံရတဲ့ ၈ဦး၊ နောက်အိမ်တစ်အိမ်က၅ဦး၊ သူ အကူအညီပေးခဲ့ သူ ၁၃ ဦးနဲ့ နောက် ရှေ့နေတစ်ဦး အကူအညီပေးနေတဲ့၂၂ဦး အားလုံးစုစုပေါင်း၃၅ဦးကိုအင်းစိန်ထောင်ကနေသက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေကနေ တစ်ဆင့်ပြန်လွှတ်ပေးလိုက်တယ်လို့ အကူညီပေးနေသူ မတင်ဇာဦးက ဘီဘီစီကို အတည်ပြုပါတယ်။

  7. CRPH က ဒုတိယသမ္မတ တစ်ဦးခန့်

    ပြည့်သူလွှတ်‌တော်ကိုယ်စားပြုကော်မတီ CRPH က ခေတ္တဒုတိယသမ္မတ အဖြစ် မန်းဝင်းခိုင်သန်းကို ခန့်အပ်လိုက်တယ်လို့ မတ်လ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

    အာဏာသိမ်းစစ်အုပ်စုက အဓမ္မ အာဏာသိမ်းထားတဲ့ ကာလမှာ သမ္မတ ဦးဝင်းမြင့်ကိုယ်စား ဒု သမ္မတ က တာဝန်ခံပြီးထမ်းဆောင်ရန်တာဝန်အပ်နှင်းလိုက်တယ်လို့လည်းဖော်ပြပါရှိပါတယ်။

  8. ညက စမ်းချောင်းမှာ အဖမ်းခံရသူ အချို့ပြန်လွတ်

    မတ်လ ၈ ရက်နေ့ မနေ့ညက စမ်းချောင်းမှာ အဖမ်းခံခဲ့ ရတဲ့ ဘီဘီစီက နာမည်နဲ့ စာရင်း ရထားတဲ့ ၅၆ယောက်ထဲက ၂၅ယောက် ခန့်ဒဂုံရဲစခန်းကနေ ဒီနေ့ပြန်လွတ်လာတယ်လို့ သတင်းရရှိပါတယ်။

    သူတို့လွတ်တယ်ဆိုတာကို အဖမ်းခံရတဲ့သူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ဥပဒေအကြံပေး အဖြစ် အကူအညီပေးနေသူရှေ့နေ မတင်ဇာဦးက အတည်ပြုပါတယ်။

    စမ်းချောင်းမှာ မနေ့က အဖမ်းခံရတဲ့ လူအတိအကျအရေအတွက် အတိအကျကိုတော့ သူအတည်မပြုပေးနိုင်ပေမယ့်ရန်ကုန်တစ်မြို့လုံးမှာမနေ့ကအဖမ်းခံရတဲ့အရေအတွက်ကတစ်ရာကျော်ရှိတယ်လို့ သူကပြောပါတယ်။

    စမ်းချောင်းမြို့နယ်တစ်ခုထဲက လူ၅၀ ကျော်ခန့်ဖမ်းမိခဲ့တယ်လို့လည်း သိရပါတယ်။

  9. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှုတွေ စတင်ပါပြီ။

    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။