အာဏာသိမ်းမှုဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတကာ တရားရေးပညာရှင်အဖွဲ့ဆို

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်ကနေ ဖေဖော်ဝါရီ ၈ ရက်အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်ထားတဲ့ စာမျက်နှာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကာချုပ်က အစိုးရသစ်နဲ့ ပထမဆုံး အစည်းအဝေးလုပ်, ကာချုပ်က အစိုးရသစ်နဲ့ ပထမဆုံး အစည်းအဝေးလုပ်

    တပ်မတော်က အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးကို နေပြည်တော်မှာ ရှိတဲ့ သမ္မတ အိမ်တော်မှာ ကျင်းပခဲ့ရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခု ခန့်အပ်လိုက်တဲ့ ပြည်ထောင်စုဝန်ကြီးတွေကို မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ လျှောက်လှမ်းဖို့ ပြောကြားသွားခဲ့ပါတယ်။

    ဒီမိုကရေစီ လမ်းကြောင်းဆိုရာမှာ မိမိတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြောတာ ဖြစ်ပြီး ကိုယ့်နိုင်ငံရဲ့ Stand အပေါ်မှာသာ ယူပြီး သွားရမှာ ဖြစ်တယ်၊ မိမိတို့အနေနဲ့ လွတ်လပ်ပြီး တက်ကြွတဲ့ ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒနဲ့သာ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

    ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဲစာရင်းမှားယွင်းမှုတွေကို ဖော်ထုတ် ဆောင်ရွက်သွားမယ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။

    COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကိုလည်း စည်းကမ်းတွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြည်ပကနေ မှာယူထားတဲ့ ကာကွယ်ဆေးတွေ ရောက်ရှိရေးအတွက်လည်း လိုအပ်တဲ့ လေယာဉ်ဖြတ်သန်းခွင့် ကိစ္စရပ်တွေကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

  2. ဝန်ကြီးချုပ်တွေ ပြန်လွတ်လာ, ဝန်ကြီးချုပ်တွေ ပြန်လွတ်လာ

    ထိန်းသိမ်းခံထားရတဲ့ ရခိုင်နဲ့ ကရင် ဝန်ကြီးချုပ်တွေ ပြန်လည် လွတ်မြောက်လာပြီလို့ ဘီဘီစီက သိရပါတယ်။

    ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာခဲ့တဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့ကို ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ် စကားပြောခွင့် ရခဲ့ပါတယ်။

    ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေလည်း ပြန်လွတ်လာတယ်လို့ သိရပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်း တော့ မရှိသေးပါဘူး။

    ပြန်လွတ်လာတဲ့ ဝန်ကြီးချုပ်တွေကို နေအိမ်တွေမှာပဲ အစောင့်အရှောက်နဲ့ ထားရှိတယ်လို့ပြောပါတယ်။

    ဖမ်းဆီး ခေါ်ဆောင်သွား ခံရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကိုတော့ ဒီကနေ့ မနက် ၉ နာရီလောက်မှာ ထိန်းသိမ်းထားရာကနေ အိမ်ပြန်ပို့ခဲ့ပြီး နေအိမ် အကျယ်ချုပ် ဆက်ထားတယ်လို့ သိရပါတယ်။

    ရခိုင်ဝန်ကြီးချုပ် ဦးညီပု (ဝဲဘက်အစွန်)

    ဓာတ်ပုံ ရင်းမြစ်, ML

    ဓာတ်ပုံ ပုံစာ, ရခိုင်ဝန်ကြီးချုပ် ဦးညီပု (ဝဲဘက်အစွန်)
  3. ကျန်းမာရေးဝန်ထမ်းတွေ အလုပ်တာဝန်မထမ်းဆောင်တဲ့လှုပ်ရှားမှုစတင်, ကျန်းမာရေးဝန်ထမ်းတွေ အလုပ်တာဝန်မထမ်းဆောင်တဲ့ ဖဲကြိုးနီ လှုပ်ရှားမှုစတင်

    ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ပြည်စတဲ့ မြို့ကြီးတွေက အစိုးရဆေးရုံမှာတာဝန်ကျနေတဲ့ ဆရာဝန်တွေ သူနာပြု ဆရာ/ ဆရာမတွေဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ ကစပြီးအာဏာသိမ်း တပ်မတော် အစိုးရကို ဆန့်ကျင်တဲ့ အနေနဲ့ အလုပ်တာဝန်တွေကို မထမ်းဆောင်တဲ့ လှုပ်ရှားမှု ဖေဖော်ဝါရီ လ၂ ရက်နေ့က စတင်နေတယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

    ဒီလှုပ်ရှားမှုမှာ မန္တလေးက လက်ထောက်ဆရာဝန်တွေ၊ပြည်ဆေးရုံက ဆရာဝန်တွေ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးက လက်ထောက်ဆရာဝန်တွေ ၊ ကုတင်၁၀၀၀ ဆေးရုံကြီးနေပြည်တော်က သူနာပြုတွေ စတင်ပါဝင်လာကြောင်း ဒီလှုပ်ရှားမှုမှာပါဝင်နေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

    ဆရာဝန်တွေ ဖဲကြိုးနီ လှုပ်ရှားမှုစတင်

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, ဆရာဝန်တွေ ဖဲကြိုးနီ လှုပ်ရှားမှုစတင်
  4. နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်က နေရပ်ပြန်လွှတ်, နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်က နေရပ်ပြန်လွှတ်

    နေပြည်တော် စည်ပင်ဝင်းမှာ ထိန်းသိမ်းခံထားရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို ဒီကနေ့ညနေ ၄ နာရီမှာ ကိုယ်အစီအစဉ်နဲ့ကိုယ် အိမ်ပြန်ခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။

    နေပြည်တော် စည်ပင်ရိပ်သာဝင်းထဲ မှာ NLD၊ SNLD နဲ့ ANP ပါတီတွေက ကိုယ်စားလှယ်တွေ ‌လွှတ်တော်တက်ဖို့ ရောက်နေကြတာပါ။

    NLD ကိုယ်စားလှယ်တွေ ဘက်ကတော့ ပြန်ဖို့၊ မပြန်ဖို့ အစည်းအဝေးလုပ်နေပြီး SNLDပါတီက ကိုယ်စားလှယ်တွေကလည်း ပြန်မပြန် မဆုံးဖြတ်ရသေးကြောင်း ဘီဘီစီကို ပြောပါတယ်။

    သတင်းထောက်တွေကိုတော့ ဒီနေ့ညနေပိုင်းမှာ စည်ပင်ရိပ်သာထဲကို ဝင်ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။

    နေပြည်တော် စည်ပင်ရိပ်သာဝင်းကို တပ်က လုံခြုံရေးယူထား
    ဓာတ်ပုံ ပုံစာ, နေပြည်တော် စည်ပင်ရိပ်သာဝင်းကို တပ်က လုံခြုံရေးယူထားစဉ်
    ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းမှာ နေရပ်ပြန်နိုင်တယ်လို့ တပ်က လာအကြောင်းကြား
    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းမှာ နေရပ်ပြန်နိုင်တယ်လို့ တပ်က လာအကြောင်းကြား
  5. ရသေ့တောင်အမတ်ဟောင်း ဒေါ်ခင်စောဝေလည်း ပြန်လွတ်လာ, ထိန်းသိမ်းခံလိုက်ရတဲ့ ရခိုင်ဝန်ကြီးချုပ်ရဲ့ မိသားစုဝင်တွေပြန်လွတ်

    ဖမ်းဆီးခံထားရတဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပုရဲ့ မိသားစုဝင်တွေဖြစ်တဲ့ ဇနီးနဲ့ သမီးတို့ကို မနေ့ ဖေဖော်ဝါရီ ၁ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရခိုင်ပြည်နယ် ဒုတိယဥက္ကဋ္ဌ ဦးစိုးလေးက အတည်ပြု ပြောဆိုပါတယ်။ ဝန်ကြီးချုပ်ဦးညီပုကိုတော့ ဂွမြို့နယ်တွင်းက ခလရ ၅၆၂ တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပြီး ပြည်နယ်အစိုးရအဖွဲ့ထဲက တခြားဝန်ကြီးတွေကိုထိန်းသိမ်းထားတာ ရှိမရှိ မသိဘူးလို့ ဦးစိုးလေးက ပြောပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေ၊ ဝန်ကြီးတချို့၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဒေါ်တင်လှိုင်၊ ရွေးကာက်ပွဲအရာရှိ ဦးသူရိန်ထွဋ်တို့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးတချို့လည်း ခေါ်ယူ ထိန်းသိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ ပြန်လွတ်လာသူ နောက်တစ်ဦးကတော့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေ ဖြစ်ပါတယ်။ ဒေါ်ခင်စောဝေဟာ ခရီးတစ်ခုက ပြန်ရောက်ခိုက် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှရဲ့ နေအိမ်မှာ တည်းခိုနေရင်း ဦးစံကျော်လှက မနေ့က မနက်ပိုင်းက တပ်မတော်ဘက်က လာခေါ်တဲ့အခါမှာ ဒေါ်ခင်စောဝေကိုပါ တွေ့ရှိပြီး ထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ မနက်ပိုင်း ၅ နာရီကျော်လောက်မှာ လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနဲ့အတူ ဒေါ်ခင်စောဝေတို့ ထိန်းသိမ်းခံခဲ့ရပြီး မနက် ၉ နာရီကျော်မှာတော့ ဒေါ်ခင်စောဝေကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

    ဒေါ်ခင်စောဝေ
  6. ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို နေအိမ်အကျယ်ချုပ်ဆက်ထား

    မနေ့မနက်ပိုင်းက ဖမ်းဆီးခံရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် ပြည်နယ်ဝန်ကြီး ၂ ဦးကို အရှေ့ တောင်တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတွေက ဘားအံ မြို့ တပ်မ ၂၂ခြေမြန်ဌာနချုပ်သို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၂ ရက်မနက် ပိုင်း မနက်ပိုင်းမှာတာ့ နေအိမ်ကို ပြန်လည် ပို့ ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ဟာ နေအိမ် အကျယ်ချုပ် ဆက်လက် နေထိုင် ရမယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။ ကျန်ရှိနေသေးတဲ့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်နဲ့ ကရင်ပြည်နယ် စီမံ၊ဘဏ္ဍာ၊ စည်ပင်ဝန်ကြီး ဦးသန်းနိုင်တို့ ၂ဦးကိုလည်း မကြာခင် ပြန်လည် နေအိမ်အကျယ်ချုပ် ပို့ ဆောင်ချထားမယ်လို့ သိရပါတယ်။ ဘီဘီစီမြန်မာပိုင်း

    BBC
    ဓာတ်ပုံ ပုံစာ, ဒေါ်နန်းခင်ထွေးမြင့်
    BCC

    ဓာတ်ပုံ ရင်းမြစ်, BCC

    ဓာတ်ပုံ ပုံစာ, ဦးဘိုဘိုဝေမောင်
    BBC
    ဓာတ်ပုံ ပုံစာ, ဦးသန်းနိုင်
  7. လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ သင့်တော်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချမှတ်မယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

    အပစ်ရပ်လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အထူးအစည်းအဝေးကျင်းပ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့အညီ သင့်တော်စပ်ဟပ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရဲရဲဝံ့ဝံ့ချမှတ်သွားရမယ်လို့ ဒီကနေ့ လုပ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အထူးအစည်းအဝေးမှာ အဖွဲ့ရဲ့ယာယီခေါင်းဆောင် RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ငြိမ်းချမ်းရေးရှေးလုပ်ငန်းစဉ်တွေကိုလည်း အလေးထားဆွေးနွေးသုံးသပ်ပြီး၊ အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားရပ်တည်ချက်တွေကိုလည်း ဒီကနေ့မှာ ချမှတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

    လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ သင့်တော်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချမှတ်မယ်လို့  ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

    ဓာတ်ပုံ ရင်းမြစ်, PPST

  8. ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းထားသူတွေကို လွှတ်ပေးဖို့ KNU တိုက်တွန်း, ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့အတူရပ်မယ်လို့ KNU ထုတ်ပြန်

    ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးပြီး နိုင်ငံရေးပြဥနာအရပ်ရပ်ကို ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ကရင်အမျိုးသားအစည်းအရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်တိုက်တွန်းပါတယ်။

    ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့အတူရပ်မယ်လို့ KNU ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, KNU

  9. မန္တလေးတိုင်းဝန်ကြီးချုပ်အိမ်ပြန်ရောက်ပြီ ၊ နေအိမ်အကျယ်ချုပ်ဆက်ထားမယ်လို့ ဆို

    စစ်တပ်ကအာဏာသိမ်းပြီးနောက် မနေ့ကဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ ဒီကနေ့မနက် ၉ နာရီလောက်က နေအိမ်သို့ပြန်လည် ရောက်ရှိလာပြီလို့မန္တလေးတိုင်းဒေသကြီး NLD ပါတီက တာဝန်ရှိသူတွေက ပြောပါတယ်။

    နေအိမ်သို့ပြန်လည်ရောက်ရှိလာသော်လည်းသူကို နေအိမ်အကျယ်ချုပ်အဖြစ်ဆက်လက်ထားရှိမယ်လို့လဲသိရပါတယ်။

    မန္တလေးတိုင်းဝန်ကြီးချုပ်အိမ်ပြန်ရောက်ပြီ
  10. NLD ပါတီရဲ့ ကြေညာချက်

    NLD

    ဓာတ်ပုံ ရင်းမြစ်, NLD

    ဓာတ်ပုံ ပုံစာ, NLD
    NLD

    ဓာတ်ပုံ ရင်းမြစ်, NLD

  11. အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ လက်ရှိမြန်မာ့အရေးအပေါ် ကြေညာချက်အပြည့်အစုံ

    မြန်မာနိုင်ငံအတွင်း စစ်တပ်၏အာဏာသိမ်းယူမှု၊ အောင်ဆန်းစုကြည်နှင့် အရပ်သားတာဝန်ရှိပုဂ္ဂိုလ်များအား ဖမ်းဆီးထိန်းသိမ်းမှုနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာမှုတို့သည် နိုင်ငံတော်၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ဥပဒေစိုးမိုးမှုကို တိုက်ရိုက်ကျူးလွန်တိုက်ခိုက်ခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တစ်ရပ်တွင် အင်အားကိုအသုံးပြု၍ နိုင်ငံသားတို့၏ဆန္ဒကိုပယ်ဖျက်ရန် သို့မဟုတ် အများယုံကြည်လက်ခံသောရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် မလုပ်ဆောင်သင့်ပါ။ မြန်မာနိုင်ငံသားတို့သည် ရွေးကောက်ပွဲများကျင်းပနိုင်ရေး၊ အရပ်သားအုပ်ချုပ်မှုစနစ်ထူထောင်နိုင်ရေးနှင့် ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းနိုင်ရေးအတွက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်လာခဲ့ကြပါသည်။ ဤဖြစ်ပေါ်တိုးတက်လာမှုတို့ကို တန်ဖိုးထားလေးစားသင့်ပါသည်။မြန်မာစစ်တပ်ကသိမ်းယူထားသောအာဏာကိုချက်ချင်းစွန့်လွတ်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသော တက်ကြွလှုပ်ရှားသူများနှင့်တာဝန်ရှိပုဂ္ဂိုလ်များအားလွှတ်ပေးရန်၊ ဆက်သွယ်ရေးကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းပေးရန်နှင့် အရပ်သားပြည်သူများအပေါ်အကြမ်းဖက်ခြင်းမှရှောင်ကြဉ်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်အပေါ် တစ်သံတည်းဖြင့် ညီညွတ်စွာအတူတကွ ပူးပေါင်းဖိအားပေးသင့်ပါသည်။ ယခုကဲ့သို့အခက်အခဲဖြစ်ပေါ်နေသည့်ကာလအတွင်း မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်ပေးကြသူများအား အမေရိကန်ပြည်ထောင်စုက မှတ်တမ်းတင်ထားပါသည်။ ဒီမိုကရေစီပြန်လည်အသက်သွင်းရေးနှင့်ဥပဒေပြန်လည်စိုးမိုးရေးအပြင် မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးနောက်ကြောင်းပြန်လှည့်စေမှုအတွက် တာဝန်ရှိသူများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မိမိတို့အနေဖြင့် ဒေသတွင်းနှင့်ကမ္ဘာတစ်လွှားမှ မိတ်ဖက်နိုင်ငံများအတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့သောအရေးယူပိတ်ဆို့မှုများကို လွန်ခဲ့သောဆယ်စုနှစ်အတွင်းတိုးတက်မှုများအပေါ်အခြေခံ၍ ပြန်လည်ရုပ်သိမ်းပေးခဲ့ပါသည်။ ယင်းတိုးတက်မှုများကိုနောက်ကြောင်းပြန်လှည့်စေသည့်အတွက် မိမိတို့၏ ပိတ်ဆို့အရေးယူမှုဥပဒေများနှင့် လုပ်ပိုင်ခွင့်များကို အမြန်ဆုံးချက်ချင်းပြန်လည်သုံးသပ်ရန်လိုအပ်လာမည်ဖြစ်ကာ သင့်တော်သောအရေးယူမှုများကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။ဒီမိုကရေစီသည် မည်သည့်နေရာ၌ဖြစ်စေ ထိပါးနှောက်ယှက်ခံနေရပြီးဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်းအတွက်ရပ်တည်သွားမည်ဖြစ်သည်။

    BBC

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  12. ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီး သုံးဦးကို ဆက်လက်ထိန်းသိမ်းထား

    ရခိုင်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ထဲက ဝန်ကြီးသုံးဦးကို ဂွမြို့က တပ်ရင်းတစ်ခုမှာ ဆက်လက်ထိန်းသိမ်းထားပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကိုတော့ စစ်တွေမြို့က တပ်မတော်ရိပ်သာတစ်ခုမှာ ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ဦးညီပုကတော့ ကျန်းမာရေးအရ သောက်နေကျဆေးတွေပြတ်သွားလို့ ပြည်နယ်ဆေးရုံမှာ ဆေးယူရတာတွေရှိတယ်လို့လည်းသိရပါတယ်။ ဦးညီပုနဲ့အတူ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနဲ့ စက်မှုနနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ အတူ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် သတ္တုနဲ့ စိုက်ပျိုးရေးဝန်ကြီး၊ လွှတ်တော်ဒုဥက္ကဋ္ဌနဲ့ ဝန်ကြီးတစ်ဦးတို့ကိုတာ့ စစ်တွေမြို့ အစိုးရအိမ်ရာတစ်ခုမှာ မနေ့တည်း ကထိန်းသိမ်းထားပြီး စားရေးသောက်ရေးအတွက်ဆန်တစ်အိတ် ပေးပို့ထားတယ်လို့ သိရပါတယ်။

    ဝန်ကြီးချုပ် ဦးညီပု

    ဓာတ်ပုံ ရင်းမြစ်, Nyi Pu facebook

  13. စစ်တပ်အာဏာသိမ်းမှုအကြောင်း ဘီဘီစီသတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်

  14. လူထုဆန္ဒနဲ့အညီပြန်ဖြစ်ဖို့ အာဆီယံ ဥက္ကဋ္ဌတိုက်တွန်း

    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ လူထုဆန္ဒနဲ့အညီ ပုံမှန်အခြေအနေ ပြန်ဖြစ်လာဖို့ တိုက်တွန်းတယ်လို့ အာဆီ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ထုတ်ပြန်ပါတယ်။

    အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို နီးနီးကပ်ကပ်စောင့်ကြည့်နေတယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

    အာဆီယံကြေညာချက်

    ဓာတ်ပုံ ရင်းမြစ်, ASEAN

  15. အိန္ဒိယနဲ့တရုတ် တုံ့ပြန်မှု

    မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စိုးရိမ်ပူပန်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အိန္ဒိယနိုင်ငံကအမြဲထောက်ခံကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကျင့်စဥ်တွေကိုဆက်လက်ထိန်းသိမ်းထားရမယ်လို့လည်း အဲဒီကြေညာချက်မှာ ပါရှိတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝန်ဝမ်ပင်းက မြန်မာအရေးကို သိရှိထားကြောင်း၊ တရုတ်က မြန်မာရဲ့ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံက အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ မတူညီမှုတွေကို အခြေခံဥပဒေနဲ့ ဥပဒေဘောင်အတွင်းက ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းနဲ့ နိုင်ငံရေးနဲ့ လူမှုအသိုင်းအဝိုင်းတည်ငြိမ်ရေးကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။

    တရုတ်ပြောခွင့်ရ

    ဓာတ်ပုံ ရင်းမြစ်, MOFA-China

  16. NLD ရုံးတွေကို တပ်က ချိတ်ပိတ်ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ထိန်းသိမ်း

  17. ဒီမိုကရေစီစနစ်ပြန်ဖော်ဆောင်ဖို့ ဂျပန်တိုက်တွန်း

    မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ကူးပြောင်းမှု ဖြစ်စဥ် ပြောင်းပြန်ပြောင်းလဲသွားစေတဲ့ လုပ်ဆောင်မှုတွေကို ဆန့်ကျင်ကြောင်းနဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံးပြန်ရရေး တပ်မတော်ကို တိုက်တွန်းတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သဘောထားထုတ်ပြန်ကြေညာပါတယ်။

    မြန်မာနိုင်ငံဒီမိုကရေစီစနစ်ကူးပြောင်းမှုဖြစ်စဥ်ဆုံးရှုံးခဲ့ရတာကိုအလွန်စိုးရိမ်ပူပန်ကြောင်းနဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ထိန်းသိမ်းခံခဲ့ရသူတွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့လည်းတိုက်တွန်းထားပါတယ်။

  18. မြန်မာ့ အရေး နိုင်ငံတကာက ဖိအားပေးဖို့ ဂျိုးဘိုင်ဒန် တိုက်တွန်း

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခြင်း အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော အရပ်ဘက်အရာရှိများအားဖမ်းဆီးခြင်း၊ အရေးပေါ်အခြေအနေကြေညာခြင်းတို့ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးအသွင်ကူးပြောင်းနေမှုကို ဖျက်ဆီး လိုက်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတက ပြောဆိုပါတယ်။

    ဒီမိုကရေစီစနစ်အရ ပြည်သူ့တွေရွေးချယ်ထားတဲ့ ဆန္ဒသဘောထားကိုပယ်ဖျက်ဖို့ ကြိုးစားတာ ဒါမှမဟုတ် ယုံကြည်ရသော ရွေးကောက်ပွဲတစ်ခုရဲ့ရလဒ်ကိုပယ်ဖျက်ဖို့ကြိုးစားတာတွေ မလုပ်သင့်ဘူးလို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

    မြန်မာပြည်သူများ အနေနဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာအောင်၊ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးတို့ကိုတည်ထောင်ရန်ပုံမှန်ကြိုးပမ်းခဲ့ကြပြီး ဒီတိုးတက်မှုကို လေးစားသင့်တယ်လို့ ပြောပါတယ်။

    နိုင်ငံတကာ အနေနဲ့ အာဏာသိမ်းယူထားတဲ့ စစ်တပ်ကို ဖိအားပေး တောင်းဆိုမှုတွေ လုပ်ဖို့ ဝိုင်းဝန်း ပူးပေါင်းကြပါလို့လည်း ဂျိုးဘိုင်ဒန်က တိုက်တွန်းသွားခဲ့ပါတယ်။

    အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ကြေညာချက်

    ဓာတ်ပုံ ရင်းမြစ်, White House

    ဓာတ်ပုံ ပုံစာ, အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ကြေညာချက်
  19. မြန်မာ့ အရေး ကုလ လုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ်

    မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပသွားမယ်လို့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌနေရာ ရယူထားတဲ့ ဗြိတိန် နိုင်ငံက ပြောကြားပါတယ်။

    ဖေဖော်ဝါရီလ ၂ရက်နေ့၊ အင်္ဂါနေ့မှာ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပဖို့ စီစဉ်ထားပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း ဗြိတိန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ဘာဘရာ ဝုဒ်ဝေါ့ဒ် ပြောပါတယ်။

    ဗြိတိန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ဘာဘရာ ဝုဒ်ဝေါ့ဒ်

    ဓာတ်ပုံ ရင်းမြစ်, UK GOV

    ဓာတ်ပုံ ပုံစာ, ဗြိတိန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ဘာဘရာ ဝုဒ်ဝေါ့ဒ်
  20. အာဏာသိမ်းယူမှု ဗြိတိန် နိုင်ငံက ခေါ်ယူသတိပေး

    ဗြိတိန် နိုင်ငံဆိုင်ရာ မြန်မာသံ အမတ် ဦးကျော်စွာမင်းကို ဆင့်ခေါ် ပြီး စစ်တပ်ရဲ့ အာဏာသိမ်းယူမှုနဲ့ ပတ်သက်လို့ ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောဆိုခဲ့တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားတွေကို မတရားဖမ်းဆီးချုပ်နှောင်ခြင်းကနေ ပြန်လွှတ်ပေးဖို့အပြင် သူတို့ရဲ့ လုံခြုံရေးကို အာမခံပေးဖို့ အာရှရေးရာ ဝန်ကြီး နီဂျယ် အဒမ်က တောင်းဆိုခဲ့တယ်လို့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။

    မြန်မာ နိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်ဖို့အတွက် ဗြိတိန် အစိုးရ က နိုင်ငံတကာ နဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ဗြိတိန် အစိုးရ ထုတ်ပြန်ချက်

    ဓာတ်ပုံ ရင်းမြစ်, UK GOV

    ဓာတ်ပုံ ပုံစာ, ဗြိတိန် အစိုးရ ထုတ်ပြန်ချက်