အာဏာသိမ်းမှုဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတကာ တရားရေးပညာရှင်အဖွဲ့ဆို
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်ကနေ ဖေဖော်ဝါရီ ၈ ရက်အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်ထားတဲ့ စာမျက်နှာ
တိုက်ရိုက် ထုတ်လွှင့်ချက်
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စပြီး ရုံးတက်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
အာဏာသိမ်း တပ်မတော်အစိုးရ လက်ထက်မှာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ အဖြစ် ဒေါက်တာအောင်ကျော်မင်းကို ခန့်အပ်လိုက်တာဖြစ်ပြီး သူဟာ စစ်တွေမြို့ကို စတင်ရောက်ရှိလာပြီး ရုံးစတက်ပြီလို့ သိရပါတယ်။
ဒေါက်တာအောင်ကျော်မင်းဟာ သူနေထိုင်တဲ့ တောင်ကုတ်မြို့ကနေ အစိုးရရုံးစိုက်ရာ စစ်တွေမြို့ကို ဒီကနေ့မနက်ပိုင်းမှာ တပ်မတော် ရဟတ်ယာဉ်နဲ့ ရောက်ရှိလာခဲ့ကာ အာဏာသိမ်းပြီး ငါးရက်မြောက်နေ့မှာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်တာလည်းဖြစ်ပါတယ်။
ကောင်စီဥက္ကဋ္ဌ ဟာ မနက်ပိုင်းကစစ်တွေမြို့ကိုရောက်ရှိလာခဲ့ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအပါအဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကာ နေ့လယ်ပိုင်းမှာတော့ ပြည်ထောင်စုနေ့ကျင်းပနိုင်ရေးနဲ့ပတ်သက်လို့ အစည်းအဝေးတစ်ရပ်ကိုလည်း ဆက်လက်ကျင်းပခဲ့ပါတယ်။
ဒေါက်တာအောင်ကျော်မင်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လူမှုရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ဓာတ်ပုံ ပုံစာ, စစ်တွေ တက္ကသိုလ်က လှုပ်ရှားမှု 
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ထားဝယ်တက္ကသိုလ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ ရန်ကုန် နေပြည်တော်တို့ အပြင် စစ်တွေ၊ ထားဝယ် ၊ မြစ်ကြီးနား၊မန္တလေး ၊ စစ်ကိုင်း၊ မိထ္ထီလာ ၊ ပြည်၊ မအူပင် စတဲ့ဒေသတွေက ဝန်ထမ်းတွေ ကုန်သည်တွေ ပါဝင်လာပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ နိုင်ငံအနှံ့ဖြစ်လာတာကို တွေ့ရပါတယ်။
စစ်အာဏာသိမ်းမှုကိုလက်မခံကြောင်း ပြသတဲ့အနေနဲ့ ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်က ဆရာဆရာမတွေလည်း ဖေဖော်ဝါရီ ၅ ရက် ဒီကနေ့နေ့လယ် ၁ နာရီမှာ ဖဲကြိုးနီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။
အခုလို လုပ်ရှားမှုတွေပြုလုပ်ရတာဟာ စစ်အာဏာသိမ်းမှုကိုလက်မခံတဲ့အတွက် ကန့်ကွက်ကြောင်းပြသလိုတဲ့အတွက် လုပ်ရှားရတာဖြစ်တယ်လို့ မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာကျော်မင်းနိုင်က ပြောပါတယ်။
ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို သူတို့ကိုယ်တိုင်ချိုးဖျက်တာကိုလက်မခံနိုင်ကြောင်းနဲ့ ဆရာဆရာမတွေအနေနဲ့ ဒီလှုပ်ရှားမှုမှာ သူတို့ရဲ့သဘောဆန္ဒအလျောက်ပါဝင်ခဲ့ကြတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, နေပြည်တော် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု တာဝန်ရှိသူတွေကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်သွားမယ်လို့ အမေရိကန် သမ္မတ ပြော
“မြန်မာစစ်တပ်အနေနဲ့ သူတို့သိမ်းယူထားတဲ့အာဏာကို ချက်ချင်း စွန့်လွှတ်ရပါမယ်၊ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဦးဆောင်စည်းရုံးသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေကို ပြန်လွှတ်ပေးရပါမယ်၊ ဆက်သွယ်ရေး ကန့်သတ်ချက် အကုန်လုံးကို ပြန်ပြီးရုပ်သိမ်းပေးရပါမယ်၊ လူထုအပေါ်အကြမ်းဖက်ခြင်းကနေ ရှောင်ကြဉ်ရပါမယ်”
“ဒီမိုကရေစီစနစ်မှာ အင်အားကိုအသုံးပြုပြီး နိုင်ငံသားတွေရဲ့ဆန္ဒကို ပယ်ဖျက်ဖို့ ဒါမှမဟုတ် အများယုံကြည်လက်ခံထားတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ မလုပ်ဆောင်သင့်ဘူးဆိုတာ သံသယရှိဖို့ မလိုပါဘူး”
“ဒီသီတင်းပတ်အစောပိုင်းက ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးမှု ပြန်လည်အသက်သွင်းရေးကို အားပေးကူညီဖို့အတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲ ဆောင်ရွက်သွားပါမယ်။ သည့်အတွက် တာဝန်ရှိသူတွေကိုလည်း နောက်ဆက်တွဲအနေနဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ဆောင်သွားပါမယ်”
“အမေရိကန် နိုင်ငံခြားရေးရုံးမှာ ပြောကြားခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့မိန့်ခွန်းထဲမှ ကောက်နုတ်ချက်”

ဓာတ်ပုံ ရင်းမြစ်, US Embassy Rangoon
စစ်ကိုင်းက ကြေးနီစီမံကိန်းဝန်ထမ်းတွေလည်း ဖဲကြိုးနီလှုပ်ရှားမှုမှာပါဝင်လာ
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာရှိတဲ့ကြေးစင်တောင် မြန်မာယန်စီ Myanmar Yang Tse (MYTCM) ကြေးနီမိုင်း စီမံကိန်းက စက်ကြီး၊ ယာဉ်သေးဌာနခွဲ၊ ပြုပြင်ရေးဌာနနဲ့ ထောက်ပံ့ရေးဌာနတို့က ဝန်ထမ်း ၉၀ နီးပါးဟာ civil disobedience လှုပ်ရှားမှုကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာပဲ ပါဝင်လာပါတယ်။
ဒါ့ပြင် ထုတ်လုပ်မှုစက်ရုံ( process department) ဘက်က ဝန်ထမ်း ၅၀ နီးပါးလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဒီမနက် လှုပ်ရှားမှုမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။ မိုင်းတွင်းဌာနပိုင်းကလည်း ထပ်ပါဝင်လာဖို့ရှိတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ, မြန်မာယန်စီကြေးနီမိုင်း စီမံကိန်းဝန်ထမ်းတွေလှုပ်ရှားမှု ပညာရေးဝန်ထမ်းတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှု
မြစ်ကြီးနားမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့က မြစ်ကြီးနားတက္ကသိုလ်က ဘာသာရပ်ပေါင်းစုံးဆရာ ဆရာမ တွေက ဖဲကြိုးနီလှုပ်ရှားမှု ကို မနက်၁၁နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မိုးညင်းတက္ကသိုလ်ဆရာဆရာမများကလည်း စစ်အာဏာရှင်အလိုမရှိ ၊ ဖမ်းဆီးခခံထားရသောနိူင်ငံတော်သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဖဲကြိုးနီလှုပ်ရှားမှုကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ် တောင်းဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ, မြစ်ကြီးနားတက္ကသိုလ်က လှုပ်ရှားမှု 
ဓာတ်ပုံ ပုံစာ, မြစ်ကြီးနားတက္ကသိုလ်က လှုပ်ရှားမှု 
ဓာတ်ပုံ ပုံစာ, မိုးညင်းတက္ကသိုလ်က လှုပ်ရှားမှု နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတချို့မှာ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေ ဆက်တိုက် ပြုလုပ်
နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဖဲကြိုးနီလှုပ်ရှားမှုကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်၊ တိုင်းရင်းသားရေးရာ စတဲ့ ဝန်ကြီးဌာနတွေလည်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ရန်ကုန်မှာ ပညာရေးတက္ကသိုလ်က ဆရာဆရာမတွေကလည်း ဖဲကြိုးနီလှုပ်ရှားမှု ပြုလုပ်ခဲ့သလို ဒဂုံတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေကလည်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်မှုကို ဒီမနက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းတရားရုံးရှေ့မှာ ရှေ့နေတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ မိထ္ထီလာမှာလည်း အစိုးရ နည်းပညာအထက်တန်းကျောင်းက ဝန်ထမ်းတွေက ဖဲကြိုးနီလှုပ်ရှားမှုမှာ ပါဝင်လာတာကိုတွေ့ရပါတယ်။ ပုသိမ်တက္ကသိုလ်က ဆရာဆရာမတွေလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်လာသလို လွိုင်ကော်နည်းပညာတက္ကသိုလ်ဆရာများနဲ့ ကျောင်းသားများသမဂ္ဂတို့ကလည်း ဖဲကြိုးနီလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းမှ စီးပွားရေးလူငယ်တွေ ပူးပေါင်းပြီး ဖဲကြိုးနီလှုပ်ရှားမှု ကို ဒီမနက်မှာပြုလုပ်ခဲ့ပါတယ်။ ပဲနှမ်းကုန်သည် လူငယ်တွေ ၃၀၀ ကျော် ပါဝင်လှုပ်ရှားပြီး အာဏာသိမ်း အစိုးရ အလိုမရှိတာ၊ သမ္မတ ဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဖမ်းဆီးခံလူအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။ ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ, မိထ္ထီလာ အစိုးရ နည်းပညာအထက်တန်းကျောင်း 
ဓာတ်ပုံ ပုံစာ, မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း 
ဓာတ်ပုံ ပုံစာ, နေပြည်တော်က အစိုးရဝန်ထမ်းတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှပြန်လွတ်
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်မနက်ပိုင်းမှာ ပြန်လွတ်လာတယ်လို့ ကာယကံရှင်က ဘီဘီစီကို အတည်ပြုပါတယ်။ ဦးစံကျော်လှဟာ ရခိုင်အမျိုးသားပါတီက ဖြစ်ပြီး သူ့ကိုပြန်လွှတ်ပေးဖို့ ပါတီဘက်ကလည်း ကြေညာချက်ထုတ်တောင်းဆိုထားပါတယ်။

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှပြန်လွတ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့ ပြည်သူသို့ ပန်ကြားချက်ထုတ်
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့က ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ နှစ်ဦး လက်မှတ်ရေးထိုးပြီး ပြည်သူသို့ ပန်ကြားချက်တစ်စောင်ကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်လာခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို အာခံငြင်းဆန်တဲ့ လှုပ်ရှားမှု မျိုးစုံပေါ်ပေါက်နေပြီးစတစ်ကာလှုပ်ရှားမှုတွေကအစ သံပုံးတီးတာ၊ ဝန်ထမ်းတွေကလည်း စစ်အုပ်စုလက်အောက် အမှုမထမ်းလိုတဲ့အတွက် နုတ်ထွက်တာ၊ ဖဲကြိုးနီတပ်ဆန္ဒပြတာ စတဲ့နည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတယ်လို့ ပါရှိပါတယ်။ စစ်အာဏာသိမ်းမှုကိုတိုက်ဖျက်သပိတ်မှောက်ဖို့ ဆန္ဒပြနည်းလမ်းပေါင်းစုံလိုအပ်ပြီး တစ်ခုနဲ့တစ်ခု ပူးပေါင်းချိတ်ဆက်လှုပ်ရှားကြရမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, 88 generation
ဓာတ်ပုံ ပုံစာ, ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့ရဲ့ ပြည်သူသို့ ပန်ကြားချက် မန္တလေးက ကုန်သည်တချို့ ဖဲကြိုးနီ လှုပ်ရှားမှုမှာ ပါဝင်
စစ်အာဏာသိမ်း အစိုးရ အလိုမရှိတာ၊ ဖမ်းဆီးခံ သမ္မတ ဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဖမ်းဆီခံလူအားလုံးကို လွှတ်ပေးဖို့ မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းက တတ်ကြွလှုပ်ရှားသူ လူငယ်တွေ ပူးပေါင်းပြီး ဖဲကြိုးနီလှုပ်ရှားမှု ကို ဒီမနက်မှာပြုလုပ်ခဲ့ပါတယ်။
ပဲနှမ်းကုန်သည် လူငယ်တွေ သုံးရာကျော် ပါဝင်လှုပ်ရှားပြီး သူတို့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက်တွေကနေ civil disobedience လှုပ်ရှားမှုကိုပါ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ "ဒီမိုကရေစီ ဘက်တော်သားတွေအတွက် ကမ်ပိန်းပြုလုပ်တာပါ။
ရှေ့ဆက် ပြီးလည်း အမေဒေါ်အောင်ဆန်းစုကြည်လမ်းညွှန်ချက်အတိုင်း တသေ၀ မတိမ်းဆောင်ရွက်သွားမှာပါ"လို့ အနီရောင်ဖဲကြိုးလှုပ်ရှားမူဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ပဲနှမ်းကုန်သည် ကိုတိုးက ပြောပါတယ်။ မန္တလေးမှာ စစ်အာဏာရှင်လက်အောက် တာဝန်မထမ်းဆောင်လိုတဲ့ ဆရာဝန် ဆရာမတွေ၊ ပညာရေးပိုင်းက ဆရာ ဆရာမတွေက ဖဲကြိုးနီလှုပ်ရှားမှု ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ ပုံစာ, မန္တလေးက ကုန်သည်တချို့ ဖဲကြိုးနီ လှုပ်ရှားမှုမှာ ပါဝင် 
ဓာတ်ပုံ ပုံစာ, မန္တလေးက ကုန်သည်တချို့ ဖဲကြိုးနီ လှုပ်ရှားမှုမှာ ပါဝင် 
ဓာတ်ပုံ ပုံစာ, မန္တလေးက ကုန်သည်တချို့ ဖဲကြိုးနီ လှုပ်ရှားမှုမှာ ပါဝင် 
ဓာတ်ပုံ ပုံစာ, မန္တလေးက ကုန်သည်တချို့ ဖဲကြိုးနီ လှုပ်ရှားမှုမှာ ပါဝင် ကိုဗစ်ကာကွယ်ဆေး နိုင်ငံတစ်ဝန်း ထိုးနှံမှု ပုံမှန်အတိုင်း ဒီနေ့ စမယ်
နိုင်ငံတစ်ဝန်း ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ပုံမှန်အတိုင်း ဖေဖော်ဝါရီ ၅ ရက် ဒီနေ့မှာ စတင်ထိုးပေးမယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ဒီနေ့မှာ ရန်ကုန်တိုင်းမှာ အထက (၁) ပန်းဘဲတန်း၊ အထက ၄ ဗိုတထောင်နဲ့ အထက ၂ ဒဂုံတို့မှာ ထိုးနှံပေးမှာဖြစ်ပြီး အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေကို ဦးစားပေးထိုးနှံပေးမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဓာတ်ပုံ ပုံစာ, ကိုဗစ်ကာကွယ်ဆေး နိုင်ငံတစ်ဝန်း ထိုးနှံမှု ပုံမှန်အတိုင်း ဒီနေ့ စမယ် ANP က ပြည်သူကို အစီရင်ခံစာ ထုတ်ပြန်
ရခိုင်အမျိုးသားပါတီ ANPရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် တပ်မတော်က အာဏာသိမ်းယူပြီးနောက် ဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ခန့်အပ်ခံရပြီးတဲ့နောက် ပြည်သူများသို့ အစီရင်ခံစာတင်ပြခြင်းလို့ အမည်တပ်ထားတဲ့ ရှင်းလင်းကြေညာချက်တစ်စောင် ANP ကထုတ်ပြန်လိုက်ပါတယ်။
အဲဒီစာမှာ ရခိုင်အကျပ်အတည်း ကိစ္စရပ်တွေ အပါအဝင် တခြားသော ရခိုင်အမျိုးသား အကျိုးစီးပွားတွေ ရင်ဆိုင်ကျော်လွှားဖို့ ပြည်သူတွေ ရခိုင်အမျိုးသားပါတီ ANPနဲ့ ပူးပေါင်းဖို့ ပန်ကြားတယ်လို့ ဖေဖော်ဝါရီ ၄ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဒေါ်အေးနုစိန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ခန့်အပ်ခံရပြီး နောက်တစ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းမှာ ပါတီ စီအီးစီ အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြအပြီး ဒီကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ အာဏာရ NLD ပါတီက ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ်မှ မလုပ်ခဲ့ဘူးလို့လည်း ANP နဲ့NLD တို့ကြား ဆက်ဆံရေး အခြေအနေကို အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ANP
မော်လမြိုင်ဆေးရုံ ပြင်ပလူနာဌာနပိတ်မယ်
မော်လမြိုင်ဆေးရုံကြီး ပြင်ပလူနာဌာနကို ပိတ်လိုက်ဖို့ အစည်းအဝေးလုပ် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒါကြောင့် ဆေးရုံကိုရောက်လာတဲ့ အရေးပေါ်ထိခိုက်ဒဏ်ရာရလူနာတွေကိုပဲ ကုသပေးမှာဖြစ်ပြီး လက်ရှိ ရှိနေတဲ့ လူနေတွေကိုလည်း အမြန်ဆုံး ဆေးရုံက ဆင်းပေးမယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေမှာ အရေးပေါ်လူနာတွေကိုတော့ ပြင်ပဆေးရုံနှစ်ခုက အခမဲ့ ကုသမှု ပေးမယ်လို့ သိရပါတယ်။
ဒီဆေးရုံတွေက မကုသနိုင်တဲ့ အခြေအနေရှိတဲ့ လူနာတွေကို တပ်ဆေးရုံတွေကို လွှဲပြောင်းပေးဖို့ စီစဥ်ထားတယ်လို့လည်း သိရပါတယ်။
တပ်မတော်ရဲ့ စွက်ဖက်မှုတွေရှိလာရင်တော့ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ နုတ်ထွက်ကြဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, စစ်တပ်က အာဏာသိမ်းယူတာကို ဆန့်ကျင်တဲ့ civil disobedience (ပြည်သူ့အာခံမှု) နည်းလမ်းကို စတင်လုပ်ဆောင်နေကြပါတယ်။ ရွေးကောက်ခံ အမတ်တွေ စည်ပင်ရိပ်သာမှာ လွှတ်တော်ခေါ်
NLD သဘာပတိ ဦးဝင်းထိန် ဖမ်းဆီးခံရ
NLD ပါတီ သဘာပတိ ဦးဝင်းထိန်ကို ပုဒ်မ ၁၂၄ နဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ပါတယ်။ ရန်ကုန်အိမ်ကနေ ဖမ်းဆီးခဲ့ပြီးနေပြည်တော်ကိုကားနဲ့ပို့ဆောင်နေစဉ်မှာ ဘီဘီစီက ဆက်သွယ်မေးမြန်းနိုင်ခဲ့ပါတယ်။
ဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ဖို့ ကုလလုံခြုံရေးကောင်စီ တောင်းဆို
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် စစ်တပ်က ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားဥက္ကဋ္ဌ ဘာဘရာ ဝုဒ်ဝတ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်က စတင်ပြီး နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ကိစ္စအပေါ်မှာလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အထူး စိုးရိမ်မကင်း ဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်တာတွေကို မလုပ်ဆောင်ဖို့နဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့် တွေကို လေးစားဖို့၊ တရားဥပဒေစိုးမိုးမှုကို တန်ဖိုးထားဖို့ စတာတွေကိုလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဆက်လက် ကူညီ ဆောင်ရွက်ကြဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက အာရုံထားဖို့ လိုအပ်တယ် ဆိုတာကိုလည်း အသိအမှတ်ပြုခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဦးဝင်းထိန်ကို ဖမ်းဆီး
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် ဒီကနေ့ ညပိုင်းမှာ ဖမ်းဆီးခံရတယ်လို့ သူ့မိသားစုထံက သိရပါတယ်။
ဦးဝင်းထိန် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဘီဘီစီက သူ့ရဲ့ မိုဘိုင်းဖုန်းကို ဆက်သွယ်မေးမြန်းလို့ရချိန် မေးမြန်းခဲ့ရာမှာ သူက ရန်ကုန်မြို့က နေအိမ်ကနေ ညနေပိုင်းမှာ ဖမ်းဆီးခံရကြောင်းနဲ့ သူ့ကျန်းမာရေးကောင်းမွန်ကြောင်း ပြောပါတယ်။
ဦးဝင်းထိန်ကို သောကြာနေ့ မနက် ၂ နာရီခွဲမှာ ဘီဘီစီက ဆက်သွယ်ရရှိခဲ့ချိန်မှာ သူ့ကို နေပြည်တော်ကို ကားနဲ့ ခေါ်ဆောင်သွားခြင်းခံနေရချိန် လမ်းမှာ ရောက်ရှိနေတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
ဖမ်းဆီးခံရတာကတော့ ပုဒ်မ ၁၂၄ အရ ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။
ပြစ်မှုဆိုင်ရာဥပဒေမှာ အဲဒီပုဒ်မက နိုင်ငံတော် သစ္စာဖောက်ဖျက်မှုကြီးနှင့် စပ်လျဥ်း၍ ထိမ်ချန်ခြင်းလို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး “ဟိုတုန်းကဆိုရင် ကြက်ကလေး၊ငှက်ကလေးလို ခေါ်သွားတာ။ အခုတော့ Gentleman လိုခေါ်ခံရတာ။ အသက်အရွယ်ကြောင့်လည်း ဖြစ်မယ်။ ကျန်းမာရေးကြောင့်လည်း ဖြစ်မှာပေါ့” လို့ ဦးဝင်းထိန်က ပြောပါတယ်။
သူ့ကို ဖမ်းဆီးသွားချိန်မှာ ရဲတပ်ဖွဲ့ရော စစ်တပ်ရောပါရှိတယ်လို့လည်း ပြောပါတယ်။
အာဏာသိမ်းယူချိန်ကစပြီး တက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD အစိုးရအရာရှိကြီးတွေအပါအဝင်ဖမ်းဆီးခံရသူ ၁၄၇ ဦး ဝန်းကျင်ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ထပ်မံစုံစမ်းရရှိတဲ့ အချက်အလက်တွေကို ဆက်လက် ဖော်ပြပါမယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်အောင်ဆန်းစုကြည်အမှု အလားအလာ
သမ္မတ ဦးဝင်းမြင့်ကို အိမ်တော်ကနေ ရွှေ့ပြောင်း

ဓာတ်ပုံ ရင်းမြစ်, THET AUNG/GETTY IMAGES
ဓာတ်ပုံ ပုံစာ, သမ္မတ ဦးဝင်းမြင့်ကို တပ်က ထိန်းသိမ်းထား စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ မိသားစုကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ သမ္မတအိမ်တော်ကနေ ရွှေ့ပြောင်းခဲ့တယ်လို့ နေပြည်တော်မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကနေ တဆင့် သိရပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ မိသားစုကို သမ္မတအိမ်တော်ကနေ ရွှေ့ပြောင်းခဲ့တယ်လို့ NLD ပြန်ကြားရေး ကော်မတီဝင် ဦးကြည်တိုးကလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
သမ္မတ ဦးဝင်းမြင့်ကို ဇမ္ဗူသီရိမြို့နယ်အတွင်းမှာ ရှိတဲ့ ဝန်ကြီးအိမ်ယာ ၂၅ ကို ရွှေ့ပြောင်း ထားခဲ့တယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် လှုပ်ရှားမှု
