ဆန္ဒပြ မြန်မာပြည်သူတွေကို ထောက်ခံကြောင်း အမေရိကန်သံရုံးထုတ်ပြန်
ဒီမိုကရေစီနည်းအရ ရွေးကောက်ခံထားရတဲ့ အစိုးရကို ထောက်ခံကြောင်း ပြသဖို့နဲ့ သတင်းအချက်အလက်တွေ လွတ်လပ်စွာ ရယူပိုင်ခွင့်ရဖို့ တောင်းဆို ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေကို အမေရိကန်အစိုးရက ထောက်ခံကြောင်း ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်အနေနဲ့ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံထားရတဲ့ အစိုးရကို အာဏာ ပြန်လွှဲပြောင်းပေးပြီး ထိန်းသိမ်းထားသူတွေ အားလုံး ပြန်လွှတ်ပေးဖို့ ၊ ဆက်သွယ်ရေးဖြတ်တောက်ထားမှုတွေကို ပြန်ရုတ်သိမ်းပေးဖို့၊ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ အမေရိကန် အစိုးရက ထပ်မံ တောင်းဆိုလိုက်တယ်လို့ ဖော်ပြထားပါတယ်။






















