ရေဒီယိုတွေလည်း ပြန်ရပါပြီ
အင်တာနက် ပြတ်တောက်သွားချိန် သတင်းနားထောင်ဖို့ ရေဒီယိုတွေဝယ်သူများလို့ ဆိုင်တချို့မှာ ပစ္စည်းပြတ်သွားပါတယ်။ အခုတော့ ရေဒီယိုတွေ ဝယ်လို့ပြန်ရနေပြီဆိုတာ ဒီလို ကြော်ငြာထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်ကနေ ဖေဖော်ဝါရီ ၈ ရက်အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်ထားတဲ့ စာမျက်နှာ
အင်တာနက် ပြတ်တောက်သွားချိန် သတင်းနားထောင်ဖို့ ရေဒီယိုတွေဝယ်သူများလို့ ဆိုင်တချို့မှာ ပစ္စည်းပြတ်သွားပါတယ်။ အခုတော့ ရေဒီယိုတွေ ဝယ်လို့ပြန်ရနေပြီဆိုတာ ဒီလို ကြော်ငြာထားပါတယ်။

ရန်ကုန်မြို့အနှံ့ စစ်အာဏာသိမ်း ဆန္ဒပြချီတက်မှုမှာ ပါဝင်သူတချို့ရဲ့ မတူကွဲပြားတဲ့ လူငယ်ဆန်ဆန်ရေးထားတဲ့ ဆိုင်းဘုတ်တချို့


ဓာတ်ပုံ ရင်းမြစ်, Getty Images


ဓာတ်ပုံ ရင်းမြစ်, Getty Images


ဓာတ်ပုံ ရင်းမြစ်, CJ
နေပြည်တော် သပြေကုန်းအဝိုင်းကို ဆန္ဒပြသူတွေ အများအပြားက ပိတ်ဆို့ထားမှု ဖြစ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပါတယ်။
ဆန္ဒပြသူတွေကို မီးသတ်ပိုက်နဲ့ ဖြိုခွင်းမှု ဖြစ်ခဲ့ပြီး မကြာခင်မှာ အဲဒီလိုပြုလုပ်တာ ရပ်သွားတယ်လို့ သိရပါတယ်။





စစ်အာဏာသိမ်းမှုကို မြန်မာနိုင်ငံတစ်ဝန်းမှာ အကြမ်းမဖက် Civil Disobedience Movement ပြည်သူ့အာခံမှုနည်းနဲ့ ဆန့်ကျင်နေကြတာကို ထောက်ခံတယ်လို့ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တအာင်းပလောင်လက်နက်ကိုင်အဖွဲ့ TNLA ကဖေ့စ်ဘွတ်ခ်ကနေထုတ်ဖော်ပြောပါတယ်။
အဲဒါနဲ့အတူ စစ်အစိုးရ ကျရှုံးပါစေလို့လည်း ရေးသားထားပါတယ်။
ဒါဟာ ဒီလှုပ်ရှားမှုကို ထောက်ခံကြောင်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေထဲက ပထမဆုံး ထုတ်ဖော်ပြောဆိုတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TNLA
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက် ဆန့်ကျင်သူတွေကို အလေးအနက် ဦးညွတ်ကြောင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဥပဒေမဲ့ အာဏာသိမ်းယူပြီး နိုင်ငံတော်ကို ဆန့်ကျင်သော လုပ်ရပ်ကိုအကြမ်းမဖက်တဲ့ နည်းမျိုးစုံနဲ့
ဆန့်ကျင်ကန့်ကွက်တဲ့ မြန်မာနိုင်ငံတစ်ဝန်းက တိုင်းရင်းသားပြည်သူတွေရဲ့ တာဝန်ကျေပွန်မှု၊ ရဲရင့်ပြတ်သားမှုတွေကို အလေးအနက် ဦးညွတ် မှတ်တမ်းတင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းယူတာကို ကန့်ကွက်ခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ကျေးဇူးတင်တယ်စတဲ့ အချက်တွေကို အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NLD
စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှု လူထောင်ပေါင်းများစွာ ပါဝင်တဲ့ ဒုတိယနေ့ ဆန္ဒပြပွဲကို ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်ခဲ့ပြီး ဒီကနေ့ တတိယမြောက်နေ့အဖြစ် ရန်ကုန်မှာ ဆက်လက်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ဒီကနေ့ တတိယမြောက်နေ့မှာ မြေနီကုန်းမှာ “အာဏာရှင်ဆန့်ကျင်ရေးလူထုအစည်းအဝေးပွဲ” လုပ်ဖို့ရှိတယ်လို့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မအိသဉ္စာမောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ပြောပါတယ်။
အဲဒီအစည်းအဝေးကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေး၊ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းရေး စတာတွေကို ဆုံးဖြတ်ချက် ချသွားမယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့နဲ့အတူ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မုံရွာ၊ တာချီလိတ်၊ ရေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ လွိုင်ကော်၊ ဂွ၊ သံတွဲ၊ လားရှိုး၊ ပုဂံနဲ့ တောင်ကြီးမြို့ စတဲ့နေရာတွေမှာလည်း စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြမှုတွေ လုပ်နေတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, Rocky
စစ်အာဏာသိမ်းတာ ဆန့်ကျင်ဆန္ဒပြမှုကို မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၈ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။



The Lady ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မီရှဲလ်ယိုက မြန်မာဒီမိုကရေစီရေးထောက်ခံကြောင်း သူ့အင်စထရာဂရမ်မှာ တင်ခဲ့ပါတယ်။
ယခုဆောင်းပါးတွင် Instagram မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Instagram ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of Instagram post
စစ်အာဏာသိမ်းမှုကို မန္တလေး မစိုးရိမ်တိုက်သစ် နာယက ဆရာတော်တွေက ကန့်ကွက်ကြောင်း စာထုတ်ပြန်လိုက်ပါတယ်။
ဒါအပြင် ပျော်ဘွယ်က ကန်ဦးပရိယတ္တိ စာသင်တိုက်ကလည်း အဓမ္မပြုကျင့်နေမှုများကို မနှစ်သက်ကြောင်းနဲ့ ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ လ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
လာမယ့် ရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာ စာသင်တိုက်တွေက စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့စာတွေ ဆက်ထုတ်ဖို့ ရှိတယ်လို့ လည်း ရန်ကုန်မြို့က ဗုဒ္ဓဘာသာ စာချဆရာတော်အချို့ဆီကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images


ဓာတ်ပုံ ရင်းမြစ်, MPA
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မနက်စောစောမှာ တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူလိုက်တဲ့ အချိန်ကစလို့ နေပြည်တော်က နေအိမ်တွေမှာ ပြည်ထောင်စုဝန်ကြီးတွေကိုလည်း အကျယ်ချုပ်သဘောမျိုး ဆက်လက် ထိန်းသိမ်းထားတယ်လို့ ဘီဘီစီက ဆက်သွယ်လို့ ရတဲ့ ပြည်ထောင်စုဝန်ကြီး တစ်ဦးက ပြောပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက် မနက် မိုးလင်းတဲ့အချိန်မှာ သူ့အိမ်ရှေ့မှာ စစ်ကားနဲ့ လာပိတ်ရပ်ထားပြီး အပြင်ထွက်ခွင့်မရတော့ဘူးလို့ ပြောပြပါတယ်။
ဒီလိုအကျယ်ချူပ်ချခံထားရသူတွေထဲမှာ သိရသလောက် အစိုးရ အဖွဲ့ရုံး ဝန်ကြီးဦးမင်းသူ၊ သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်တို့ ပါဝင်ပါတယ်။
တခြားဝန်ကြီးတွေလည်း ပါဝင်နိုင်ပေမယ့် အခြေအနေတွေကိုတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကိုတော့ ပြင်ပနဲ့ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းတွေပါ သိမ်းဆည်းထားတယ်လို့ သိရကြောင်းလည်း ပြောပါတယ်။ နေ့စဉ် စားသောက်ရေးနဲ့ ပတ်သက်လို့တော့ အရင်ကတည်းက ကြိုတင်စုဆောင်းထားတဲ့ စားစရာတွေနဲ့ ဆက်လက် စားသောက်နေတယ်လို့ ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များတွေဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ လွှတ်တော် ခေါ်ယူခဲ့တယ်လို့ ထားဝယ်ဒေသခံ Dakkhina Insight သတင်းဌာနက သတင်းဖော်ပြပါတယ်။
ဒီလွှတ်တော် အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်တွေက သဘာပတိရှေ့မှောက်မှာ ကတိသစ္စာပြုခြင်းအပါအဝင် အစီအစဉ် ၅ ရပ်နဲ့ ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးခန့် တက်ရောက်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြပါတယ်။
လွှတ်တော်အစည်းအဝေးကို Zoom နဲ့ ကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ ၆ နာရီခွဲ မှာကျင်းပ ပြီးစီးခဲ့တယ်လို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - Htoo Nay Aung fb

ဓာတ်ပုံ ရင်းမြစ်, EPAVATICAN MEDIA HANDOUT
ခရစ်ယာန် ဘုန်းတော်ကြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ဖေဖော်ဝါရီလ ၇ ရက် တနင်္ဂနွေနေ့ မှာ ဟောကြားတဲ့ သူ့ရဲ့ တရားဒေဿနာထဲမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်နေကြတဲ့ ဆန္ဒပြ မြန်မာပြည်သူ ပြည်သားတွေနဲ့ သူ တစ်သားတည်းရှိနေပါတယ်လို့ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။
နိုင်ငံကို အုပ်ချုပ်တာဝန်ယူတဲ့သူတွေအနေနဲ့ ဒီမိုကရေစီနည်းကျကျ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်ရေးအတွက် အများကောင်းကျိုးနဲ့ လူမှုရေးအရ တရားမျှတမှုတွေကို တကယ့်စိတ်ရင်းအမှန်နဲ့ ဆောင်ရွက်လိုကြောင်း ပြနိုင်ဖို့ သူဆုတောင်း နေပါတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောသွားပါတယ်။
ဗာတီကန်မြို့က စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး သူ ၂၀၁၇ ခုနှစ်က သွားရောက် လည်ပတ်ပြီးချိန်ကစလို့ သူ့နှလုံးသားထဲမှာ စွဲကျန်နေစေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြမှုကြောင့် မြဝတီမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဆန္ဒပြသူ တချို့ အဖမ်းခံခဲ့ရအပြီး ည ၇ နာရီလောက်မှာ အားလုံးကို ခံဝန်ချက်လက်မှတ် ရေးထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရသူ စုစုပေါင်း ၁၄ ဦးအထိ ရှိပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ မြို့ခံတွေက စောစောပိုင်းက ရဲစခန်းမှာ သွားရောက် တောင်းဆိုခဲ့ကြပါတယ်။
အခုတော့ အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးလိုက်ပြီမို့ တောင်းဆိုသူတွေလည်း လူစုခွဲပြီး ပြန်သွားကြပြီ ဖြစ်ပါတယ်။
နောက်ဆုံး ထပ်သိရတဲ့ သတင်းတွေအရ ဘားအံကနေ ကားကြီး ၃ စီးနဲ့ ရဲဝန်ထမ်း ၉၀ ခန့် မြဝတီကိုရောက်လာတယ်လို့ သိရပါတယ်။
တပ်မတော်ရဲ့ အာဏာသိမ်းမှုအပေါ် ယူကေအစိုးရရဲ့ တုံ့ပြန်မှု၊ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ယူကေက ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေသလဲ ဆိုတဲ့အကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး ဒန်ချက် က BBCNewshour ကို ပြောကြားခဲ့ချက်
“သီတင်းပတ် အစောပိုင်းကတည်းက ယူကေအစိုးရအနေနဲ့ ကမ္ဘာတဝန်းက နိုင်ငံတွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ အားသွန်ခွန်စိုက် လုပ်နေပါတယ်။ ယူကေနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အခုလမှာ တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်တာနဲ့အညီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံစလုံးက တညီတညွတ်တည်း သဘောတူတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ ထိန်းသိမ်းထားသူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီ အဖွဲ့အစည်းနဲ့ လုပ်ငန်းစဉ်တွေကို လေးစားလိုက်နာဖို့ တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါတယ်။ အခုလို မြန်မာနိုင်ငံအရေးကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံး တညီတညွတ်တည်း ကြေညာချက်ထုတ်ပြန်တာဟာ ၂၀၀၈ ခုနှစ်ကတည်းက ဆိုရင် ဒါဟာ ပထမဆုံးဖြစ်ပါတယ်။ ဒီကြေညာချက်မှာ တရုတ်နဲ့ ရုရှားကပါ ပါဝင်လာတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက သိပ်ကို အရေးကြီးတယ်ဆိုတာကို ယူကေ တင်မက ကမ္ဘာ့နိုင်ငံတွေကပါ ရှုမြင်ယူဆလာတာကို ဖော်ပြနေတာပါ။ တခါ လုံခြုံရေးကောင်စီတင်မက G7 ကမ္ဘာ့ထိပ်သီးစက်မှု ၇ နိုင်ငံအဖွဲ့မှာလည်း ယူကေနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတာမို့G7 မဟာမိတ်နိုင်ငံတွေနဲ့ အတူပူးပေါင်း ဆောင်ရွက်နေပြီး စစ်အာဏာသိမ်းမှုကို ရှုတ်ချပြစ်တင်တဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ခဲ့ပါတယ်။ ဒီတော့ အခု သီတင်းတစ်ပတ်လုံးမှာ ယူကေအစိုးရဟာ မိတ်ဘက်နိုင်ငံတွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေအများကြီး လုပ်ခဲ့ပါတယ်။ အခု မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် သူတို့တွေ အကြီးအကျယ် ဒေါသ အမျက်ထွက်နေကြတယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး"

ဓာတ်ပုံ ရင်းမြစ်, ML
မြန်မာတစ်နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ လုပ်ခဲ့ကြချိန်မှာရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာတော့ စစ်မှုထမ်းဟောင်းအဖွဲ့က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၆ ရက် နေ့လယ်ပိုင်းက တပ်မတော် ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
အင်အား တစ်ရာကျော်ခန့် ပါဝင်တဲ့ တပ်မတော် ထောက်ခံသူတွေဟာ မကျည်းမြိုင်ရပ်ကွက်မှာ ရှိတဲ့ စစ်မှုထမ်းဟောင်းအဖွဲရုံးကနေ ပလုတ်တောင်ရပ်ကွက် လောကာနန္ဒာလမ်းဆုံအထိ ပိုစတာတွေ ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ခဲ့ ကြပါတယ်။
အဲဒီထောက်ခံပွဲမှာ စစ်မှုထမ်းဟောင်း မိသားစုတွေအပြင် သံဃာတော်တွေလည်း ပါဝင်ခဲ့ကြပြီး အခုလို စီတန်းလှည့်လည်တာဟာ တပ်မတော်အနေနဲ့ အစိုးရသစ် ဖွဲ့စည်းရာမှာ တိုင်းရင်းသားတွေကို ထည့်သွင်းလာတဲ့အပေါ် ထောက်ခံကြောင်း ပြသတာ ဖြစ်တယ်လို့ ဆန္ဒပြမှု ဦးဆောင်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ရင်းမြစ်, KT
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ စစ်ကိုင်းတိုင်း လွှတ်တော်အမတ်တွေက ဖေဖော်ဝါရီ ၇ ရက်နေ့ မုံရွာမှာ ပထမဆုံးလွှတ်တော်ကို စတင်ခေါ်ယူပြီး လွှတ်တော် အစည်းအဝေးကို စတင်ခဲ့ပါတယ်။
လွှတ်တော်အစီအစဉ် အတိုင်းပြုလုပ်ခဲ့ပြီး သဘာပတိကိုရွေးချယ် တင်မြှောက်ခဲ့ပါတယ်။ လွှတ်တော်အစည်းဝေးတက်ရောက်သူ NLD လွှတ်တော်ကိုယ်စားလှယ် ၃၀ခန့်ရှိခဲ့ပါတယ်၊
အဝေးရောက်ကိုယ်စားလှယ်တွေကို ဖုန်းခေါ်ကာ သဘာပတိရှေ့စားပွဲမှာ ဖုန်းတွေကိုတင်ကာ လွှတ်တော်လုပ်ငန်းစဉ်တွေကိုဆောင်ရွက်ခဲ့တယ်လို့ ဘုတလင်မြို့နယ် အမတ် ဒေါက်တာဇေလင်းမောင်ကဆိုပါတယ်။
ပထမေန့ အစည်းဝေးမှာပဲ သဘာပတိက အထမြောက်ကြောင်းကြေငြာခဲ့ပြီး တတိယအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို အဆုံးသတ်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ လုပ်ငန်းစဉ်အတိုင်းဆက် လုပ်ဆောင်သွားမယ်လို့လဲ ကနီ အမတ် ဦးထွန်းထွန်းဝင်းကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KT

ဓာတ်ပုံ ရင်းမြစ်, Dawei Watch
ထားဝယ်မှာ ဖေဖော်ဝါရီ ၇ ရက်နေ့က လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
တတိယနေ့ ထားဝယ်ဆန္ဒပြပွဲမှာ လမ်းပေါ်မှာ လူတွေ၊ ဆိုင်ကယ်တွေနဲ့ ပြည့်နေတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dawei Watch

ဓာတ်ပုံ ရင်းမြစ်, Dawei Watch
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါရဲ့ ထုတ်ပြန်ချက်
“မနေ့ကထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ကိုထပ်ပြီးပြောပါမယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့အစိုးရနဲ့ သူတို့ရဲ့အခွင့်အရေးဖြစ်တဲ့ သတင်းအချက်အလက် လွတ်လပ်စွာရရှိခွင့်ကို အားပေးထောက်ခံတဲ့အနေနဲ့ ဆန္ဒပြတာကို ကျွန်တော်တို့ အားပေးထောက်ခံပါတယ်။ စစ်တပ်အနေနဲ့ သူတို့ရဲ့အာဏာကိုစွန့်လွှတ်ဖို့၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရ ပြန်ပြီးအသက်ဝင်စေဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဆက်သွယ်ရေးကန့်သတ်ချက်အားလုံးဖယ်ရှားပေးဖို့နဲ့ အကြမ်းဖက်ခြင်းကနေပြီး ရှောင်ကြဉ်ကြဖို့အတွက် ကျွန်တော်တို့အနေနဲ့ ထပ်ပြီးတောင်းဆိုပါတယ်”

ဓာတ်ပုံ ရင်းမြစ်, US Embassy Rangoon
ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းက မြဝတီမြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ရာမှာ ရဲတွေက ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သတင်းရရှိထားပြီး ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်မှာ ရဲတွေက လူခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
မြဝတီမြို့အတွင်း အခုလို ဆန္ဒပြမှုတွေမှာ ပါဝင်သူတွေက တိုက်ရိုက် ထုတ်လွှင့်ကြရာမှာ ဆိုင်ကယ်တွေ အများစုနဲ့ ဟွန်းတီးပြီးတော့လည်း ဆန္ဒပြကြတာကို တွေ့ရပါတယ်။
မြဝတီက အဖမ်းခံရတဲ့အမျိုးသမီးဟာ အဲ့ဒီက Child Care Foundation ရဲ့ managing director ဒေါ်ခင်ထားဖြစ်ပြီး လူငယ် ၅ယောက်က မြဝတီမြို့ခံ ကျောင်းသားလူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
အခုအခါ အဲ့ဒီဖမ်းသွားတဲ့ ၆ ယောက်ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေက မြဝတီရဲစခန်းကို ဝိုင်းပတ်ပြီးဆန္ဒပြနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, MPA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းသွားရာမှာ အဆက်အသွယ်မရတာ သီတင်းတစ်ပတ်အထိ ကြာလာပြီ ဖြစ်တဲ့အတွက် မိသားစုတွေက စိုးရိမ်နေကြကြောင်း အဖမ်းခံရသူတစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ရဲ့ ဇနီးဒေါ်ခင်အုန်းမြင့်က ပြောပါတယ်။
ဒေါက်တာမျိုးညွန့်ဟာ အဖမ်းမခံရခင် ဇန်နဝါရီလ ၃၀ ရက်နေ့ကမှ သူ့ရဲ့ အရိုးပွရောဂါ စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေကြောင်း သိထားရတာ ဖြစ်လို့ တွေ့ခွင့်ရပြီး လိုအပ်တဲ့ ဆေးတွေလည်း ပေးခွင့်ရဖို့ မေတ္တာရပ်ခံပါတယ်လို့ ဇနီးဒေါ်ခင်အုန်းမြင့်က ပြောပါတယ်။