ပါရမီရှင်ကလေးငယ်မျိုးကို ဘယ်လိုမွေးထုတ်နိုင်သလဲ

Two children playing

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကလေးငယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အတွေ့အကြုံမျိုးစုံရအောင် လုပ်ပေးပါ
    • ရေးသားသူ, အာမန်ခဝါးဂျား
    • ရာထူးတာဝန်, BBC World Service
  • ရေးသားခဲ့သည်။
ထူးချွန်ပါရမီရှင်ကလေးငယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၄၅ နှစ်ကြာသုတေသနပြုလုပ်ပြီး ပါရမီရှင် ကလေးငယ်တယောက်ကို ဘယ်လို ပြုစုပျိုးထောင်မလဲဆိုတာလေ့လာခဲ့ပါတယ်

ဆိုက်ကိုမက်ထရစ်ပါမောက္ခ ဂျူလီယန် စတန်လေဟာ အသက် ၁၂ နှစ်အရွယ် ကွန်ပျူတာသိပ္ပံဆိုင်ရာ ထူးချွန်သူ ပါရမီရှင်ကလေးငယ်တယောက်ကို တွေ့ခဲ့ပါတယ်။ အမေရိကန် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှာ ၁၉၆၈ ခုနှစ်က တွေ့ခဲ့တာပါ။

ကလေးနာမည်က ဂျိုးဇက် ဘိတ်စ်ပါ။ သူကဉာဏ်ကောင်းပါတယ်။ ဒါပေမယ့် သူ့အတွက် ကျောင်းဟာ ပျင်းစရာဖြစ်နေပါတယ်။ သူကရွယ်တူတွေထက်ရှေ့ပြေးနေတော့ သူနဲ့ ရွယ်တူတွေသင်တဲ့စာဟာ သူ့အတွက် ပျင်းစရာ ဖြစ်နေတာပါ။

ပါမောက္ခစတန်လေဟာ သူ့ကို ၄၅ နှစ်လုံးလုံး စောင့်ကြည့်လေ့လာခဲ့ပါတယ်။ တခြားထူးချွန်သူတွေ ဖြစ်တဲ့ ဖေ့စ်ဘုတ်က မာ့က်ဇူကာဘတ်တို့ လေဒီဂါဂါတို့နဲ့ပါ နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။

Google's Sergey Brin, Lady Gaga and Facebook's Mark Zuckerberg

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂူးဂဲ တည်ထောင်သူ ဆာဂေးဘရင်၊ လေဒီဂါဂါ၊ ဖေ့စ်ဘုတ်တည်ထောင်သူ မာ့က်ဇူကာဘတ်တို့ဟာလည်း စောင့်ကြည့်လေ့လာသုတေသနပြုခံသူတွေထဲမှာ ပါဝင်ခဲ့။

ဂျိုးဇက်ဘိတ် ကြီးတော့ ဘာဖြစ်လာပါသလဲ။ တော်တော်လေး အောင်မြင်ပါတယ်။

သူကပညာဆက်သင်ပြီး ဒေါက်တာဘွဲ့ရပါတယ်။ တက္ကသိုလ်မှာ ဆရာပြန်လုပ်ပါတယ်။ ခုတော့ သူဟာ ဉာဏ်ရည်တု နည်းပညာကို အဦးဆုံး ဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေထဲက တယောက်ဖြစ်လာပါတယ်။

ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှာပဲ ပါမောက္ခစတန်လေဟာ ထူးချွန်လူငယ်တွေကို လေ့လာတဲ့ အစီအစဉ်တခုစတင်ခဲ့ပါတယ်။ သင်္ချာထူးချွန်တဲ့ ထိပ်ဆုံးက လူငယ် ၁ ရာနှုန်းက ရွေးချယ်ပြီး လူငယ် ၅၀၀၀ ကိုလေ့လာတဲ့ အစီအစဉ်ဖြစ်ပါတယ်။

Joseph Bates

ဓာတ်ပုံ ရင်းမြစ်, LinkedIn

ဓာတ်ပုံ ပုံစာ, ဂျိုးဇက်ဘိတ်စ်ကို ကာလအရှည်ကြာဆုံး စောင့်ကြည်လေ့လာခဲ့ပါတယ်

လေ့လာတွေ့ရှိတဲ့ အဖြေက များများလေ့ကျင့်ရင် အရည်ပြည့်မီလာတယ်ဆိုတဲ့ ရှေးရိုးအယူအဆနဲ့ မကိုက်ညီပါဘူး။ သူ့ရဲ့ သုတေသနတွေ့ရှိချက်အဖြေက ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ ဆုံးဖြတ်ချက်ဘယ်လို မှန်မှန်ကန်ကန်ချမလဲ ဆိုတဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းဟာ အောင်မြင်မှုအတွက် လေ့ကျင့်မှုထက်ပိုအရေးပါတယ်လို့ တွေ့လာရပါတယ်။

ဒါကြောင့်တော်တဲ့ချွန်တဲ့ ကလေးငယ်တွေထွက်ပေါ်လာအောင် ငယ်ရွယ်စဉ်မှာ ပြုစုပျိုးထောင်မှုက အရေးပါတာကို တွေ့လာရပါတယ်။ "ကလေးကို ထူးချွန်ပါရမီရှင်ဖြစ်လာအောင် ဇွတ်မတွန်းပါနဲ့။ အဲဒါဆိုရင်တော့ မလိုလားအပ်တဲ့ လူမှုရေးပြဿနာ၊ စိတ်ခံစားချက်ပြဿနာတွေ တပြုံကြီးတက်လာပါလိမ့်မယ်။" လို့ ပညာရေးဆိုင်ရာကျွမ်းကျင်သူတွေ ကဆိုကြပါတယ်။

ဒီတော့ တော်တဲ့ချွန်တဲ့ ကလေးငယ်တယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ပေးဖို့ လိုသလဲဆိုတော့ ဟောဒီအချက်တွေကို သတိထားဖို့ လိုပါတယ်။

Two children playing

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကလေးငယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အတွေ့အကြုံမျိုးစုံရအောင် လုပ်ပေးပါ

၁။ အတွေ့အကြုံမျိုးစုံရအောင် လမ်းဖွင့်ပေးပါ

ကလေးငယ်တယောက် အတွေ့အကြုံများများစုံတာဟာ သူ့အနေနဲ့ ကမ္ဘာလောကနဲ့ ရင်ဆိုင်ဖို့ ယုံကြည်စိတ် တိုးပွားစေပါတယ်။ ရင်းနှီးကျွမ်းဝင်လာရင် သက်တောင့်သက်သာ ရင်ဆိုင်နိုင်တယ်လို့ စိတ်ပညာရှင်တွေက ဆိုကြပါတယ်။ သတ္တိဆိုတာ မတူတဲ့အရာတွေကို စုံအောင်တွေ့ကြုံဖူးမှရနိုင်ပါတယ်။

Child playing chess

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စိန်ခေါ်မှုအသစ်တွေက ကလေးတွေရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းကို တိုးတက်စေပါတယ်

၂။သူတို့မှာရှိတဲ့ အရည်အသွေးနဲ့ စိတ်ဝင်စားမှုကို မြေတောင်မြှောက်ပေးပါ။

အားကစားအသစ်တမျိုးမျိုးပဲဖြစ်ဖြစ်၊ တူရိယာအသစ်တမျိုးမျိုးဖြစ်ဖြစ်၊ သရုပ်ဆောင်သင်တန်းပဲဖြစ်ဖြစ် ဘာပဲဖြစ်နေနေ သင့်ကလေးငယ်မှာ ရှိတဲ့ အရည်အချင်းကို မြေတောင်မြှောက်ပေးပါ။ ကလေးတယောက်ကို သူမဖြစ်ချင်တာ ဇွတ်လုပ်ဖို့ ဖိအားမပေးပါနဲ့။

Girl answering a question

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျောင်းမှာ ကလေးတွေ မေးခွန်မေးတာကို အားပေးပါ

၃။ ကလေးငယ်ကို အသိ႕ဉာဏ်ဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ ကူညီထောက်ပံ့မှုပေးပါ။

သိချင်စိတ်ဟာ လေ့လာမှုအားလုံးရဲ့ အသည်းနှလုံးပါ။

ကလေးဟာ ကျောင်းမတက်ခင်ကတည်းက သူသိချင်တဲ့မေးခွန်းတွေကို တောက်လျှောက်မေးပါလိမ့်မယ်။ ကလေးက အဲသလိုမေးတဲ့မေးခွန်းတွေကို စိတ်ရှည်ရှည်ဖြေပေးဖို့ အရေးကြီးပါတယ်။ သူတို့မေးတဲ့မေးခွန်းတွေက ပါးပါးလေးတွေ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အဲဒါဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်တော့ သိပ်အရေးပါပါတယ်။

ဘာ့ကြောင့် ဘယ်လိုဆိုတာကို များများမေးလေလေ သူတို့ဟာ ကျောင်းမှာပိုတော်လေလေပဲ။

Girl sitting in front of black board

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထူချွန်ပါရမီရှင်ကလေးငယ်မျိုးအတွက် တချို့ အတန်းတွေကို အဆင့်ကျော်သင်ကြားနိုင်ဖို့ အစီအစဉ်တွေ လုပ်ပေးတာမျိုးရှိတတ်ပါတယ်

၄။ အားထုတ်တာကို ချီးမွမ်းပါ။ အရည်အချင်းကို မချီးမွမ်းပါနဲ့။

ကလေးငယ်ရဲ့ အတွေးအခေါ်မှာ လေ့လာတာကို ချစ်မြတ်နိုးနေပါစေ။ ရလဒ်ကောင်းရတာမရတာကို အဓိက မထားပါစေနဲ့။

ကလေးငယ်တွေဟာ သူတို့မိဘတွေရဲ့ ပြုမူပုံကိုလိုက်ပြီး တုန့်ပြန်တတ်ပါတယ်။

ဒါ့ကြောင့် ကလေးက ဘာသာစကားအသစ်တခုခုကို လေ့လာချင်တာပဲဖြစ်ဖြစ်၊ စက်ဘီစီးချင်တာပဲဖြစ်ဖြစ် သင်ယူချင်တာမှန်သမျှကို အားပေးပါ။

Child sitting in front of a computer

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆုံးရှံးမှာကို ကလေးငယ်တွေ မကြောက်တတ်အောင် သင်ပေးရမယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်

၅။ ကျရှုံးတာ ကြောက်စရာမဟုတ်

အမှားတွေဟာ သင်ခန်းစာယူစရာတွေလို့ နားလည်အောင် သင်ပြပါ။ လေ့လာရေးအတွက် မဖြစ်မနေဖြတ်သန်းရတဲ့ အဆင့်တွေလို့ သဘောထားတတ်ပါစေ။ အမှားတွေကို သင်ယူပြီး နောက်တကြိမ်မှာ ဘယ်လို ပိုကောင်းအောင် လုပ်မလဲဆိုတာ သင်ယူတတ်အောင် ကလေးကို အကူအညီပေးပါ။

Child doing a school project

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထူးထူးခြားခြား မှတ်ဉာဏ်ကောင်းတာ၊ စာရေးစာဖတ်စောတာ၊ ထူးခြားတဲ့ ဝါသနာ စိတ်ဝင်စားမှုတွေရှိတာဟာ ပါရမီရှင်ကလေးငယ်တွေရဲ့ လက္ခဏာ

၆။ သူ့ရဲ့ထူးခြားချက်ကို သိပါစေ။

ကိုယ့်ကလေးရဲ့ ထူးခြားချက်ဟာ သူနဲ့ တခြားကလေးတွေကွာခြားတဲ့ အရာပဲ ဖြစ်ပါတယ်။ အဲဒီထူးခြားချက်ကို သတိပြုမိအောင် ပြောပြပါ။ အဲသလိုပြောပြခြင်းအားဖြင့် တခြားကလေးတွေရဲ့ အနိုင်ကျင့်စော်ကားမှုကြောင့် စိတ်ဓာတ်ကျတာမျိုးက ကင်းဝေးစေသလို၊ စိတ်ပျက်တာ၊ စိတ်ပင်ပန်းတာတွေကိုလည်း လျော့ကျစေပါတယ်။

Girl holding books

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုယ့်ရဲ့ထူးခြားချက်ကို ကလေးငယ်ကိုယ်တိုင်သိပါစေ

၇။ ဆရာနဲ့တွေ့ဆုံတိုင်ပင်ပါ။

ကိုယ့်ကလေးရဲ့ လိုအပ်ချက်ကို သိနိုင်အောင် ဆရာတွေနဲ့ တိုင်ပင်ပါ။ ပူးပေါင်းဆောင်ရွက်ပါ။ ဥာဏ်ကောင်းတဲ့ ကလေးတွေဟာ တခါတလေ တခြားကလေးတွေထက် ပိုပြီးလိုအပ်ချက်များတတ်ပါတယ်။ သူတို့ကို စိန်ခေါ်နေတဲ့ အရာတွေရှိတတ်ပါတယ်။ ပိုပြီး ထောက်ပံ့ကူညီမှုလိုတတ်ပါတယ်။ တခါတလေမှာ သူတို့ဖာသာ လွတ်လွတ်လပ်လပ် လေ့လာဖို့ လွတ်လပ်မှုပိုပြီးလိုတတ်ပါတယ်။

လက်ရှိပညာရေးစနစ်မှာ ကလေးတွေရဲ့ တကယ့်လိုအပ်ချက်ကို သိရေးဟာ အရေးကြီးပါတယ်။

၈။ ကိုယ့်ကလေးရဲ့ အရည်အသွေးကို စမ်းသပ်ပါစေ။

အဲသလို စမ်းသပ်စစ်ဆေးကြည့်မှ ဘာလိုအပ်တယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ စာအရေးအဖတ်မှာ ခက်ခဲတဲ့ ဒစ်စလက်ဇီးယား လိုမျိုး ၊ အာရုံစူးစိုက်မှုခက်ခဲတဲ့ အတက်ကြွလွန်ရောဂါ လိုမျိုး၊ ဒါမှမဟုတ် လူမှုရေးဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ ပြဿနာတွေရှိမရှိ သိနိုင်မှာဖြစ်ပါတယ်။

Child writing on blackboard

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထူးချွန်ပါရမီရှိတဲ့ ကလေးငယ်တွေကို သူတို့စိတ်ဝင်စားတာ သူတို့လုပ်ပါစေ

ကိုယ့်ကလေးဟာ ထူးချွန်တဲ့ ပါရမီရှင်ဖြစ်နိုင်မဖြစ်နိုင် ဘယ်လိုသိနိုင်မလဲ

က။ သူများထက် မှတ်ဉာဏ်ပိုကောင်းတာ

ခ။ စာကို စောစောဖတ်တတ်တာ

ဂ။ တမူထူးခြားတဲ့ ဝါသနာ၊ စိတ်ဝင်စားမှု၊

ဃ။ ပြင်ပကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကို သတိပြုမိတတ်တာ

။ တချိန်လုံး မေးခွန်းတွေ တောက်လျှောက်မေးနေတာ

စ။ ဟာသဉာဏ်ရွှင်တာ

ဆ။ ဂီတကို စိတ်ဝင်စားတာ

စျ။ စိုးမိုးနိုင်တာကို သဘောကျ နှစ်ခြိုက်တာ

တွေရှိတဲ့ ကလေးမျိုးဟာ ထူးချွန်တဲ့ ပါရမီရှင်တွေ ဖြစ်လာတတ်ပါတယ်။