ဒေါ်အောင်ဆန်းစုကြည် အီတလီဝန်ကြီးချုပ်နဲ့တွေ့

ရေးသားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ခရီးစဉ်ရဲ့ နောက်ဆုံး အပိုင်း အဖြစ် အီတလီနိုင်ငံမှာ ရောက်ရှိနေပြီး ဒီကနေ့ စောစောပိုင်း မှာတော့ သူဟာ အီတလီ ဝန်ကြီးချုပ် Enrico Letta နဲ့ တွေ့ဆုံခဲ့ ပါတယ်။
အဲဒီ နောက်မှာတော့ ပုပ်ရဟန်း မင်ကြီးနဲ့ ဗာတီကန်မှာ တွေ့ဆုံခဲ့ပါတယ်။
မနေ့ညတုန်း ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ရောမ မြို့တော်ဝန်က ပေးအပ်တဲ့ဂုဏ်ထူးဆောင် ရောမမြို့တော်သူ ဆုကို လက်ခံ ယူခဲ့ပါတယ်။
အဲဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က၊ အခုလို ရောမမြို့တော်သူ ဆုကို ရရှိလို့ ဂုဏ်ယူ ဝမ်းမြောက် မိကြောင်း ပြောကြား ခဲ့ပါတယ်။




