ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူနာ အမှတ် ၁ အမေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဧပြီလ ၉ ရက် ထုတ်ပြန်ချက် အရ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ လူနာအမှတ် ၂၃ ဟာ ချင်းပြည်နယ်က တီးတိန်က ဖြစ်ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၂၃ ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ် ကျေးရွာမှာ နေထိုင် တဲ့ အသက် ၅၈ နှစ်အရွယ် မြန်မာနိုင်ငံသား၊ အမေရိကန်နိုင်ငံက Green Card ရရှိထားသူဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ လူနာအမှတ် ၁ ရဲ့ မိခင်ဖြစ်ပါတယ်။
အဲဒီအမျိုးသမီးဟာ လူနာ အမှတ် ၁ နဲ့ အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ကနေ မတ် လ ၁၃ ရက်နေ့ ထွက်ခွာခဲ့ပြီး ကာတာနိုင်ငံ၊ ဒိုဟာမြို့ က တစ်ဆင့် ရန်ကုန် ၊အဲဒီကနေ ကလေးမြို့ကို လေကြောင်းကနေ လာရောက်ခဲ့တာဖြစ်ပါတယ်။အဲဒီကနေ မှ တဆင့် တီးတိန်ကိုရောက်လာတာပါ။
လူနာနံပါတ် ၁ ဟာ မတ်လ ၁၉ ရက်နေ့ မှာ စတင်ဖျားနာလာခဲ့တာဖြစ်ပါတယ်။
လူနာနံပါတ် ၂၃ ကိုလည်း တီးတိန် ကပ်တဲလ် ရွာအတွင်းက သီးသန့်အိမ်တစ်လုံးမှာ သီးခြားခွဲခြား စောင့်ကြပ်ကြည့်ရှု ထားရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ် ။
စောင့်ကြပ်ကြည့်ရှုတာ ပြီးမြောက်ခါနီးမှာ ဧပြီလ ၇ ရက်နေ့ ဓာတ်ခွဲ နမူနာယူ စစ်ဆေးခဲ့ရာမှာ အခုလို ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။