ရန်ကုန်ကမြို့နယ်အချို့ကို ၂၀၂၀ မှာ ဆေးလိပ်ငွေ့ကင်းစင်တဲ့မြို့တွေဖြစ်နိုင်ဖို့လုပ်ဆောင်နေ

ရန်ကုန်က မြို့နယ်အများစုကို လာမယ့်၂၀၂၀မှာ ဆေးလိပ်ငွေ့ကင်းစင်တဲ့ နေရာတွေဖြစ်ဖို့အတွက် အရပ်ဘက်အဖွဲ့အချို့က ကြိုးပမ်းနေ

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY

ဓာတ်ပုံ ပုံစာ, ရန်ကုန်က မြို့နယ်အများစုကို လာမယ့်၂၀၂၀မှာ ဆေးလိပ်ငွေ့ကင်းစင်တဲ့ နေရာတွေဖြစ်ဖို့အတွက် အရပ်ဘက်အဖွဲ့အချို့က ကြိုးပမ်းနေ
ရေးသားခဲ့သည်။

ရန်ကုန်က မြို့နယ်အများစုကို လာမယ့်၂၀၂၀မှာ ဆေးလိပ်ငွေ့ကင်းစင်တဲ့ နေရာတွေဖြစ်ဖို့အတွက် အရပ်ဘက်အဖွဲ့အချို့က ကြိုးပမ်းနေပါတယ်။

မြန်မာနိုင်ငံမှာ တနှစ်ကို လူ ၇သောင်းလောက် ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့ကြောင့် သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၈ခုနှစ် စာရင်းတွေအရသိရပါတယ်။ တကမ္ဘာလုံးဆိုရင် လူခုနှစ်သန်းလောက် နှစ်စဉ် ဆေးလိပ်ကြောင့် သေဆုံးနေရပါတယ်။

အဲဒီလိုသေဆုံးမှုတွေရှိနေပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ ကားဂိတ်၊ ရထားဂိတ်အစရှိတဲ့နေရာတွေ အများပြည်သူသွားလာနေတဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံးတာတွေရှိသလို၊ အိမ်တွင်းမှာလည်း ဆေးလိပ်သောက်သုံးတာတွေက ရှိနေဆဲဖြစ်ပါတယ်။

ဆေးလိပ်ငွေ့ရဲ့ ကြောင့် အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၅နှစ်အောက်ကလေးငယ်တွေ မှာ ပိုပြီး အန္တရာယ်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင် ဒေးရှင်း ဒုဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေဘီဘီစီကို ပြောပြပါ တယ်။

' ' ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးလိပ်ငွေ့ကို ရှုရတယ်ဆိုရင် ရက်မစေ့တဲ့ကလေးငယ်တွေကို မွေးလာပါလိမ့်မယ်။ ၅နှစ်အောက်ကလေးငယ်တွေဆိုရင်လည်း နာတာရှည် အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ရလာပါလိမ့်မယ်''လို့ ဒေါက်တာသိန်းဆွေကပြောပါတယ်။

ဆေးလိပ်ငွေ့က လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့အရာတခုဖြစ်နေလို့ ဆေးလိပ်ကင်းစင်တဲ့ မြို့တွေဖြစ်အောင် ၂၀၁၈မှာ ရန်ကုန်ကနေစပြီး အခြားမြို့တွေပါ ပျံနံ့မှုရှိအောင်လို့ လုပ်ဆောင်နေတယ်လို့ လည်း ဒေါက်တာသိန်းဆွေက ပြောပါတယ်။

လာမယ့်၂၀၂၀မှာတော့ မြို့တွင်းခြောက်မြို့နယ်နဲ့ ခရိုင် ၄ခုက မြို့နယ် ၄ခုတို့မှာ ဆေးလိပ်ငွေ့ကင်းစင်တဲ့ မြို့တွေဖြစ်ဖို့ ရည်မှန်းထားပါတယ်။

ဗီဒီယို ပုံစာ, တနေ့ ဆေးလိပ် တလိပ်ပဲ သောက်တောင် ကျန်းမားရေး ထိခိုက်နိုင်

ပြည်သူ့ကျန်းမာရေးအချက်အလက်တွေအရ မြန်မာနိုင်ငံက နှစ်စဉ်သေဆုံးမှုတွေရဲ့ ၆၀ရာခိုင်နှုန်းကျော်က ဆေးလိပ်ကြောင့် ဖြစ်တဲ့ ရောဂါတွေနဲ့ ဆက်စပ်မှုရှိနေတယ်လို့လည်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းကနေ သိရပါ တယ်။

အများနဲ့ သက်ဆိုင်တဲ့နေရာတွေ ွမှာဆေးလိပ်သောက်တာကြောင့် အခြားသူတွေကိုပါ ဆေးလိပ်ငွေ့ ကတဆင့် ထိခိုက်မှုတွေရှိနေတယ်လို့ ဆရာဝန်တဦး လည်းဖြစ်၊ ဆေးလိပ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလည်း လုပ်ခဲ့ဘူးသူ ဒေါက်တာ သဉ္ဇာအောင်ဘီဘီစီကို ပြောပါတယ်။

' ' ဆေးလိပ်သောက်တာက ပြဿနာမဟုတ်ဘူး။ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်မသောက် ရ ဘူးဆိုတဲ့အသိရှိမနေတာကပြဿနာ။ဆေးလိပ်သောက်လို့ ရောဂါတွေခံစားရတာအပြင် ဆေးလိပ် မသောက်သူတွေကိုလည်း မထိခိုက်အောင်ဘယ်လိုလုပ်ရမလည်းဆိုတဲ့အသိ ဉာဏ်တွေဖွံ့ ဖြိုးဖို့အတွက်က သူတို့ကို အသိပညာပေးဖို့ကအရေးကြီးတယ်လို့ ထင်တယ်'' လို့ ဒေါက်တာ သဉ္ဇာအောင်ကပြောပါတယ်။

၂၀၀၆ခုနှစ် ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရတော့ အများနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးရင် ဒဏ်ငွေ ၅၀၀၀ ကျပ်ချမှတ်ဖို့ရယ်၊ ဆေးလိပ်ကို လွယ်ကူအောင်သောက်သုံးနိုင်ဖို့ ရောင်းချရင် ဒဏ်ငွေ ၃သောင်းစတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။

ဒါပေမယ့်လည်းဥပဒေသက်ရောက် အကောင်အထည်ဖော်မှု အားနည်းတာကြောင့် အများသူနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်တာအပြင် ဆေးလိပ်တွေကို လွယ်လွယ်ကူကူဝယ်ယူရရှိနေတယ်လို့ ဆေးလိပ်ဆန့်ကျင်သူတွေရဲ့ဝေဖန်ပြောဆိုတာတွေလည်းရှိနေပါတယ်။