လားရှိုးက ခေးနင်းဆရာတော် သေနတ်ပစ်ခံရလို့ ပျံလွန်တော်မူအပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, HKS
လားရှိုးက ခေးနင်းဆရာတော် သေနတ်ပစ်ခံရလို့ ပျံလွန်တော်မူ
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မှာရှိတဲ့ ခေနင်းရွာဘုန်းတော်ကြီးကျောင်းထဲကို ဆိုင်ကယ်စီးလာ သူနှစ်ယောက်က အောက်တိုဘာ ၂၀ရက် ညနေပိုင်း ၆နာရီလာက်က ဝင်ရောက် ပစ်ခတ်ခဲ့လို့ ကျောင်းထိုင်ဆရာတော် သေဆုံးခဲ့ပါတယ်။
ခေးနင်းရွာက လားရှိုးမြို့နဲ့ ၁၀မိုင်လောက်အကွာအဝေးမှာရှိပြီး လားရှိုးမြို့ဝင်ကြေးကောက်ခံရာ ဂိတ်နားမှာ တည်ရှိတဲ့ ဘုန်းတော်ကြီးကျောင်းဖြစ်ပါတယ်။
အဲဒီလိုပစ်ခတ်ခံရပြီးနောက် ခေးနင်းဆရာတော်ကို လားရှိုးမြို့က လူမှုရေးအသင်းကာနဲ့ လားရှိုးဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
လားရှိုးက အရပ်ဘက်ကူညီရေးအဖွဲ့အချို့ပြောပြချက်အရ ခေးနင်းကျောင်းက ရှေးအရင်ကတည်းက ရှိခဲ့တာ ဖြစ်ပေမယ့် ပစ်ခတ်ခံရကာ လက်ရှိကျောင်းထိုင်ဆရာတော် ကျောင်းထိုင်တာတော့ မကြာသေးဘူး လို့ဆိုကြပါတယ်။
ရှမ်းမြောက်ဒေသမှာတော့ တပ်မတော်နဲ့ တအန်းလွတ်လပ်ရေးတပ်မတော် TNLA တို့ တိုက်ပွဲတွေမကြာ ခဏ ဆိုသလိုဖြစ်ပွားနေတဲ့နေရာတွေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Arakan Army
အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ဆွေမျိုးတချို့ဖမ်းဆီးခံရ
ရက္ခိုင်တပ်တော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီမတော်သူ မိုးနှင်းဖြူနဲ့ သူရဲ့ယောကျ်ား တို့ကို အောက်တိုဘာ ၁၉ရက်နေ့လယ်က ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။
အောက်တိုဘာ ၁၉ရက်နေ့ ဘန်ကောက်မြို့က ဆေးကုသပြီး ပြန်လာတဲ့ ယောကျ်ားဖြစ်သူနဲ့ သုံးနှစ်အရွယ် သမီးဖြစ်သူကို ရန်ကုန်လေဆိပ်ကို သွားကြိုတဲ့ ရက္ခိုင်တပ်တော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီမတော်စပ်သူ မိုးနှင်းဖြူကို ယောကျ်ားဖြစ်သူ ဦးကျော်နိုင်နဲ့ အတူ မနေ့က ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်
ညနေပိုင်းမှာတော့ သုံးနှစ်အရွယ် သမီးလေးကို တော့ သူတို့ နေထိုင်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက တစ်ဆင့် မိသားစုတွေဆီ လွဲပေးခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ အဲဒီနောက်ပိုင်းမှာ တော့ သူတို့နဲ့ အဆက်အသွယ် မရတော့ဘူးလို့ ဆိုပါတယ်။
အခု အဖမ်းအဆီးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ရဲတပ်ဖွဲ့ ကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရခဲ့ပါ။ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ဒီကိစ္စ ပြည်ထဲရေးကသာ ကိုင်တဲ့ အမှုတွေ ဖြစ်တယ်လို့ပြောပါတယ်။
မမိုးနှင်းဖြူနဲ့ အတူ အဖမ်းခံရတဲ့ သူမရဲ့ ယောကျ်ားဖြစ်သူ ဦးကျော်နိုင်ကတော့ ကျန်းမာရေး သိပ်မကောင်းတဲ့ အတွက် မိသားစုတွေက စိုးရိမ်မှုတွေရှိနေကြတယ်လို့ ပြောပါတယ်။
အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီအငယ်ဆုံး ကိုအောင်မြတ်ကျော် လည်း ဒီနှစ် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း AA ကို ငွေကြေး ထောက်ပံ့တဲ့ စွပ်စွဲချက်နဲ့ စင်္ကာပူအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံ ကို ပြန်ပို့လိုက်စဉ်မှာ ရန်ကုန်လေဆိပ်မှာတစ်ခြားရခိုင်အမျိုးသား ၆ ဦးနဲ့ အတူ အဖမ်းခံထားရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ချီလီက ဆန္ဒပြမှုတွေအတွင်း လူငါးဦးအထိသေဆုံး
ချီလီနိုင်ငံမြို့တော်၊ ဆန်တီယေကိုက အထည်ချုပ်စက်ရုံမှာဖြစ်တဲ့ ဆန္ဒပြလုယက်သောင်းကျန်းမှုတွေ အကြား လူငါးဦးသေဆုံးခဲ့ပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရေအမြှောက်တွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ရပါတယ်။ အဲဒါအပြင် အဓိကမြို့ကြီးတွေမှာလည်း ညမထွက်ရအမိန့်ကိုထုတ်ပြန်ထားပါတယ်။
ဆူပူအုံကြွမှုတွေကျယ်ပြန်လာတာကြောင့် မြေအောက်ရထားခတွေ တိုးမြှင့်မယ့် အစီအစဉ်တွေကိုလည်း ရပ်ဆိုင်းထားရလို၊ မညီမျှမှုတွေ၊ ကုန်ကျစရိတ်တွေမျာလာတဲ့အပေါ် ဆန္ဒသူတွေက ဒေါသတကြီး တုန့်ပြန် ကြတာဖြစ်ပါတယ်။
"ဒီမိုကရေစီမှာလဲ သူကို့ကာကွယ်နိုင်ဖို့ အတွက် အခွင့်အရေးကို ပေးထားတယ် လို့ ယုံကြည်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ဖျက်လို့ဖျက်စီးလုပ်လိုသူတွေကို ချေမှုန်းမှာပါ" လို့ ပီရူးသမ္မတက ဆီပါစတင်း ပီနဲရာကတော့ ကာကွယ်ပြောဆိုပါတယ်။
ဆန္ဒပြမှုတွေက နိုင်ငံအနှံ့အပြားကိုကူးစက်နေပြီး၊ နိုင်ငံရဲ့ ပြည်နယ် ၅ခုမှာတော့ အရေးပေါ်အခြေအနေကို သမ္မတက ထုတ်ပြန်ထားပါတယ်။ လွတ်လပ်စွာသွားလာခွင့် စုရုံးခွင့်တွေကို ခွင့်ပြုပေးဖို့အတွက်ကိုလည်း အာဏာပိုင်တွေကတော့ ကန့်သတ်ထားပါတယ်။








