၂ဝ၁၇-၁၈ ဘဏ္ဍာရေး အသုံးစရိတ်ထဲက ကျပ်ငွေဘီလီယံ၂၅ဝဝကျော် ဝန်ကြီးဌာနတွေပြန်အပ်

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦးနဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၅ဦးတို့က ပါဝင်ဆွေးနွေးခဲ့ပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw

ဓာတ်ပုံ ပုံစာ, ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦးနဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၅ဦးတို့က ပါဝင်ဆွေးနွေးခဲ့ပါ တယ်။
ရေးသားခဲ့သည်။

လွှတ်တော်ကနေ တောင်းခံထားတဲ့ အသုံးစရိတ်တွေကို ဝန်ကြီးဌာနတွေအနေနဲ့ အကုန်မသုံးဘဲ ပြန်အပ်တာတွေ ရှိနေပြီး ၂ဝ၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်ထဲက ပိုလျှံငွေ ကျပ်သန်း ၂၅သိန်း သို့ ဘီလီယံ ၂၅ဝဝ ကျော်ကို သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေက ပြန်အပ်လိုက်ပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကနေ လွှတ်တော်ကို တင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

အများဆုံးပြန်အပ်တဲ့ဝန်ကြီးဌာနတွေက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဌာနတို့ ပါဝင်ပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကနေ ပေးပို့တဲ့ ၂ဝ၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေပါ ပြည်ထောင်စုရဲ့ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနဲ့စပ်လျဉ်းတဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နဲ့ သဘောထား မှတ်ချက် အစီရင်ခံစာအပေါ် ပြည်ထောင်စု လွှတ်တော်မှာ သြဂုတ် ၁၉ ရက်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦးနဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၅ဦးတို့က ပါဝင်ဆွေးနွေးခဲ့ပါ တယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက် နေ့မှာ ပြည်ထောင်စု နာယကထံ ပေးပို့ခဲ့ပြီး သြဂုတ် ၇ ရက်မှာ ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီကို ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။

အသုံးစရိတ်ထဲမှာပါပေမယ့် ထောက်ပံ့ငွေ၊ ချေးငွေပေးထားတဲ့ အဖွဲ့အစည်းက သဘောတူညီချက်ရမှသာ ဒီငွေတွေကို အသုံးပြုလို့ ရတယ်လို့ လည်းဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw

ဓာတ်ပုံ ပုံစာ, အသုံးစရိတ်ထဲမှာပါပေမယ့် ထောက်ပံ့ငွေ၊ ချေးငွေပေးထားတဲ့ အဖွဲ့အစည်းက သဘောတူညီချက်ရမှသာ ဒီငွေတွေကို အသုံးပြုလို့ ရတယ်လို့ လည်းဆိုပါတယ်။

ဘာကြောင့် အခုလို ပြန်အပ်ကြတာလဲ။

နှစ်စဉ်ဆိုသလို ဝန်ကြီးဌာနတွေ အနေနဲ အသုံးစရိတ်တွေကို ဘီလီယံနဲ့ချီ ပြန်အပ် နေတာ ဖြစ်နေကျ ဖြစ်တယ်လို့ ဇလွန်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဦးအောင်မင်းက ပြောပါတယ်။

နိုင်ငံခြား ချေးငွေ၊ နိုင်ငံခြားထောက်ပံ့ငွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အများဆုံး ပြန်အပ်ကြရတယ်လို့ သူက ရှင်းပြပါတယ်။

'နိုင်ငံခြားချေးငွေနဲ့ ပတ်သက်ပြီး ပစ္စည်းဝယ်မယ်ဆိုရင် ကျွန်တော်တို့က လွယ်လွယ်ကူကူ ဝယ်ရတာ မဟုတ်ဘူး၊ ချေးငွေထုတ်ပေးတဲ့ နိုင်ငံက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း အတိုင်း လိုက်လုပ်ရတာ၊ ဥပမာ World Bank (ကမ္ဘာ့ဘဏ်) ချေးငွေနဲ့ လုပ်မယ်ဆိုရင် ကျွန်တော်တို့သည် ဘတ်ဂျက်မှာ ပါပြီးပေမယ့်လည်း ဒီငွေကို ကျွန်တော်တို့ ဝယ်လို့မရဘူး၊ World Bank (ကမ္ဘာ့ဘဏ်)မှာ သူ့စည်းကမ်းချက်တွေရှိတယ်'လို့ ဦးအောင်မင်းက ပြောပါတယ်။

အသုံးစရိတ်ထဲမှာပါပေမယ့် ထောက်ပံ့ငွေ၊ ချေးငွေပေးထားတဲ့ အဖွဲ့အစည်းက သဘောတူညီချက်ရမှသာ ဒီငွေတွေကို အသုံးပြုလို့ ရတယ်လို့ လည်းဆိုပါတယ်။

ဒါပေမဲ့ ဒီလို လုပ်ငန်းစဉ်တွေကို နေချင်းညချင်း ပြောင်းလဲနိုင်ဖို့က မဖြစ်နိုင်သေးဘူး လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw

ဓာတ်ပုံ ပုံစာ, ဒါပေမဲ့ ဒီလို လုပ်ငန်းစဉ်တွေကို နေချင်းညချင်း ပြောင်းလဲနိုင်ဖို့က မဖြစ်နိုင်သေးဘူး လို့လည်း ဆိုပါတယ်။

သက်ဆိုင်ရာ ထောက်ပံ့ငွေနဲ့ချေးငွေပေးတဲ့ အဖွဲ့အစည်းရဲ့ လုပ်ထုံးလုပ်နည်းကို လိုက်နာရတာကြောင့် နားလည်မှုလွဲမှားတာ၊ ခန့်မှန်းစျေးနဲ့ ဝယ်ယူတဲ့ အချိန် စျေးနှုန်းတွေက ကွဲပြားတာ စတဲ့ အခက်အခဲတွေ ကြုံရတယ်လို့လည်း ဦးအောင်မင်းက ပြောပါတယ်။

ဌာနတွေရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း အားနည်းချက်တွေလည်း ရှိနေသလို အသုံးစရိတ် ခွင့်ပြုပြီး ၃လအတွင်း တင်ဒါခွင့်ပြုပြီးသား ဖြစ်ရမှာ ဖြစ်ပေမယ့် သွားလာရခက်တဲ့ နေရာတွေမှာ အကောင်ထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေ အတွက် တင်ဒါကို ထပ်ခေါ်ရလို့ အချိန် ကြာမြင့်တာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် ဒီလို လုပ်ငန်းစဉ်တွေကို နေချင်းညချင်း ပြောင်းလဲနိုင်ဖို့က မဖြစ်နိုင်သေးဘူး လို့လည်း ဆိုပါတယ်။

တနှစ်အတွက် ပျှမ်းမျှ အသုံးစရိတ်က ကျပ်ငွေ ဘီလီယံ ၂ဝဝဝဝ အထိ ရှိနေပြီး နှစ်စဉ် ဘီလီယံ ၂ဝဝဝ ပြန်အပ်ရတာကြောင့် အသုံးစရိတ် လျာထားချက်နဲ့ ကွာဟချက်က ၁ဝ ရာခိုင်နှုန်း အထိ ရှိနေတယ်လို့လည်း သိရပါတယ်။

'ဌာနတွေရဲ့ အားနည်းချက်တွေမှာလည်း အများကြီးရှိနေပါတယ်၊ နိုင်ငံခြား ချေးငွေပေးတဲ့ အဖွဲ့အစည်းရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း ပြန်လုပ်ရတာ၊ ကိုယ့် မြန်မာပြည်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်ရတာမဟုတ်ဘူး' လို့ ဦးအောင်မင်းက ပြောပါတယ်။

၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် အတွက် ပညာရေး ဝန်ကြီးဌာနကျောင်း ၁ဝဝဝ ကျော် ဆောက်လုပ်ဖို့ လွှတ်တော်က အသုံးစရိတ် ခွင့်ပြုပေးခဲ့ ပေမယ့် ၅ ရာခိုင်နှုန်းပဲ ဆောက်နိုင်ပြီး ပိုတဲ့ငွေကို ပြန်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘဏ္ဍာရေးနှစ်မှာ ပိုလျှံငွေရှိရင် ဘယ်လို ဖြစ်လဲ။

ဦးစိုးသိန်း ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)က ဒီလိုမပြီးနိုင်ဘဲ လျာထားတဲ့အတွက် အမှန်တကယ် လိုအပ်တဲ့ ဝန်ကြီးဌာန အဖွဲ့အစည်းတွေက အသုံးစရိတ် ဖြတ်တောက်ခံရပြီး ဘဏ္ဍာနှစ်ကုန်ရင် ဌာန နှစ်ခုစလုံး နစ်နာရတယ် ဆိုပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးရာ မှာ ထောက်ပြပါတယ်။

အသုံးစရိတ်တွေ အများကြီး ပိုတောင်းပြီး မသုံးနိုင်ရင် ပြန်အပ်ရင် ပြီးတာပဲဆိုတဲ့ အတွေး အခေါ်ကို ခွင့်မလွှတ်သင့်ဘူး လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw

ဓာတ်ပုံ ပုံစာ, အသုံးစရိတ်တွေ အများကြီး ပိုတောင်းပြီး မသုံးနိုင်ရင် ပြန်အပ်ရင် ပြီးတာပဲဆိုတဲ့ အတွေး အခေါ်ကို ခွင့်မလွှတ်သင့်ဘူး လို့လည်း သူက ဆိုပါတယ်။

'ပညာရေးဝန်ကြီးဌာနက Capital (ရင်းနှီးမတည်ငွေ)တွေ အများကြီး လျာထားတယ်၊ မပြီးလို့ဆိုပြီး အများကြီး ပြန်အပ်တယ်၊ ဘီလီယံ ၁ဝဝ ကျော်တယ်၊ ပိုလို့ပြန်အပ်တယ် ပြောရုံနဲ့ ခွင့်မလွှတ်သင့်ဘူး၊ အထက်က တင်ပြသလို National Planning ( အမျိုးသား စီမံကိန်း)ကို ထိခိုက်တယ်၊ Economic growth (စီးပွားရေး ဖွံ့ဖြိုးမှု)ကို ထိခိုက်တယ်' လို့ သူက ဆွေးနွေးပါတယ်။

အသုံးစရိတ်တွေ အများကြီး ပိုတောင်းပြီး မသုံးနိုင်ရင် ပြန်အပ်ရင် ပြီးတာပဲဆိုတဲ့ အတွေး အခေါ်ကို ခွင့်မလွှတ်သင့်ဘူး လို့လည်း သူက ဆိုပါတယ်။

ချောက်မဲဆန္ဒနယ်က ဦးဘိုကြီးက ပိုလျှံပြန်အပ်ငွေတွေ ရှိနေပေမယ့် တဖက်မှာ လည်း သုံးစွဲသင့်တာကို မသုံးရတာတွေ ရှိနေတယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြပါတယ်။

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရံပုံငွေ သုံးစွဲမှုက မြို့နယ်တခု အတွက် ကျပ်သန်း ၁ဝဝ အစား ကျပ်သန်း ၁၅ဝ တိုးပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးနေတာ ၂ နှစ်ရှိပြီ ဖြစ်ပေမယ့် ၂ဝ၁၉-၂ဝ ဘဏ္ဍာရေးနှစ်အတွက် လျာထားတဲ့ ရသုံးမှန်းခြေ ငွေစာရင်း မှာလည်း ကျပ်သန်း ၁ဝဝ သာ ဖြစ်နေတယ်လို့ ထောက်ပြဆွေးနွေးပါတယ်။

ပုလဲမဲဆန္ဒနယ်က ဒေါ်ခင်စန်းလှိုင်က အခုလိုပိုလျှံငွေကို ဘီလီယံနဲ့ချီ ပြန်အပ်တာ ဟာ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းနဲ့ အညီ သုံးစွဲ ဆောင်ရွက်မှုမရှိတာ၊ တင်ဒါပါ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ကျင့်သုံးလိုက်နာမှု အားနည်းတာ စတဲ့ ကိစ္စရပ်တွေတွေ့ရတဲ့အတွက် ပြည်သူ့ဘဏ္ဍာကို ထိထိရောက်ရောက် သုံးစွဲမှုမျိုးက အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးနှစ်အလိုက် အသုံးစရိတ်တွေကို ဘယ်လို တောင်းခံလဲ။

ပြည်ထောင်စု အစိုးရ၊ ဝန်ကြီးဌာန အသီးသီးက သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် အလိုက် ဌာနက လုပ်ဆောင်မယ့် စီမံကိန်းတွေအတွက် လိုအပ်တဲ့ ရငွေ သုံးငွေတွေကို ရည်မှန်း ပြင်ဆင် လျာထားရပါတယ်။

ဒီလို လျာထားချက်တွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြရပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဒီလျာထားချက်တွေကို အသေးစိတ်လေ့လာပြီး ဖြတ်တောက်လျှော့ချသင့်တဲ့ အသုံးစရိတ်တွေကို ဖြတ်တောက် အတည်ပြု ပေးရပါတယ်။

ဒီလို အတည်ပြုပေးလိုက်တဲ့ အသုံးစရိတ်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ အသုံးပြုရတာ ဖြစ်ပါတယ်။

ဒီလို စီစစ်ခွင့်ပြုတဲ့အခါ လွှတ်တော်ကခွင့်ပြုပေးတဲ့ ငွေကြေးတွေကို အကုန်မသုံးဘဲ ပြန်အပ်နေတာ ဖြစ်ပါတယ်။