လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်နေရာသစ် အစိုးရ ရှာပေးမယ် ပြော

လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ အတွင်း က ဗိုလ်ချုပ်ကြေးရုပ် နေရာသစ် ပြောင်းတော့မယ်။

ဓာတ်ပုံ ရင်းမြစ်, KNGY

ဓာတ်ပုံ ပုံစာ, လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ အတွင်း က ဗိုလ်ချုပ်ကြေးရုပ် နေရာသစ် ပြောင်းတော့မယ်။
ရေးသားခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေးနဲ့ ပတ်သက်ပြီး မေလ ၇ ရက်က ပြည်နယ်အစိုးရနဲ့ ကရင်နီပြည်နယ် လူငယ်အင်အားစု သပိတ်ကော်မတီတို့ အစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအစည်းဝေးမှာ ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ ပြောင်းမဲ့နေရာကို သူကိုယ်တိုင်ရှာဖွေမယ်ပေးလို့ ပြည်နယ်ဝန်ကြီးချုပ်ကပြောသွားကြောင်း ကရင်နီပြည်နယ်လူငယ်အင်အားစု သပိတ်ကော်မတီမှ ဦးဆောင်သူ ကိုဒီးဒီက ဘီဘီစီကိုပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို တခြားနေရာကို ရွှေ့ပြောင်းဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က သဘောတူပေမဲ့ ချက်ချင်းဆုံးဖြတ်ပေးလို့မရနိုင်သေးဘူးဆိုတာနဲ့ ရွှေ့ပြောင်းမယ့်နေရာကို သူကိုယ်တိုင်ရှာဖွေမယ်ဆိုတာတွေ ပြောကြားသွားခဲ့တယ်လို့ ကရင်နီပြည်နယ်လူငယ်အင်အားစုသပိတ်ကော်မတီက ဦးဆောင်သူ ကိုဒီးဒီက ပြောပါတယ်။ ။

" အများပြည်သူနဲ့ ဆိုင်တဲ့ မြေနေရာ မဖြစ်ရင် ကျွန်တော်တို့အတွက် ပြဿနာမရှိပါဘူးလို့ ပြောလိုက်ပါတယ်" လို့ ကရင်နီပြည်နယ် လူငယ်အင်အားစု သပိတ်ကော်မတီ ကိုဒီးဒီက ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေးကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးဖို့ မေလ ၁၄ ရက်နဲ့ မေလ ၃၁ ရက်တွေမှာ အစည်းအဝေးတွေ ထပ်မံပြုလုပ်သွားဦးမယ်လို့လည်း ကိုဒီးဒီဆီက သိရပါတယ်။

တစ်နှစ်ခန့်ကြာ နှစ်ဖက် တင်းမာမှုများ ဖြစ်ပြီးနောက် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ အတွင်း စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကို တခြားတစ်နေရာသို့ ပြောင်းရွှေ့ရေးဆွေးနွေးဖို့အခုလို သ ဘောတူကြတာလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ကို ကယားပြည်နယ် အတွင်း လက်မခံဖို့ ကရင်နီပြည်နယ်လူငယ်အင်အားစုသပိတ်ကော်မတီ က သဘောထားရှိပေမဲ့ နောက်တော့ အဲဒါကို လျှော့ ပေးလိုက်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Alamy

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ကယားပြည်နယ် အတွင်း လက်မခံဖို့ ကရင်နီပြည်နယ်လူငယ်အင်အားစုသပိတ်ကော်မတီက သဘောထားရှိပေမဲ့ နောက်တော့ အဲဒါကို လျှော့ ပေးလိုက်ပါတယ်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ကို ကန္ဒာဟေဝန်ပန်းခြံထဲကနေ ဖယ်ရှားပေးဖို့ ကရင်နီပြည်လူငယ် တစ်ထောင်လောက် ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ကြေးရုပ်ရွှေ့ဆိုင်းပေးရေးကိုလည်း အစည်းအဝေးတွေပြုလုပ်ခဲ့ကြပါတယ်။ လေးကြိမ်မြောက်အစည်းအဝေးမှာ ရွှေ့ဆိုင်းပေးရေး ဘဘောတူခဲ့တာဖြစ်ပါတယ်။

အရင် ကတော့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ကယားပြည်နယ် အတွင်း လက်မခံဖို့ ကရင်နီပြည်နယ် လူငယ်အင်အားစုသပိတ်ကော်မတီက သဘောထားရှိပေမဲ့ နောက်တော့ အဲဒါကို လျှော့ပေးလိုက်တယ်လို့ လည်း ကိုဒီးဒီကပြောပါတယ်။

မေလ ၁၄ ရက်နေ့ မှာ ကြားခံ ကော်မတီ အဖွဲ့ တစ်ဖွဲ့ ထားပြီး သပိတ် ဦးဆောင် ကော်မတီဝင်တွေ နဲ့ အစိုးရ အဖွဲ့ ထပ်တွေ့ဖို့ ရှိပြီးတော့ ဘယ်နေရာရွေ့မယ်၊ ဘယ်လိုရွေ့မယ် ဆိုတာကတော့ အသေးစိတ် ထပ်တွေ့ပြီးတော့ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့လည်း သပိတ်ကော်မတီ က ပြောပါတယ် ။

ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ ပြောင်းမဲ့နေရာသစ်ကို ဝန်ကြီးချူပ်ကလည်းရှာဖွေပေးမယ် ပြော

ဓာတ်ပုံ ရင်းမြစ်, KNGY

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ ပြောင်းမဲ့နေရာသစ်ကို ဝန်ကြီးချူပ်ကလည်းရှာပေးမယ် ပြော

ဗိုလ်ချုပ်ရုပ်တု ရွှေ့ပြောင်းရေးနဲ့ ပတ်သက်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးနဲ့ဗဟိုဌာန NRPC ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီပြည်နယ်လူငယ်များ အင်အားစုသပိတ်ကော်မတီတို့ဟာ လွိုင်ကော်မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားဖို့ ကို အစိုးရဘက်ကတော့ ထုတ်ပြောတာမျိုး မရှိပေမဲ့ ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေး အစည်းဝေး ကိုလက်ခံလိုက်တာရယ် ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ ပြောင်းမဲ့နေရာကို ဝန်ကြီးချူပ်ကိုယ်တိုင်ရှာဖွေမယ် လို့ပြောခဲ့တာကြောင့် ကရင်နီပြည်နယ်လူငယ်တွေက အများကြီးမျှော်လင့်နေကြပါတယ်။။