ချားလ်စ်ဘုရင်ရဲ့ မွေးနေ့အထိမ်းအမှတ် Trooping the Colour စစ်ရေးပြအခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, PA Media
ဓာတ်ပုံ ပုံစာ, ဝေဟင်ပေါ်က လေကြောင်းအလှပြ ပျံသန်းမှုကို တတိယမြောက် ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော် မိဖုရား ကမ်မီလာ တို့ ဘတ်ကင်ဟမ် နန်းတော် လသာဆောင်ကနေ ကြည့်ခဲ့ကြဆောင်းပါးအချက်အလက်- ရေးသားသူ, အယ်လာ ကစ်ပ်လင်း
ရေးသားခဲ့သည်။ ဖတ်ရန်အချိန်: မိနစ် ၄
တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် နှစ်စဉ် ကျင်းပနေကျ စစ်ရေးအလှပြ အခမ်းအနားကို လူအုပ်ကြီးက လာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော် မိဖုရား ကမ်မီလာတို့ တော်ဝင် ရထားလုံးနဲ့ ဘပ်ကင်ဟမ်နန်းတော်ကနေ စထွက်ခွာလာခဲ့ကြပြီး လန်ဒန်မြို့လယ်ရှိ Horseguard's Parade ကွင်းဆီ လာရောက်ခဲ့ပါတယ်။
တော်ဝင်တပ်မှူးတွေ ဖြစ်ကြတဲ့ ဝေလမင်းသား ဝီလျံ၊ တော်ဝင်မင်းသမီး အန်းနဲ့ အီဒင်ဘာရာမြို့စားတို့က မြင်းစီးထွက်ခွာလာခဲ့ကြပြီး ဝေလမင်းသမီးနဲ့ သားသမီး သုံးဦးနဲ့အတူ အီဒင်ဘာရာမြို့စားကတော်တို့က ရထားလုံးနဲ့ ထွက်ခွာလာခဲ့ကြပါတယ်။
အခမ်းအနားရဲ့ အထွတ်အထိပ်ဖြစ်တဲ့ Red Arrows လေကြောင်းအလှပြ ပျံသန်းမှုကို တော်ဝင်မိသားစုက ဘတ်ကင်ဟမ်နန်းတော် လသာဆောင်ကနေ ရှုစားခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ဘုရင်ကြီးနဲ့ ကြင်ယာတော် မိဖုရားတို့ Ascot Landau တော်ဝင်ရထားလုံးနဲ့ လိုက်ပါလာခဲ့ကြပါတယ်။ ဒီရထားလုံးကို ဝိတိုရိယ ဘုရင်မကြီးလက်ထက်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဘုရင်ကြီးက သူ့မယ်တော် ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီးရဲ့ အမှတ်တံဆိပ်ပါတဲ့ ဂရီနေဒီယာ ခြေလျင်တပ်ရင်း စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပါတယ်။ 
ဓာတ်ပုံ ရင်းမြစ်, PA Media
ဓာတ်ပုံ ပုံစာ, ဝေလမင်းသမီး ကက်သရင်းက ဒီဇိုင်နာ ကက်သရင်း ဝေါကာရဲ့ အပြာနုရောင် ဂျက်ကက်နဲ့ ဒီဇိုင်နာ ဖိလစ် ထရီဆီရဲ့ ဦးထုပ်ကို ဆောင်းထားပြီး သားသမီး သုံးဦးနဲ့အတူ ရထားလုံးပေါ်မှာ လိုက်ပါလာ
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အသက် ၁၂ နှစ်အရွယ် မင်းသား ဂျော့ဂျ်နဲ့ အသက် ၁၁ နှစ်အရွယ် မင်းသမီး ရှားလက် တို့က မိခင်ရဲ့ အရှေ့ဘက်မှာ ထိုင်လိုက်ပါလာ။ သူတို့နှစ်ဦးဟာ နန်းမွေဆက်ခံဖို့ ဒုတိယနဲ့ တတိယနေရာမှာ ရှိနေ
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, တော်ဝင်တပ်မှူးတွေ ဖြစ်ကြတဲ့ ဝေလမင်းသား(ဝဲဘက်) ၊ အီဒင်ဘာရာမြို့စား (အလယ်) ၊ တော်ဝင်မင်းသမီး အန်း (ညာဘက်) တို့ မြင်းစီး လိုက်ပါလာပုံ
ဓာတ်ပုံ ရင်းမြစ်, PA Media
ဓာတ်ပုံ ပုံစာ, မင်းသား ဝီလျံဟာ ဝေလအစောင့်တပ်ရဲ့ တပ်မှူးဖြစ်ပြီး ဒီရာထူးကို ၄၈ နှစ်ကြာ ထိန်းသိမ်းလာတဲ့ သူ့ဖခင် ချားလ်စ်ဘုရင်ကြီးက ၂၀၂၂ ခုနှစ်မှာ မင်းသား ဝီလျံကို လွှဲပြောင်းပေးခဲ့
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အဖွဲ့ဝင် ၄၀၀ လောက် ပါတဲ့ ဘင်ခရာတပ်ဖွဲ့ကို လူအုပ်ကြီးက လမ်းတဘက်တချက်ကနေ ကြည့်ရှု
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အီဒင်ဘာရာ မြို့စားကတော်နဲ့ မင်းသမီး အန်းရဲ့ ကြင်ယာတော် ဆာဘွဲ့ရ ရေတပ် ဒုဗိုလ်ချုပ်ကြီး တင်မ် လောရန့်စ် တို့ ပထမဆုံး ရထားလုံးပေါ်မှာ လိုက်ပါလာပုံ
ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ဗြိတိသျှ စံတော်ချိန် နေ့လယ် တစ်နာရီမှာ တော်ဝင်လေတပ်ရဲ့ လေယာဉ်တွေ ဘတ်ကင်ဟမ်နန်းတော်ပေါ်ကနေ ဖြတ်ပျံသန်း
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, လေယာဉ်အလှပြ ပျံသန်းတာကို တော်ဝင်မိသားစုဝင်တွေ ဘတ်ကင်ဟမ်နန်းတော် လသာဆောင်ကနေ ထွက်ရှုစားခဲ့ကြ
ဓာတ်ပုံ ရင်းမြစ်, Ministry of Defence/EPA/Shutterstock
ဓာတ်ပုံ ပုံစာ, Trooping the Colour ဆိုတဲ့ အမည်က ဗြိတိသျှ စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ကိုယ်စားပြု မှည့်ခေါ်ထား
ဓာတ်ပုံ ရင်းမြစ်, EPA/Shutterstock
ဓာတ်ပုံ ပုံစာ, အခမ်းအနား လာရောက်ကြည့်ရှုသူတွေကြားမှာ ဧကရာဇ်ဘုရင်စနစ် ဆန့်ကျင်တဲ့ ရီပတ်ဘလစ် အဖွဲ့ကလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြ၊ "သရဖူကိုင်ပြီး ဆင်းသွား" "ခင်ဗျားက ကျုပ်တို့ရဲ့ ဘုရင်မဟုတ်" ဆိုတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြ၊ တချို့က အင်ဒရူး မောင့်ဘက်တန် ဝင်ဆာရဲ့ ပုံတွေနဲ့အတူ အဝါရောင် နဖူးစည်း စာတမ်းတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြ
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဆာဘွဲ့ရ ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ ဇနီးသည် လေဒီ ဗစ်တိုးရီးယား စတာမာ တို့ကို အခမ်းအနားမှာ တွေ့ရစဉ်