ဖေဖော်ဝါရီ ၁၀ ရက် ထိပ်တန်းသတင်းများ- ကွတ်ခိုင် - မူဆယ်လမ်းပိုင်းပေါ် မှာ KIA နဲ့ စစ်ကောင်စီတပ်ကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်
ဒေသတည်ငြိမ်နေပြီဆိုပြီး ပလက်ဝက စစ်ရှောင်တွေ နေရပ်ပြန်ဖို့ စစ်ကောင်စီစာထုတ်

ဓာတ်ပုံ ရင်းမြစ်, CJ
ချင်းပြည်နယ် ပလက်ဝမြို့မှာခိုလှုံနေကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်ကြဖို့ ဖေဖော်ဝါရီ ၁၀ ရက်ဒီကနေ့မှာ စစ်ကောင်စီက စာထုတ်အကြောင်းကြားလာတယ်လို့ စခန်းတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
အဲဒီစာမှာတော့ လက်ရှိမှာ ဒေသတွင်းတည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ စစ်ရှောင်နေကြတဲ့ ဒေသခံတွေအနေနဲ့ မိမိတို့နေရပ်အသီးသီးကို ပြန်လည်သွားရောက်နေထိုင်ကြဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းက အဲဒီစာကို စခန်းတာဝန်ရှိသူတွေဆီကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနကနေ ပေးပို့ခဲ့ပြီး ချင်းပြည်နယ်အစိုးရက ထုတ်ပြန်တဲ့စာဖြစ်တယ်လို့သိရကြောင်း ဒုက္ခသည်တစ်ဦးကပြောပါတယ်။
ပလက်ဝမြို့ပေါ်မှာ ခိုလှုံနေကြတဲ့စစ်ရှောင်တွေဟာ ကုလားတန်မြစ်ကြောင်းအထက်ပိုင်းကျေးရွာတွေက ဒေသခံတွေဖြစ်ကြပြီး ရခိုင်နဲ့ ခမီလူမျိုးတွေဖြစ်ကြသလို အဲဒီလူတွေဟာ ပလက်ဝမြို့ပေါ်က ဒုက္ခသည်စခန်းငါးခုမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။
“ဒီနေ့မှာ စာထုတ်တယ်လို့သိရပါတယ်။ မနက်ဖြန်မှာ ပြန်မယ့်သူတွေစာရင်းကို ဖြည့်စွက်ပြီး မြို့နယ်ကိုပြန်ပို့ပေးရမယ်လို့ပြောပါတယ်။ အေအေနဲ့ အပစ်ရပ်ထားပေမဲ့ ဘယ်လောက်ထိ ရပ်နိုင်မလဲဆိုတာလည်းမပြောနိုင်သလို PDF တွေနဲ့လည်း တိုက်ပွဲတွေရှိနေတော့ ကျွန်တော်တို့က မပြန်ရဲဘူး။ အခုစာထုတ်လာတော့ ဘယ်လိုလုပ်ရမလဲကျွန်တော်တို့လည်း ဆုံးဖြတ်ရခက်နေပါပြီ။”လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ပလက်ဝမြို့နယ်တွေအတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ယာယီအပစ်ခတ်ရပ်စဲထားပေမဲ့ ပလက်ဝမြို့နယ်မှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားနေကြတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၉ ရက် မနေ့ကလည်း ပလက်ဝမြို့နယ်အတွင်း ဆမီးကျေးရွာအနီးမှာ CDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါသေးတယ်။
စစ်ကောင်စီကထုတ်ပြန်တဲ့စာမှာ စစ်ရှောင်တွေအနေနဲ့ မိမိနေရပ်ကျေးရွာတွေကိုပြန်ကြဖို့နဲ့ မပြန်ချင်တဲ့သူတွေကို အစိုးရကချပေးတဲ့စခန်းနေရာမှာသာနေကြဖို့ပြောဆိုထားသလို နေရပ်လည်းမပြန်ချင် ၊ အစိုးရချပေးတဲ့နေရာမှာလည်းမနေချင်တဲ့သူတွေက မြို့ပေါ်မှာ အိမ်ရာဝယ်ပြီးနေထိုင်လို့ရတယ်လို့ရေးသားပါရှိကြောင်း စစ်ရှောင်တွေဆီကနေ သိရပါတယ်။
လက်အောက်ခံတပ်တွေကိုထိန်းသိမ်းဖို့ စစ်ကောင်စီက KNU ဥက္ကဋ္ဌထံ ပို့တဲ့စာကို KNU ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, KNU
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
NCA မှာပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အနေနဲ့ KNU လက်အောက်ခံတပ်မဟာတွေ၊ KNDO အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကို ကြပ်မတ်ထိန်းသိမ်းပေးဖို့ ဆိုပြီး စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီက KNU ဥက္ကဋ္ဌထံ လိပ်မူပြီး စာပေးပို့ခဲ့ပါတယ်။
ဒီစာကို KNU ဗဟိုက လက်ခံရရှိထားပြီး ဗဟိုကော်မတီအတွင်း ဒီကိစ္စအပေါ်တုံ့ပြန်ဖို့ စီစဥ်နေတယ်လို့လည်း သတင်းရရှိပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီစာမှာတော့ KNU လက်အောက်ခံတပ်မဟာတွေ၊ KNDO အဖွဲ့တွေက PDF အဖွဲ့တွေနဲ့ပေါင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှုတွေ ပြုလုပ်လာကြောင်း၊ ဒီတိုက်ခိုက်မှုတွေကို ငြိမ်းချမ်းရေးမထိခိုက်စေရေး သဘောထားကြီးစွာ ဆောင်ရွက်ခဲ့ပေမဲ့ အရပ်သားတွေနေထိုင်ရာကျေးရွာတွေကို ဝင်ရောက်ပစ်ခတ်ခြင်း၊ အစိုးရဌာနတွေကို မီးရှို့ဖျက်ဆီးခြင်း စတဲ့ လုပ်ရပ်တွေကို လက်ခံနိုင်စရာမရှိကြောင်းနဲ့ ဒီပျက်စီးဆုံးရှုံးမှုတွေကို ပြည်သူလူထုကသာ အဓိက ထိခိုက်နစ်နာခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
"ဒီလိုစာပို့တာတော့ အံ့သြစရာအကြောင်းတော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက် KNU ကလည်း NCA ပျက်ပြယ်ပြီဆိုတာလည်း တရားဝင်မထုတ်ပြန်သေးဘူး။ နောက်ဒုတိယအချက်က စစ်ကောင်စီအနေနဲ့က ကျွန်တော်တို့ ၂၀၁၅ တည်းက NCA စာချုပ်ကိုချုပ်ဆိုကတည်းက သူတို့ရဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာထိန်းချုပ်ထားနိုင်ဖို့အတွက် သူတို့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ ဒါကြောင့် ဒီလိုစာမျိုးတွေပေးပို့တာက အဆန်းကြီးမဟုတ်ဘူး။ တိုက်ပွဲတွေဖြစ်အောင်ဖန်တီးတာက အဓိကက တိုင်းရင်းသားနယ်မြေတွေမှာ အထူးသဖြင့် KNU နယ်မြေထဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ သူတို့ကိုယ်တိုင်လည်းသိတယ်။ ရွာသားတွေကို တားဂတ်ထားတယ်။ သူတို့လုပ်တဲ့လုပ်ရပ်ကမှ တကယ်ယုတ်မာပြီးအကြမ်းဖက်နေတယ်ဆိုတာ ကျွန်တော်တို့ ပြောစရာမလိုပါဘူး။ ကမ္ဘာကလည်းသိတယ်” လို့ KNU အတွင်းရေးမှူးဟောင်း ပဒိုမန်းမန်းက ပြောပါတယ်။
လက်နက်ပေါင်း သောင်းချီ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, MOI
လက်နက်ပေါင်း ၁၇,၀၀၀ ကျော် နဲ့ လက်နက်မိုင်းနဲ့ ဗုံး ၂၇၂၀၀ ကျော်အပါအဝင် ခဲယမ်းများ များစွာ ဖမ်း ဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်ကလုပ်တဲ့ စစ်ကောင်စီရဲ့ ရှေ့ လုပ်ငန်းစဉ် နဲ့ပတ်သက်တဲ့ အစည်းအဝေး မှာပြောပါတယ်။
အာဏာသိမ်းပြီးနောက်ကာလအတွင်း ဖမ်းမိတဲ့လက်နက်တွေလို့ရည်ညွှန်းတယ်လို့နားလည်ရပြီး ဖမ်းမိတဲ့အထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO အဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတွေနဲ့ ပြည်ပနိုင်ငံတွေက လက်နက်ခဲယမ်းတွေပါတယ်လို့ပြောပေမဲ့ ဘယ်အဖွဲ့ဆိုတာကိုတိတိကျကျပြောဆိုတာမတွေ့ရပါဘူး။
ဒါ့အပြင် နိုင်ငံတော်ပိုင် နဲ့ ပုဂ္ဂလိကပိုင်ပစ္စည်း ပျက်ဆီးဆုံးရှုံးမှုတွေ ရှိခဲ့ပြီး သာမန်ပျက်စီးမှုများမပါဘဲ ပျက်စီးဆုံးရှုံးမှုအကြိမ်ရေ ၄၉၀၀ ကျော်၊ လက်ပစ်ဗုံး၊ မိုင်း၊ လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၈၅၀၀ ကျော် ၊ တိုက်ခိုက်မှု ၉၇၀၀ ကျော်၊ မီးရှို့ဖျက်ဆီးမှုအကြိမ်ပေါင်း ၁၂၃၀ ကျော်ရှိခဲ့ တယ်လို့ သူက ဆိုပါတယ်။ လက်နက်ပေါင်း ၁၇၆၉၀ ကျော်၊ လက်နက်မိုင်းနဲ့ ဗုံး ၂၇၂၀၀ ကျော်အပါအဝင် ခဲယမ်းတွေလည်းဖမ်း ဆီးရမိခဲ့တယ်လို့ ပြောပါတယ်။
အစိုးရတစ်ရပ်ရဲ့ နစ်နာဆုံးရှုံး မှုမဟုတ်ဘဲ အမျိုးသားအကျိုး စီးပွားများကို နစ်နာဆုံးရှုံးရတာကို နားလည်သဘောပေါက်စေလိုတယ်ဆိုပြီးပြောသလို ဒီမိုကရေစီကိုအကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ လုပ်ဆောင်နေတယ်ဆိုပြီးလည်းပြောခဲ့ပါတယ်။ အကြမ်းဖက်မှုတွေလို့သုံးနှုန်းပြီး ဒုတိယအကြိမ်အရေးပေါ် သက်တမ်းကာလမှာ ထိထိ ရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်လာလို့ စစ်အုပ်ချုပ်ရေးအမိန့်တွေ တိုးခဲ့သလို အကြမ်းဖက်မှုတွေလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ သူ့အဖွဲ့ဝင်တွေကိုပြောခဲ့တာတွေ့ရပါတယ်။
တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့တည်းက စလို့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်က မြို့နယ်ပေါင်း ၃၇ ခုမှာ စစ်အုပ်ချုပ်ရေးကြေညာပြီး ညမထွက်ရအမိန့်တွေထုတ်ပြန်ထားတဲ့နောက် အဲဒီဒေသအများစုမှာ လူထုရဲ့နေ့စဥ်ဘဝ အခက်အခဲတွေရှိနေပြီး စိုးရိမ်ကြောက်လန့်စွာနေထိုင်နေရတယ်လို့ အဲဒီကဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ခေါင်းဆောင်ကတော့ စစ်အုပ်ချုပ်ရေးဟာ ပြည်သူတွေကို ထုတ်ပြန်တာမဟုတ်ဘဲပြစ်မှုကျူးလွန်သူတွေကိုသာ ထုတ်ပြန်ထားတာဖြစ်တယ်လို့ အထက်ပါအစည်းအဝေးမှာ ပြောကြားသွားပါတယ်။
အင်းတော်မြို့ ၊ မဲဇာရဲစခန်းရှေ့မှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ည ၁၀ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတချို့ကြားခဲ့ရပြီးတဲ့နောက်တစ်နေ့မနက်မှာ မဲဇာရဲစခန်းအရှေ့မှာ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနဲ့သေဆုံးနေတာတွေ့ရတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူမှာ မဲဇာ အလယ်ဆိပ်ရွာက အသက် ၄၅ နှစ်အရွယ်ရှိ ဦးစိုးနိုင် ဖြစ်ပြီး အလယ်ဆိပ်ရွာကနေ မဲဇာကိုသွားတဲ့အခါ ရဲစခန်းအနီးက ဖြတ်လမ်းက ပိုနီးတာကြောင့် အဲဒီလမ်းကိုအသုံးပြုပြီး သွားလာတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
တချို့ဒေသခံတွေပြောပြချက်အရ သေဆုံးသူဟာ စိတ်ကျန်းမာရေးချို့တဲ့သူလည်း ဖြစ်တယ်လို့ဆိုပါတယ်။
“သူက အရက်သောက်ပြီး တခါကလည်း ရဲစခန်းရှေ့နားလေမှာထင်တယ်။ နေ့လယ်လောက်ကို ဒို့အရေးဆိုပြီးသွားအော်လို့ ရိုက်ခံခဲ့ရပြီးပြီ။ သေနတ်သံက အိမ်ဘက်ကနေတောင်ကြားရတယ်။ သေနတ်ဒဏ်ရာတော့ တစ်ချက်ပဲ ရှိတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀နာရီကျော်လောက်ပဲ ရှိဦးမယ်ထင်တယ်” လို့ဒေသခံတစ်ယောက်က ပြောပါတယ်။
သေနတ်ဒဏ်ရာအနေအထားအရတော့ ကျောအနောက်ဘက်ကကျည်ဝင်သွားတာဖြစ်ပြီးအရှေ့ဘက်ကိုကျည်မထွက်လာဘူးလို့ သေဆုံးသူနဲ့နီးစပ်သူကပြောပါတယ်။
စကိုင်းတိုင်း အင်းတော်မြို့နယ်ဘက်တော့ ပြီးခဲ့တဲ့တစ်လအတွင်းမှာ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အင်းတော်မြို့ပေါ်က လူ ၇ ဦးထက်မနည်း ဖမ်းဆီးအရေးယူတာတွေလည်း ရှိခဲ့ပါတယ်။
ကွတ်ခိုင် - မူဆယ်လမ်းပိုင်းပေါ် မှာ KIA နဲ့ စစ်ကောင်စီတပ်ကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကွတ်ခိုင် - မူဆယ်လမ်းပိုင်း ပေါ်က ဖာခေတ်နဲ့ နမ့်ဖလွန်ရွာဘက်မှာ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ စစ်ကောင်စီတပ်ကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်နေတယ်လို့ နမ့်ဖလွန်ရွာဒေသခံတွေကပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၉ ရက်မနက်ပိုင်းက နှစ်ဖက် ပစ်ခတ်တာတွေဖြစ်ကြပြီး ဒီကနေ့ဖေဖော်ဝါရီ ၁၀ရက်မနက်အထိ ပစ်ခတ်သံတွေကြားရသလို တိုက်ပွဲဆက်ဖြစ်နေတာလို့ ပြောကြပါတယ်။
မနေ့ ကတော့ စစ်တပ်ဘက်က ပစ်တဲ့လက်နက်ကြီးက နမ့်ဖလွန်ရွာက နေအိမ်တစ်လုံးပေါ် ကျပြီး အိမ်ထဲက သက်ကြီးရွယ်အိုအမျိုးသားတစ်ဦး လက်နက်စထိမှန်လို့ ကွတ်ခိုင်ဆေးရုံကိုတင်လိုက်ရတယ်လို့ အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
'' စစ်တပ်က နမ့်ဖလွန်ရွာ ကျောင်းမှာ မနေ့က တပ်ခဏစွဲထားတာ။ အဲဒီကနေပစ်လိုက်တာ အဘိုးကြီး အိမ်ပေါ်ကျတာ၊ အဲဒီလက်နက်စတွေ ကျောကုန်းကို စင်တာပေါ့။ တိုက်ပွဲကတော့ တစ်နာရီလောက်ဖြစ်လိုက် ပစ်လိုက်ရပ်လိုက်ပုံစံဖြစ်နေတယ်။ ဒီနေ့လည်းဆက်ဖြစ်တယ် ''လို့ နမ့်ဖလွန်ရွာဒေသခံကပြောပါတယ်။
ဘာကြောင့်တိုက်ပွဲဖြစ်တယ်ဆိုတာကို တိတိကျကျသိရှိကြတာမရှိဘဲ တစ်ဖက်တပ်က စပစ်တာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာလို့ ဖာခေတ်နဲ့ နမ့်ဖလွန်ရွာဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။
'' အဲဒီနေရာတွေက ကချင်ရွာတွေဆိုတော့ KIA ဘက်က တပ်ရှိတယ်။ မနေ့ကတော့ KIA တပ်ဘက်က စစ်တပ်ဘက်ကိုစပစ်တာလို့ ပြောကြတယ်။ စစ်တပ်က ရွာထဲကျောင်းအထိရောက်လာပြီး ပြန်ပစ်တာလို့လည်း ပြောကြတယ်'' လို့ဒေသခံတွေနဲ့အဆက်သွယ်ရှိသူတစ်ဦးကရှင်းပြပါတယ်။
ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တော့ ၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအရွှေ့အပြောင်းဖြစ်လာမှာဖြစ်လို့ စစ်ရေးပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့ ဖေဖော်ဝါရီလ ၅ ရက်က ကျရောက်ခဲ့တဲ့ ၆၂ နှစ်မြောက် KIO/KIA ရဲ့ တော်လှန်ရေးနေ့ မိန့်ခွန်းမှာထည့်ပြောထားပါတယ်။
လက်နက်ပေါင်း ၁၇,၀၀၀ ကျော် နဲ့ လက်နက်မိုင်းနဲ့ ဗုံး ၂၇၂၀၀ ကျော်အပါအဝင် ခဲယမ်းများ များစွာ ဖမ်း ဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်ကလုပ်တဲ့ စစ်ကောင်စီရဲ့ ရှေ့ လုပ်ငန်းစဉ် နဲ့ပတ်သက်တဲ့ အစည်းအဝေး မှာပြောပါတယ်။
အာဏာသိမ်းပြီးနောက်ကာလအတွင်း ဖမ်းမိတဲ့လက်နက်တွေလို့ရည်ညွှန်းတယ်လို့နားလည်ရပြီး ဖမ်းမိတဲ့အထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO အဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတွေနဲ့ ပြည်ပနိုင်ငံတွေက လက်နက်ခဲယမ်းတွေပါတယ်လို့ပြောပေမဲ့ ဘယ်အဖွဲ့ဆိုတာကိုတိတိကျကျပြောဆိုတာမတွေ့ရပါဘူး။
ဒါ့အပြင် နိုင်ငံတော်ပိုင် နဲ့ ပုဂ္ဂလိကပိုင်ပစ္စည်း ပျက်ဆီးဆုံးရှုံးမှုတွေ ရှိခဲ့ပြီး သာမန်ပျက်စီးမှုများမပါဘဲ ပျက်စီးဆုံးရှုံးမှုအကြိမ်ရေ ၄၉၀၀ ကျော်၊ လက်ပစ်ဗုံး၊ မိုင်း၊ လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၈၅၀၀ ကျော် ၊ တိုက်ခိုက်မှု ၉၇၀၀ ကျော်၊ မီးရှို့ဖျက်ဆီးမှုအကြိမ်ပေါင်း ၁၂၃၀ ကျော်ရှိခဲ့ တယ်လို့ သူက ဆိုပါတယ်။ လက်နက်ပေါင်း ၁၇၆၉၀ ကျော်၊ လက်နက်မိုင်းနဲ့ ဗုံး ၂၇၂၀၀ ကျော်အပါအဝင် ခဲယမ်းတွေလည်းဖမ်း ဆီးရမိခဲ့တယ်လို့ ပြောပါတယ်။
အစိုးရတစ်ရပ်ရဲ့ နစ်နာဆုံးရှုံး မှုမဟုတ်ဘဲ အမျိုးသားအကျိုး စီးပွားများကို နစ်နာဆုံးရှုံးရတာကို နားလည်သဘောပေါက်စေလိုတယ်ဆိုပြီးပြောသလို ဒီမိုကရေစီကိုအကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ လုပ်ဆောင်နေတယ်ဆိုပြီးလည်းပြောခဲ့ပါတယ်။ အကြမ်းဖက်မှုတွေလို့သုံးနှုန်းပြီး ဒုတိယအကြိမ်အရေးပေါ် သက်တမ်းကာလမှာ ထိထိ ရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်လာလို့ စစ်အုပ်ချုပ်ရေးအမိန့်တွေ တိုးခဲ့သလို အကြမ်းဖက်မှုတွေလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ သူ့အဖွဲ့ဝင်တွေကိုပြောခဲ့တာတွေ့ရပါတယ်။
တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့တည်းက စလို့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်က မြို့နယ်ပေါင်း ၃၇ ခုမှာ စစ်အုပ်ချုပ်ရေးကြေညာပြီး ညမထွက်ရအမိန့်တွေထုတ်ပြန်ထားတဲ့နောက် အဲဒီဒေသအများစုမှာ လူထုရဲ့နေ့စဥ်ဘဝ အခက်အခဲတွေရှိနေပြီး စိုးရိမ်ကြောက်လန့်စွာနေထိုင်နေရတယ်လို့ အဲဒီကဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ခေါင်းဆောင်ကတော့ စစ်အုပ်ချုပ်ရေးဟာ ပြည်သူတွေကို ထုတ်ပြန်တာမဟုတ်ဘဲပြစ်မှုကျူးလွန်သူတွေကိုသာ ထုတ်ပြန်ထားတာဖြစ်တယ်လို့ အထက်ပါအစည်းအဝေးမှာ ပြောကြားသွားပါတယ်။
ဒေသခံအချို့ကစစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ကြားတိုက်ပွဲဖြစ်တာလို့ ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ စစ်ကောင်စီနဲ့ KIA ပြန်ကြားရေးတာဝန်ခံကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ မှတ်ပုံပြန်တင်မယ်လို့ ထုတ်ပြန်လာ

ဓာတ်ပုံ ရင်းမြစ်, PPP
စစ်ကောင်စီရဲ့ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကို ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတယ်လို့ အဲဒီပါတီက မနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်အရ ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးရမယ့်ပါတီတစ်ခုဟာ ပါတီဝင်အင်အား အနည်းဆုံး တစ်သိန်းစုစည်းရမှာဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ရှိရမှာဖြစ်ပြီး မြို့နယ်ပေါင်း ၁၆၀ ကျော်မှာ ပါတီရုံးခန်းတွေဖွင့်လှစ်ရမှာဖြစ်ပါတယ်။
ဒီဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပါတီမှတ်ပုံတင်ဥပဒေထွက်ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီတွေအားလုံးမှတ်ပုံပြန်တင်ရမှာဖြစ်ပါတယ်။
ဒီဥပဒေပါ သတ်မှတ်ချက်အသစ်တွေဟာ လတ်တလောနိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများစွာရှိနေပေမဲ့လည်း ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီအဖြစ် အချိန်မီမှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပါတီကို အဘက်ဘက်ကနေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ပန်ကြားတယ်လို့လည်း ဆိုထားပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့တစ်နေရာမှအနိုင်ရရှိခဲ့ခြင်းမရှိပါဘူး။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် ပါတီခေါင်းဆောင်ဖြစ်သူ ဒေါ်သက်သက်ခိုင်ဟာ စစ်ကောင်စီက ခန့်အပ်တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးရာထူးကိုလက်ခံပြီး တာဝန်ထမ်းဆောင်နေပါတယ်။
လက်ရှိမှာ ပါတီမှတ်ပုံတင်ဥပဒေထွက်အပြီး ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၃ ခုထက်မနည်းမှတ်ပုံတင်ပြန်လည်လျှောက်ထားတာကို စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ကချင်အစပ်မှာ ကချင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ရှမ်းနီတပ်က တင်းတင်းကျပ်ကျပ်စစ်ဆေးနေ

ဓာတ်ပုံ ရင်းမြစ်, Supplied
ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းနဲ့ ဟုမ္မလင်းတဝိုက်မှာ ၁ မျဥ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ရှမ်းနီးအမျိုးသားတပ် SNA ကတင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသအဆုံး စစ်ကိုင်းတိုင်းအစ ဟုမ္မလင်းမြို့နယ် မှာ စစ်ကောင်စီနဲ့ ရှမ်းနီတပ်တွေ ထိန်းချုပ်ထားတဲ့ ဂိတ်တွေရှိပြီး SNA (ရှမ်းနီအမျိုးသားတပ်) တွေထိုင်တဲ့ မန်စိမ်းချောင်းဂိတ်ဘက်မှာတော့ မှတ်ပုံတင်တွေကို အခုနောက်ပိုင်း တင်းတင်းကျပ်ကျပ်စစ်ဆေးသလို ကချင်ပြည်နယ်က လာတဲ့ ၁ မျဉ်းစောင်းဆိုရင် ပိုစစ်ဆေးတာတွေရှိနေတယ်လို့ ခရီးသွားလာနေသူတွေက ဆိုပါတယ်။
ဖေဖော်ဝါရလ ၈ ရက်နေ့ကလည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဟုမ္မလင်းမြို့နယ် ပါဟုတ်ကြီးဘက်ကနေ အပြန် ဖားကန့်ဘက်ကနေလာရောက်သူလေးဦး ဖမ်းဆီးစစ်ဆေးတာတွေခံခဲ့ရတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။
“သူတို့ ၄ ယောက်ပါ။ ဒေါက်တာတစ်ယောက်ပါပါတယ်ခင်ဗျ။ သူတို့ အသွားမှာကတော့ ရွာတွေမှာ ဗော်လန်တီယာတွေရှိပါတယ်ခင်ဗျ။ အဲဒါတွေကို ဆေးဝါးတွေသွားဖြည့်ပေးတာ ပို့တာပါ။ အပို့ကတော့ သွားလို့ရပြီးတော့ အပြန်ကျမှ အဖမ်းခံရပါတယ်ခင်ဗျ”လို့ သူကပြောပါတယ်။
နှစ်နာရီနီးပါးဖမ်းဆီးခံခဲ့ရကာ အချုပ်ထဲကနေ ထုတ်ပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ နောက်တစ်ကြိမ် လာရောက်ရင် သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုကာပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့လည်း အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။
ကချင်နဲ့စကိုင်းတိုင်း အစပ် ဟုမ္မလင်းမြို့နယ် ရှမ်းနီအမျိုးသားတပ်တွေ ရှိတဲ့ဘက်မှာတော့ မှတ်ပုံတင်ကို ၁မျဉ်းစောင်း ဆိုရင် ပိုစစ်သလို ကချင်လူမျိုးနဲ့ ရခိုင်လူမျိုးတွေဆိုရင်လည်းပိုသတိထားပြီး စစ်ဆေးခံရတာတွေကြုံရတယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ ရှမ်းနီအမျိုးသားတပ်ဖွဲ့ထံ ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ ဖြေကြားခဲ့ခြင်းမရှိပါဘူး။
စကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ဘက်မှာတော့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ စစ်ကောင်စီနဲ့ SNA (ရှမ်းနီအမျိုးသားတပ်) နဲ့ ကေအိုင်အေ PDF ပူးပေါင်းအဖွဲ့တွေ စစ်ရေးလှုပ်ရှားတဲ့ နေရာဒေသတွေ ဖြစ်ပါတယ်။
နေပြည်တော်ကိုသွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် ၉ ခုကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ KNDF ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, KNDF
နေပြည်တော်ကို သွယ်တန်းထားတဲ့ ဖယ်ခုံမြို့နယ်ထဲက လျှပ်စစ် တာဝါတိုင် ၉ ခု ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၁)က ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တပ်ရင်း ၁၁ ဟာ ဒီဖောက်ခွဲဖျက်ဆီးမှုမတိုင်မီ ကရင်နီ-ကယားပြည်နယ်ထဲကတစ်ဆင့် နေပြည်တော်ကို သွယ်တန်းထားတဲ့ တာဝါတိုင် ၃၀ ကျော်နဲ့ မန္တလေးကို သွယ်တန်းထားတဲ့ တာဝါတိုင် ၂၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး တခြားအဖွဲ့တွေကလည်း ဖျက်ဆီးနေကြတယ်လို့ KNDF က ဘီဘီစီကိုပြောပါတယ်။
လျှပ်စစ် တာဝါတိုင်တွေကို ဖျက်ဆီးရင် ပြည်သူလူထုပါသက်ရောက်မှုရှိမှာကို နားလည်ပေမယ့်
ဘာကြောင့်ဖျက်ဆီးရလဲဆိုတဲ့အကြောင်းကို KNDF တပ်ရင်း(၁၁)က ပြောရေးဆိုခွင့်ရှိသူတစ်ဦး
ခုလိုပြောပါတယ်။
“အထူးသဖြင့်လက်နက်ထုတ်လုပ်ရေးမှာသုံးခွင့်ပေးလို့မရဘူး။ ကိုယ့်ဆီကနေ ထွက်တဲ့သယံဇာတ၊ ကိုယ့်ဆီက ထွက်တဲ့မီးကို ကိုယ်မရဘဲကိုယ့်ကိုပြန်သတ်မယ့် လက်နက်စက်ရုံတွေလည်ပတ်ဖို့ ဘာလို့ ကျွန်တော်တို့ က ဘာလို့မီးတွေပေးရမှာလဲ။ တာဝါတိုင်တွေဖြိုခြင်းအားဖြင့် ဓာတ်တိုင်ထူဖို့ သိန်းရာထောင်ချီကို သုံးရရင် အဲဒီငွေတွေက ကျည်ဖိုးဖြစ်မသွားတော့ဘူးပေါ့။ အားလုံးထိခိုက်မှာမှန်ပေမဲ့လည်း ပြည်ပကလူတွေလည်း ဒါကိုမျှဝေခံစားပေးဖို့လိုပါတယ်” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း PDF အဖွဲ့ပေါင်းစုံက လျှပ်စစ် တာဝါတိုင်တွေကို အကြိမ်ပေါင်း ၂၀၀ ကျော်အထိ ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။
အခုနေပြည်တော်ကိုသွယ်တန်းထားတဲ့ တာဝါတိုင်တွေဖျက်စီးခံရတယ်ဆိုတာနဲ့ပတ်သက်လို့တော့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကလည်း သတင်းအတည်ပြုနိုင်ရေး ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
လျှပ်စစ် တာဝါတိုင်တွေကို ဖျက်ဆီးရင် ပြည်သူလူထုပါသက်ရောက်မှုရှိမှာကို နားလည်တယ်လို့လည်း KNDF တပ်ရင်း(၁၁) က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ရှမ်းကယားနယ်စပ်မှာရှိတဲ့ မိုးဗြဲမှာလည်း စစ်ကောင်စီရဲ့ဗျူဟာမြောက်စခန်းကုန်းတစ်ခုကို မိုးဗြဲ PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပေါင်းတိုက်လို့ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေနဲ့နီးတဲ့ မိုးဗြဲ-ပီကင်းလမ်းပိုင်းကို အသုံးမပြုဖို့ မိုးဗြဲ PDF က ဒေသခံတွေကို သတိပေးထားတာ တစ်ပတ်နီးပါးရှိနေပြီဖြစ်ပါတယ်။
စက်တော်ရာ တောင်ပေါ်မှာ ၆ လကြာတပ်စွဲထားတဲ့ တပ်စခန်းကို တိုက်တဲ့ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူပေးလို့ မသိမ်းပိုက်နိုင်ခဲ့ဘူးလို့ မိုးဗြဲ PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဖေဖော်ဝါရီ လဆန်းမှာ ကြေညာတဲ့ စစ်အုပ်ချုပ်ရေးအမိန့်မှာ ကယားပြည်နယ်က ၄ မြို့နယ်ပါဝင်ခဲ့ပြီး တစ်ပြည်နယ်လုံးရဲ့ နယ်မြေတစ်ဝက်ကျော် ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ကယားပြည်နယ်ဟာ တောတောင်ထူထပ်တဲ့အတွက် စစ်ကောင်စီတပ်တွေအနေနဲ့ ဒေသခံ PDF တွေကို မထိန်းချုပ်နိုင်ဘဲ တိုက်ပွဲတွေမကြာခဏဖြစ်ပွားခဲ့တဲ့အတွက် စစ်ဘေးရှောင် တစ်သိန်းဝန်းကျင် ရှိနေပါတယ်။








