တရုတ်က မြောက်ကိုးရီးယားကို ကုန်တင်ပို့မှု တိုးလာ- မေ ၂၀ ညနေခင်း နိုင်ငံတကာ သတင်းများ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

မြောက်ကိုရီးယားကို တရုတ်က ပို့ကုန် တင်ပို့မှုတွေ ဧပြီလအတွင်း တိုးတက်လာ တယ်လို့ တရုတ်က လာတဲ့ စာသုံးသူ အချက်အလက်တွေက ဖော်ပြနေတယ်လို့ ဆိုပါတယ်။ အဓိက ပစ္စည်းတွေထဲမှာ ဆံပင်တုလုပ်တဲ့ ပစ္စည်းတွေနဲ့ မြေသြဇာတို့လို့ ပစ္စည်းတွေ ပါဝင်နေ တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ မြောက်ကိုရီးယား နယ်စပ် တစိတ်တပိုင်းအနေနဲ့ ပြန်ဖွင့်ခဲ့ပြီး ပို့ကုန်တင်ပို့မှု ၆၉ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက စီးပွားရေး အတွက် တရုတ်နဲ့ ရုရှားကို မှီခိုနေရတာ ဖြစ်ပြီး ဒီနှစ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေ အပြည့်အဝ ပြန်မဖွင့်သေးပါဘူး။

မြောက်ကိုရီးယား လူ ၄၀ ရာခိုင်နှုန်း နီးပါး အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်ခဲ့ပေမဲ့ လူသားချင်းစာနာမှု အကူအညီတွေကို မြောက်ကိုရီးယားက ငြင်းဆန်ထားပါတယ်။

G7 ထိပ်သီးဆွေးနွေးပွဲတက်ဖို့ ယူကရိန်းသမ္မတရောက်လာ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ စက်မှုအင်အားကြီး ဂျီ ၇ ခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည် ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ယူကရိန်း သမ္မတ ဗလော်ဒီမာ ဇလန်းစကီး ဂျပန်ကို ရောက်နေပါတယ်။

ယူကရိန်းရဲ့ လက်တွဲဖော် မိတ်ဆွေတွေနဲ့ အရေးပါတဲ့ အစည်းအဝေးကို တက်မယ်လို့ မစ္စတာ ဇလန်စကီးက ဂျပန်ကို ရောက်တဲ့ အချိန် တွစ်တာမှာ ရေးပါတယ်။

အောင်ပွဲအတွက် ပိုမို လက်တွဲဆောင်ရွက်ဖို့နဲ့ လုံခြုံရေး ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေ အသုံးပြုနိုင်ဖို့ ယူကရိန်း လေယာဉ်မှူးတွေကို သင်တန်းပေးဖို့ အမေရိကန်က အတည်ပြုလိုက်ပြီးတဲ့နောက် မစ္စတာ ဇလန်စကီးက ဂျပန်ကို ရောက်လာတာ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန်က မစ္စတာ ဘိုင်ဒန်က သမ္မတ ဇလန်းစကီးနဲ့တွေ့ဆုံပြီး ရုရှားရဲ့ ကျူးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းကို ဆက်လက် ထောက်ပံ့ပေးဖို့ တွေ့ဆုံဖွယ်ရှိတယ်လို့ ဟီရိုရှီးမားမှာ သတင်းထောက်တွေကို ပြောပါတယ်။

"သမ္မတ ဘိုင်ဒန်က သူနဲ့ တွေ့ဖို့ ရှိပေမဲ့ တရားဝင် ကြေညာဖို့ မရှိသေးပါဘူး၊ သမ္မတ ဇလန်စကီးနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံ စကားပြောရမယ့် အခွင့်အရေးကို သမ္မတက စောင့်နေတာ ဖြစ်ပါတယ် " လို့ သူက ပြောပါတယ်။

ဒါဟာ နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ ဒိန်းမတ်တွေကလည်း ယူကရိန်းကို သူတို့ ပိုင်တဲ့ လေယာဉ်တွေ ယူကရိန်းကို ပေးပို့ဖို့ လမ်းခင်းပေးလိုက်တာ ဖြစ်ပါတယ်။

ဒီ ဂျီ ၇ ခေါင်းဆောင်တွေက ဉာဏ်ရည်တု (အေအိုင်)နဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီမိုကရေစီ စံတန်ဖိုးတွေနဲ့ အညီ စိတ်ချယုံကြည်ရတဲ့ အေအိုင်ဖြစ်ဖို့ စံနှုန်းတွေ သတ်မှတ်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဉာဏဆိုင်ရာ မူပိုင်ခွင့် သတင်းမှားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့လည်း ဝန်ကြီး အဆင့် ဖိုရမ်တခုကိုလည်း လုပ်ဆေင်ဖို့ ရှိနေပါတယ်။ ဒီအစည်းအဝေးမှာ တက်ရောက်နေတဲ့ ဉရောပ သမဂ္ဂကလည်း ပြီးပြည့်စုံတဲ့ ပထမဆုံး အေအိုင် ဉပဒေကို ပြဌာန်းဖို့ လုပ်ဆောင်နေပါတယ်။

ဆူဒန် မြို့တော် ခါတွန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ဖြစ်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဆူဒန်နိုင်ငံမြို့တော် ခါတွန်း အပြင်ဘက် ဧရိယာတွေကို မနေ့ညနဲ့ ဒီကနေ့ မနက် အထိ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

နိုင်းမြစ်ရဲ့ တဖက်တချက်စီမှာရှိတဲ့ အော်ဒူမန် မြို့ တောင်ပိုင်း နဲ့ ဘာရီမြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်တာတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အော်ဒူမန်မှာရှိတဲ့ အစိုးရပိုင် အသံလွှင်ဌာနအနီးမှာ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆူဒန် စစ်တပ်နဲ့ စင်ပြိုင် Rapid Support Forces တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ပိတ်မိနေပြီး လူ ၁ သန်းနီးပါး အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးနေရပါတယ်။

အမေရိကန်နဲ့ ဆော်ဒီတို့ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့ ဒီတပ်ဖွဲ့ဝင်တွေ ဂျေဒက်မြို့မှာ တွေ့ဆုံဆွေးနွေးနေပေမဲ့ တစုံတရာ ရလဒ်မထွက်လာသေးပါဘူး။ နှစ်ဖက်စလုံးက အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲထားပါတယ်။

အီရန်မှာ လူ ၃ ဦးကို သေဒဏ်စီရင်တဲ့ အပေါ် ဆန္ဒပြ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

မေ ၁၉ ရက်က လူ ၃ ဦးကို စီရင်လိုက်တဲ့အပေါ် အီရန်နိုင်ငံက မြို့အတော်မျာများမှာ ညက ဆန္ဒပြခဲ့ကြပါတယ်။ ဒီ ၃ ဦးဟာ နိုင်ငံတဝန်းမှာ ဖြစ်နေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။

အစ်ဖာဟန်နဲ့ ကရာချ်မှာ ဆန္ဒပြပွဲ အနည်းငယ်ဖြစ်ခဲ့တဲ့ ဗီဒီယို အွန်လိုင်းမှာ တက်နေပါတယ်။ တီဟီရန်မှာလည်း လူတွေက လူသတ်သမားဆိုပြီး အစိုးရကို ရှုတ်ချတဲ့ ကြွေးကြာ်သံတွေကို သူတို့ရဲ့ အိမ်ထဲမှာ အော်ဟစ်ခဲ့ကြပါတယ်။

ဒီလို အပြစ်ပေး စီရင်လိုက်တဲ့ အပေါ် ကနေဒါ သြစတြေးလျ အီးယူနဲ့ ကုလသမဂ္ဂတို့က ဆန့်ကျင် ရှုတ်ချကြပါတယ်။

ဒါ့အပြင် လူကုန်ကူးမှု ပြည့်တန်ဆာ လုပ်ငန်းနဲ့ ဆက်နွှယ်တဲ့ အမျိုးသား တဦးကိုလည်း ဒီမနက်က အီရန်က စီရင်လိုက်ပါတယ်။

ဧဝရက်တောင် ပိုခြောက်သွေ့လာတယ်လို့ ဗြိတိန် တောင်တက်သမားပြော

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

လွန်ခဲ့တဲ့ နှစ် ၂ဝ ပထဆုံးအကြိမ် ဧဝရက်တောင်ကို ပထမဆုံး တက်ခဲ့တဲ့ အချိန်ကထက် တောင်က ပိုခြောက်သွေ့ပြီး ကျောက်တုံးကျောင်ဆောင်တွေ ပိုများလာတယ်လို့ ဗြိတိန် တောင်တက်သမား ကန်တွန် ကူးလ်က ပြောပါတယ်။

ဒီသီတင်းပတ်အစောပိုင်းက နိုင်ငံခြားသားတဦးအနေနဲ့ ဧဝရက်တောင်ကို ၁၇ ကြိမ် စံချိန်တင် တက်ရောက်နိုင်ခဲ့ပြီး အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာတာနဲ့ တခြား ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အကြောင်းအရင်းတွေကြောင့် နှင်းတွေ မကျတော့ဘူးလို့ ပြောပါတယ်။

ကမ္ဘာ့ပျှမ်းမျှ အပူချိန်ထက် ပိုပြီး ဟိမဝန္တတောင်တန်းတွေရဲ့ အပူချိန်က အမြန်ဆုံး ပိုမြင့်တက်လာတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။