မြန်မာမှာ ဖေဖော်ဝါရီတည်းက ကိုဗစ်လူနာတွေ့ရှိတဲ့ ကြေညာချက် အတုသာဖြစ်၊ ကိုဗစ်၁၉ ပိုးတွေ့လူနာ နှစ်ဦးထပ်တိုး၊ စုစုပေါင်း ၁၄၆ ဦးရှိလာ၊ ကမ္ဘာမှာ ကိုဗစ်၁၉ ကြောင့် သေဆုံးသူ နှစ်သိန်းကျော်ပြီ

ကိုဗစ်၁၉ ရောဂါကို မြန်မာရင်ဆိုင်နေရတာတစ်လကျော် ရှိသွားပါပြီ။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ကိုဗစ်၁၉ ရောဂါကို မြန်မာရင်ဆိုင်နေရတာတစ်လကျော် ရှိသွားပါပြီ။
ရေးသားခဲ့သည်။

(၁) မြန်မာမှာ ဖေဖော်ဝါရီတည်းက ကိုဗစ်အတည်ပြုလူနာတွေ့ရှိတဲ့ ကြေညာချက် အတုသာဖြစ်လို့ တာဝန်ရှိသူပြော

မနေ့က ဧပြီ ၂၅ ရက်မှာ လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ကိုဗစ်အတည်ပြုလူနာကို တွေ့ရှိကြောင်း ဖေဖော်ဝါရီ လ ရက်စွဲနဲ့ ရုံးတွင်းအမိန့်စာပုံစံ ကြေညာချက်ဟာ အတုသာဖြစ်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရအဖွဲ့ဝင် ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

"ကျွန်တော်တို့ဘာမှဖုံးကွယ်ထားစရာမရှိပါဘူး။ ကျွန်တော်တို့ တွေ့ခဲ့တဲ့ ပထမဆုံးလူနာက ပထမဆုံးပါပဲ။ မတ်လ ၂၃ ရက်မှာတွေ့ခဲ့တာပါ" လို့ သူက ပြောပါတယ်။

ကောလာဟလတွေကိုစောင့်ကြည့်အရေးယူတဲ့အဖွဲ့ရှိပြီး ဒီအဖွဲ့ဟာ ဖေ့စ်ဘွတ်နဲ့လည်း ချိတ်ဆက်ထားတာကြောင့် ဒီကိစ္စကို ဖေ့စ်ဘွတ်တင်းမ်ကို အရင် သတင်းပို့ရမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဖေ့စ်ဘွတ်မှာ ပျံ့နေတဲ့ ဒီကြေညာချက်က အတုလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NAung

ဓာတ်ပုံ ပုံစာ, ဖေ့စ်ဘွတ်မှာ ပျံ့နေတဲ့ ဒီကြေညာချက်က အတုလို့ ဆိုပါတယ်။

"မနေ့ကအထိ ကျွန်တော်တို့ ဒီသတင်းကြားတော့ သတင်းတုပဲဆိုတော့ ပျောက်သွားမယ်ထင်တာ။ ဒီနေ့တော့ ထပ်ပြီးမေးလာတာတွေလည်းရှိတော့ ကျွန်တော်တို့အဖွဲ့တွေ တိုင်ပင်ပြီး ဘာဆက်လုပ်မလဲ ဆိုတာ ရှိမယ်" လို့ သူက ဆက်ပြောပါတယ်။

() ကိုဗစ်၁၉ ပိုးတွေ့လူနာ နှစ်ဦးထပ်တိုး၊ စုစုပေါင်း ၁၄၆ ဦးရှိလာ

အသွားအလာကန့်သတ်ထားတဲ့သူတွေထဲက ပိုးတွေ့လူနာ ၂ ဦး ထပ်တွေ့ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ဧပြီ ၂၆ ရက်မနက် အထိ လူနာ စုစုပေါင်း ၁၄၆ ဦးရှိပြီဖြစ်ပါတယ်။

အဲဒီလူနာနှစ်ဦးဟာ ရန်ကုန်မြို့၊ ကမာရွတ်က တစ်ဦးနဲ့စစ်ကိုင်းကတစ်ဦးတို့ ဖြစ်ပြီး ရန်ကုန်က လူနာဟာ လူနာနံပါတ် ၁၃၉ နဲ့ ထိတွေ့မှုရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုဗစ်အတည်ပြုလူနာ ၁၄၆ ယောက်ထိရှိသွားပါပြီ။

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, ကိုဗစ်အတည်ပြုလူနာ ၁၄၆ ယောက်ထိရှိသွားပါပြီ။

စစ်ကိုင်းက လူနာကတော့ ကိုဗစ်လူနာနဲ့ ထိတွေ့မှု မရှိပေမယ့် ပြည်ပကို ခရီးသွားထားတဲ့ ရာဇဝင်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းမှာ အခုဆိုအတည်ပြုလူနာ ၇ ဦးရှိလာပြီဖြစ်ပြီး သံသယနဲ့စောင့်ကြည့်လူနာ ၂၅ ဦးရှိနေပါတယ်။

သူတို့နှစ်ဦးကို တောင်ဥက္ကလာပအထူးကုဆေးရုံနဲ့ စစ်ကိုင်းပြည်သူ့ဆေးရုံတို့ကို အသီးသီး လွှဲပြောင်းကုသပေးမှာ ဖြစ်ပါတယ်။

လူနာကိုကုသပေးရင်း ကူးစက်ခံရတဲ့ကျန်းမာရေးဝန်ထမ်းတချို့လည်း ရှိထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, လူနာကိုကုသပေးရင်း ကူးစက်ခံရတဲ့ကျန်းမာရေးဝန်ထမ်းတချို့လည်း ရှိထားပါတယ်။

ဧပြီ ၂၅ ရက်အတွက် ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၄၂၆ ခုကို အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန(NHL) နဲ့ ဆေးသုတေသနဦးစီးဌာနတို့မှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

NHL မှာဓာတ်ခွဲနမူနာ ၃၇၂ နဲ့ ဆေးသုတေသနမှာ ၅၄ ခုတို့ကို စစ်ဆေးခဲ့တာဖြစ်ပြိး အဲဒီထဲက ပိုးတွေ့လူနာသစ်နှစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံမှာ နေပြည်တော်ကောင်စီနယ်မြေနဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကလွဲလို့ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ ပိုးတွေ့လူနာတွေ တွေ့ရှိထားပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ရန်ကုန်က ၁၁၀ ကျော်နဲ့ အများဆုံး ဖြစ်နေပြီး အသွားအလာကန့်သတ်တားမြစ်ထားတဲ့ မြို့နယ် ခုဆို ဆယ်ခုရှိလာပြီဖြစ်ပါတယ်။

() ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေး စွမ်းစွမ်းတမံဆောင်ရွက်နေသူတွေ ပြည်သူ့ဂုဏ်ရည်ဆု ရရှိ

ကမ္ဘာ့ကပ်ရောဂါ ကုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကိစ္စတွေမှာ စွမ်းစွမ်းတမံ အနစ်နာခံဆောင်ရွက်နေတဲ့ သူရဲကောင်းတွေကို ဒီနှစ် ၁၁ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုကြောင်း အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ကပ်ရောဂါကြောင့် ဒီနှစ်မှာ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲကိုအခမ်းအနားနဲ့ မလုပ်ဖြစ်ခဲ့ဘဲ အကျဉ်းချုံး ကျင်းပ

ဓာတ်ပုံ ရင်းမြစ်, Citizen of the Burma Award

ဓာတ်ပုံ ပုံစာ, ကပ်ရောဂါကြောင့် ဒီနှစ်မှာ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲကိုအခမ်းအနားနဲ့ မလုပ်ဖြစ်ခဲ့ဘဲ အကျဉ်းချုံး ကျင်းပ

ဒါကြောင့် ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ဂုဏ်ပြုငွေ ကျပ် ၄၀၃ သိန်းကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုဗစ် အမျိုးသားအဆင့် ဗဟိုကော်မတီကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်တာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်တဲ့အဖွဲ့ကို ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်က တည်ထောင်ခဲ့တာဖြစ်ပြီး ဆုရရှိသူတွေကို အမေရိကန်ဒေါ်လာတစ်သောင်း သတ်မှတ်ချီးမြှင့်လေ့ရှိပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ကိုဗစ်၁၉ အတွက်ရည်ရွယ်ပြီး အလှူငွေတွေထပ်တိုးကောက်ခံခဲ့တာကြောင့် ဒေါ်လာ နှစ်သောင်းရှစ်ထောင်ကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖောင်ကြီးဝန်ထမ်းလေ့ကျင့်ရေးကျောင်းကို ယာယီဆေးရုံအဖြစ် အသွင်ပြောင်းထား

ဓာတ်ပုံ ရင်းမြစ်, Mpa

ဓာတ်ပုံ ပုံစာ, ဖောင်ကြီးဝန်ထမ်းလေ့ကျင့်ရေးကျောင်းကို ယာယီဆေးရုံအဖြစ် အသွင်ပြောင်းထား

မနေ့က သမ္မတအမိန့်နဲ့ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ လူကယ်ပြန် ပြည်ထေင်စုဝန်ကြီးက အတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အားလုံးနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် နှစ်ဦးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်မှာဖြစ်ပါတယ်။

ကိုဗစ်၁၉ ရောဂါအရေးပေါ်တုံ့ပြန်ရေးအတွက် အစိုးရမူဝါဒနဲ့အညီ ဆောင်ရွက်နိုင်ဖို့ အခကြေးငွေမယူဘဲ လိုအပ်တဲ့အခြေအနေမှာ ပါဝင်ကူညီဆောင်ရွက်ပေးတဲ့ စေတနာ့ဝန်ထမ်းတွေ စနစ်တကျ ပါဝင်လာစေဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းတာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောကြားထားပါတယ်။

() ကိုဗစ်၁၉ ကြောင့် သေဆုံးသူ နှစ်သိန်းကျော်ပြီ

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူဟာ အခုဆို နှစ်သိန်းကျော်သွားပြီလို့ အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်ရဲ့ကိန်းဂဏန်းတွေအရ သိရပါတယ်။

အသေအပျောက်အများဆုံးငါးနိုင်ငံကတော့ အမေရိကန်၊ အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ ဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသေအပျောက်အများဆုံးငါးနိုင်ငံကတော့ အမေရိကန်၊ အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ ဖြစ်ပါတယ်။

ရောဂါကူးစက်ဖြစ်ပွားသူပေါင်းကတော့ ၂ ဒသမ ၈ သန်းကျော် ရှိနေပြီလို့ ဆိုပါတယ်။

အသေအပျောက်အများဆုံးငါးနိုင်ငံကတော့ အမေရိကန်၊ အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ ဖြစ်ပါတယ်။

အဲဒီထဲမှာ အမေရိကန်က သေဆုံးသူပေါင်း ငါးသောင်းကျော်ရှိပြီး ကမ္ဘာပေါ်မှာ ဒီဗိုင်းရပ်စ်နဲ့ သေဆုံးမှုအများဆုံး ထိပ်တန်းနိုင်ငံလည်း ဖြစ်နေပါတယ်။

တရုတ်မှာ ဒီဗိုင်းရပ်စ်နဲ့ ပထမဆုံးသေဆုံးမှုက ဇန်နဝါရီ ၁၁ ရက်ကဖြစ်ပြီး အဲဒီနောက် နိုင်ငံပေါင်း ၂၁၀ ကျော်မှာ ဗိုင်းရပ်စ် ပျံ့နှံ့ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အသေအပျောက်အများဆုံး ငါးနိုင်ငံမှာ ဒီဗိုင်းရပ်စ်ကြောင့် သဆုံးသူတွေကို စာရင်းသွင်းရေတွက်မှု အမျိုးမျိုးကွဲပြားတာတွေရှိပေမယ့် သေသူအရေအတွက်ဟာ နှစ်သောင်းနဲ့အထက်ရှိနေပါတယ်။

ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနကတော့ မနေ့က ကြေညာရာမှာ လူ နှစ်သောင်းနဲ့အထက်ဟာ ဗြိတိန်က ဆေးရုံတွေမှာ ဒီဗိုင်းရပ်စ်နဲ့ သေဆုံးခဲ့ကြတယ်လို့ ကြေညာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ
ဓာတ်ပုံ ပုံစာ, ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ

ဗြိတိန် ပြည်ထဲရေးဝန်ကြီး ပရစ်တိပက်တဲလ်က ဒီကိန်းဂဏန်းတွေကို ဝမ်းနည်းကြောက်မက်ဖွယ်ကောင်းတဲ့မှတ်တိုင်တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးလည်း ပူးဆွေးဝမ်းနည်းနေတယ်လို့ ဖော်ပြပြောကြားခဲ့ပါတယ်။

ဗြိတိန်မှာ ဒီရောဂါနဲ့ သေဆုံးသူတွေကို ရေတွက်ရာမှာ အိမ်မှာ ဒါမှမဟုတ် သက်ကြီးစောင့်ရှောက်ရေးဂေဟာတွေမှာ သေဆုံးသူတွေကိုထည့်သွင်း ရေတွက်ခြင်းမရှိတဲ့အတွက် အမှန်တကယ် သေဆုံးတဲ့ကိန်းဂဏန်းက ဒီထက်ပိုများနိုင်တာသေချာသလောက်ရှိနေပါတယ်။

ဗီဒီယို ပုံစာ, အိမ်ကနေ အလုပ်လုပ်ရတာကြောင့် ခါးနာခါးကိုက်ရင် ဘယ်လိုရှင်းမလဲ