ကိုရိုနာဗိုင်းရပ်စ် - မြန်မာမှာ ဘယ်လို ကူးစက်ပျံ့နှံ့ခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN
တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ စပျံ့နှံ့တာ ဧပြီ ၂၃ ရက် မှာ တစ်လ ပြည့်ခဲ့ပါပြီ။ ပထမဆုံးကူးစက်မှုတွေ့ရှိမှုအဖြစ် အမေရိကန် နိုင်ငံက ပြန်လာသူ အမျိုးသား တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၃ ညပိုင်းမှာ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကူးစက်သူပေါင်း အခုဆို ၁၄၃ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ပြန်လည်သက်သာလာသူ ၅ ဦးရှိပါတယ်။
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ပျံ့နှံ့ဖြစ်ပွားမှု ၂၀၂၀၊ ၂၀ အောက်တိုဘာ
| ပိုးတွေ့ | ပိုးတွေ့ပြန်လည်သက်သာ | ပိုးတွေ့သေဆုံးလူနာ |
|---|---|---|
ပိုးတွေ့
၇၅,၇၀၇ (++၃၈,၄၀၃)
ပိုးတွေ့ပြန်လည်သက်သာ
၇၀,၆၃၄ (++၅၃,၀၆၄)
ပိုးတွေ့သေဆုံးလူနာ
၃,၆၆၆ (++၂,၇၅၂)
|
ဒေသ
|
ပိုးတွေ့
|
ပိုးတွေ့ပြန်လည်သက်သာ
|
ပိုးတွေ့သေဆုံးလူနာ
|
|---|---|---|---|
|
၂,၄၈၆
|
၃၄,၉၃၉
|
၁,၈၀၇
|
|
|
ရှမ်းပြည်နယ်
|
၁၆၇
|
၃၄,၉၃၉
|
၁,၈၀၇
|
|
ရန်ကုန်တိုင်းဒေသကြီး
|
၅၇,၅၆၅
|
၅၄၀
|
၄၆
|
|
ရခိုင်ပြည်နယ်
|
၅,၁၃၃
|
၆၀
|
၂
|
|
ပဲခူးတိုင်းဒေသကြီး
|
၂,၉၉၄
|
၁၆
|
၂
|
|
နေပြည်တော် ပြည်ထောင်စုနယ်မြေ
|
၄၈၆
|
၄
|
၂
|
|
မန္တလေးတိုင်းဒေသကြီး
|
၂,၂၀၀
|
၈
|
၀
|
|
ဧရာဝတီတိုင်းဒေသကြီး
|
၁,၄၈၃
|
၄
|
၀
|
|
မွန်ပြည်နယ်
|
၁,၀၈၁
|
၄
|
၀
|
|
မကွေးတိုင်းဒေသကြီး
|
၆၃၉
|
၆
|
၀
|
|
စစ်ကိုင်းတိုင်းဒေသကြီး
|
၅၆၂
|
၁၈
|
၀
|
|
ကရင်ပြည်နယ်
|
၃၂၂
|
၅၈
|
၀
|
|
တနင်္သာရီတိုင်းဒေသကြီး
|
၂၃၉
|
၄
|
၀
|
|
ကယားပြည်နယ်
|
၂၂၅
|
၄
|
၀
|
|
ချင်းပြည်နယ်
|
၁၂၃
|
၃၀
|
၀
|
|
ကယားပြည်နယ်
|
၂
|
၀
|
၀
|
ရင်းမြစ် - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
နောက်ဆုံးပြင်ဆင်သည့်အချိန် - ၂၀၂၀၊ ၂၀ အောက်တိုဘာ GMT+၆:၃၀ ၀၆:၃၀
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ တစ်နေ့တည်း ဆယ်ဂဏန်းချီတွေ့ရတဲ့ ရက်တွေ ရှိလာပြီးနောက်မှာ ခွင့်ပြုချက်ရထားတဲ့ ကိစ္စတွေက လွဲပြီး လူငါးဦးနဲ့ ငါးဦးအထက် ပိုမစုဖို့လို အမိန့်တွေလည်း ထုတ်ပြန်ထားပါတယ်။
ကူးစက်မှုအများစုက ရန်ကုန်မှာ ရှိနေပြီး ၁၁၆ ဦး ရှိပါတယ်။ ဒုတိယ အများဆုံးက စစ်ကိုင်းတိုင်း ကလေးမြို့မှာရှိပြီး ကူးစက်သူ ၆ ဦး ရှိပါတယ်။
ရန်ကုန်မြို့မှာတော့ ဘာသာရေးအခမ်းအနားတစ်ခုနဲ့ ဆက်နွှယ်ပြီးကူးစက်ခဲ့ရာကနေ အစုလိုက်ကူးစက်သူတွေပါ တွေ့ရှိခဲ့တဲ့ အင်းစိန်မြို့နယ်မှာ ကူးစက်သူတွေ အများဆုံးဖြစ်ပြီး အဲဒီမြို့နယ်မှာ ကူးစက်ခံရသူ ၂၃ ဦးရှိပါတယ်။




