သားသေကို သယ်ပြီးသွားနေတဲ့ လင်းပိုင်မကြီး

ဗီဒီယို ပုံစာ, သားသေကို သယ်ပြီးသွားနေတဲ့ လင်းပိုင်မကြီး
သားသေကို သယ်ပြီးသွားနေတဲ့ လင်းပိုင်မကြီး
ရေးသားခဲ့သည်။

သြစတြေးလျက အဏ္ဏဝါသုတေသနအဖွဲ့တစ်ခုက သေသွားတဲ့ကလေးကို ရက်ပေါင်းအတော်ကြာအောင် သယ်ပြီးသွားနေတဲ့ လင်းပိုင်မတစ်ကောင်ရဲ့ ပုံကို ထုတ်ပြန်ခဲ့ပါတယ်။ ဖရက်ဂယ်လို့ နာမည်ပေးထားတဲ့ အဲဒီလင်းပိုင်မဟာ နောက်ဆုံးမွေးခဲ့တဲ့ ကလေးလေးကောင်စလုံး အဖတ်မတင်ခဲ့ပါဘူး။ လင်းပိုင်အုပ်ကလည်း အနားကိုလာပြီး ဝန်းရံပေးနေကြတာကို တွေ့နိုင်ပါတယ်။ လင်းပိုင်တွေဟာ သူတို့သားသမီးတွေသေဆုံးရင် ဒီလိုပဲ ရက်တော်တော်ကြာအောင် ပူဆွေးနေတတ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်အစာရှာဖို့အတွက် ကလေးအသေကို စွန့်ပစ်ခဲ့ကြရတယ်လို့ လေ့လာသူတွေကပြောပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #လင်းပိုင် #တိရစ္ဆာန