အစိုးရနဲ့ JICM ကျင်းပနိုင်ရေး ဆက်ညှိမည် အပါအဝင် သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
အစိုးရနဲ့ JICM ကျင်းပနိုင်ရေး ဆက်ညှိမည်
ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အစိုးရ၊ တပ်နဲ့ အပစ်ရပ် လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေဟာ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပဖို့အတွက် ဆက်လက်ပြီး ဆွေးနွေးညှိနှိုင်းသွားဖို့ရှိပါတယ်။
ငြိမ်းချမ်းရေး လက်မှတ်ထိုးမယ့် အဖွဲ့အစည်း ၁၀ဖွဲ့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အောက်တိုဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သုံးရက်ကြာ စည်းဝေးခဲ့ကြပါတယ်။
အစိုးရအနေနဲ့ NCA လေးနှစ်ပြည့် နှစ်ပတ်လည်ပွဲကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ကျင်းပရန်၊ ဒါ့အပြင် JICM အစည်းအဝေးကိုလည်း အောက်တိုဘာ ၂၉ ရက်နေ့မှာ ကျင်းပဖို့ကို ဆွေးနွေးခဲ့ကြပါတယ်။
JICM အစည်းအဝေးကို ကျင်းပနိုင်ရေးအတွက် အပစ်အရပ်ဆယ်ဖွဲ့ အစိုးရနဲ့ ဆက်လက်ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျပန်မှာ တိုက်ဖွန်းဝင်ရောက် သေဆုံးသူတိုး
ဂျပန်နိုင်ငံမှာ အနှစ် ၆၀ အတွင်း အပြင်းထန်ဆုံး မုန်ဒဏ် ဟာဂီဘိစ် ဝင်ရောက်တဲ့အတွက် အခုနောက်အဆုံး အခြေအနေအထိ လူပေါင်း ၉ ယောက် သေဆုံးခဲ့ပြီး လူ ၁၅ ယောက် ပျောက်ဆုံးခဲ့ပါတယ်။
တိုက်ဖွန်း ဟာဂီဘိစ် ရဲ့တိုက်ခတ်မှုကြောင့် ရေကြီးမြေပြိုမှုတွေ ဟာ တနိုင်ငံလုံးမှာဖြစ်နေပြီး မုန်တိုင်းအတွင်း ပျှမ်းမျှ တစ်နာရီလေတိုက်နှုန်းမှာ ၂၂၅ ကီလိုမီတာ အထိရှိနေပါတယ်။
တိုကျိုမြို့ အရှေ့ပိုင်း ချီဘားကို တော့ တိုင်ဖွန်းဟာ တစ်နာရိကို မိုင် ၁၃၀ ကျော်အထိ တိုက်ခတ်ခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ ဂျပန်အစိုးရ လူပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းကယ်တင်နေပါတယ်။
ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ မြန်မာတွေအတွက်လည်း ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက သတိပေးနှိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ကရင်ပြည်နယ် ဝန်ကြီးချုပ် မြိုင်ကလေး ဘိလပ်မြေစက်ရုံကိုကွင်းဆင်းစီစစ်
ကရင်ပြည်နယ် ဘားအံမြို့ မြိုင်ကလေး တန် ၄၀ဝ၀ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံမှာရှိတဲ့ ကျောက်မီးသွေး စုပုံကွင်းကနေ ရေဆိုးတွေ ဒေသတွင်း ကျေးရွာပိုင် လယ်ယာ ချောင်းမြောင်း နဲ့ ရေတွင်းရေကန်တွေကို စီးဝင်တယ်ဆိုကာ ဒေသခံတွေဟာ စိုးရိမ်မှု မြင့်တက်နေပါတယ်။
ဒါကြောင့် ဝန်ကြီးချုပ်ဟာ မြိုငန်ကလေး ဘိလပ်မြေစက်ရုံနဲ့ အနားပတ်ဝန်းကျင်အထိ သွားရောက် ကွင်းဆင်း စီစစ်ခဲ့ပါတယ်။
စစ်ဆေးတိုင်းတာချက်တွေအရ ရေတွင်းများမှ ရေများ သောက်လို့ရကြောင်း ဝန်ကြီးချုပ်က လက်တွေ့သောက်သုံးပြပြီး ဒေသခံတွေကို သက်သေပြခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒေသခံတွေ ရေသန့်နဲ့ သောက်သန်းရေတွေ ဖြန့်ဝေပေးမှာဖြစ်ပြီး ရေဆိုးတွေက ရေနမူနာကို ယူပြီး အဆင့်မြင့်ဓါတ်ခွဲမှုတွေ ပြုလုပ်ကာ တွေ့ရှိချက် အဖြေတွေကို စီစစ်ဆွေးနွေးပြီးေ ဘးကင်းလုံခြုံ တဲ့ ကာကွယ်မှုတွေ လုပ်သွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။








