ပြန်ဖွင့်ဖို့တောင်းဆိုတဲ့ ဗလီ ၄၀ကျော်စာရင်းရထားပြီ အပါအဝင်မနက်ခင်းသတင်းများ

"ကျွန်တော်တို့ဝတ်ပြုတာ၊ ဘယ်သူတဦးတယောက်ကိုမှ မထိခိုက်ပါဘူး။ ဘာလို့ပိတ်တာလဲဆိုတဲ့ အကြောင်းကတော့ နိုင်ငံရေးပရောဂတွေရှိကြပြီးတော့ ဖြစ်လာတာ" လို့ ဦးမောင်မောင်မြင့်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, "ကျွန်တော်တို့ဝတ်ပြုတာ၊ ဘယ်သူတဦးတယောက်ကိုမှ မထိခိုက်ပါဘူး။ ဘာလို့ပိတ်တာလဲဆိုတဲ့ အကြောင်းကတော့ နိုင်ငံရေးပရောဂတွေရှိကြပြီးတော့ ဖြစ်လာတာ" လို့ ဦးမောင်မောင်မြင့်က ပြောပါတယ်။
ရေးသားခဲ့သည်။

ပြန်ဖွင့်ဖို့တောင်းဆိုတဲ့ ဗလီ ၄၀ကျော်စာရင်းရထားပြီ

ပိတ်ခံထားရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ကျောင်းတော် ဗလီတွေကို ပြန်ဖွင့်ဖို့ ဒေသခံတွေကိုယ်တိုင်ပေးပို့တောင်းဆိုလာတဲ့ ဗလီစာရင်း ၄၀ကျော်ကို ပြန်လည်ဖွင့်လှစ်ရေးကော်မတီ (ယာယီ) မှာစာရင်းရထားပြီလို့ ကော်မတီရဲ့ ပြောခွင့်ရသူ ဦးမောင်မောင်မြင့်က စက်တင်ဘာ ၂၃ ရက်က ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံအအနှံ့အပြားက ဗလီတွေကို ပိတ်သိမ်းခဲ့တာ စုစုပေါင်း ၁၀၀ ကျော်အထိရှိပါတယ်။ အများစု ကတော့ ရခိုင်ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ၂၀၁၁ခုနှစ် နောက်ပိုင်းမှာ ပိတ်သိမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ကော်မတီအနေနဲ့ စာရင်းအပြည့်အစုံကိုရရှိတဲ့အချိန်မှာ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ သာသနာရေးဝန်ကြီးတို့ကို တင်ပြပြီး ပြန်ဖွင့်ပေးဖို့ တောင်းဆိုမှာလို့သိရပါတယ်။

အခုလိုတောင်းဆိုမှုဖြစ်လာတာကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ကာကွယ်ရေးဦးစီးချုပ်က ဘာသာအသီးသီးက ဝတ်ပြုကျောင်းတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေစီကို လှည့်လည်သွားရောက်ခဲ့ရာမှတဆင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ပိတ်ခံထားရတဲ့ ဗလီတွေကို ပြန်ဖွင့်ပေးနိုင်ရေး တောင်းဆိုဖို့ အစပြုလာရတာဖြစ်တယ်လို့ ဦးမောင်မောင်မြင့်ကဆိုပါတယ်။

ပိတ်ခံထားရတဲ့ ဗလီနဲ့ စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ရှိတယ်

ဓာတ်ပုံ ရင်းမြစ်, Office of Commander in Chief

ဓာတ်ပုံ ပုံစာ, ပိတ်ခံထားရတဲ့ ဗလီနဲ့ စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ရှိတယ်

တောင်းဆိုတင်ပြလာတဲ့ စာရင်းတွေထဲမှာ မန္တလေးတိုင်း၊ မိတ္ထီလာ၊ ရမည်းသင်း၊ တောင်ငူတို့က အများဆုံးဖြစ်ပြီး ရန်ကုန်က ပိတ်ခံထားရတဲ့ ဗလီအချို့လည်း ပေးပို့ရရှိထားတယ်လို့ သူကဆိုပါတယ်။

အိုလမာအစ္စလာမ်သာသနာရှင်များအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဦးကျော်ငြိမ်းကလည်း ပိတ်ခံထားရတဲ့ ဗလီနဲ့ စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ရှိတယ်လို့ သူတို့ပြုစုထားတဲ့ စာရင်းကို ကိုးကားပြီး ဘီဘီစီကိုအတည်ပြုပါတယ်။

အစ္စလာမ်ဘာသာရေးအဖွဲ့တွေအားလုံးကလည်းပိတ်ခံထားရတဲ့ ဗလီနဲ့ အဲဒီစာသင် ကျောင်းတွေကို ပြန်ဖွင့်ပေးဖို့ အတွက် အချိန်နဲ့ တပြေးညီ ပေးပို့တောင်းဆိုနေတာရှိတယ်လို့ သူကဆိုပါတယ်။

ဗီဒီယို ပုံစာ, ၄၉ ဦးထက်မနည်း သေဆုံးခဲ့တဲ့ နယူးဇီလန်က ဗလီနှစ်ခု ပစ်ခတ်ခံရမှု

"ကျွန်တော်တို့ဝတ်ပြုတာ၊ ဘယ်သူတဦးတယောက်ကိုမှ မထိခိုက်ပါဘူး။ ဘာလို့ပိတ်တာလဲဆိုတဲ့ အကြောင်းကတော့ နိုင်ငံရေးပရောဂတွေရှိကြပြီးတော့ ဖြစ်လာတာ" လို့ ဦးမောင်မောင်မြင့်က ပြောပါတယ်။

၁၉၉၆ခုနှစ်၊ သာသနာ့အလင်းတန်း စာစောင်ပါ အချက်အလက်အရ မြန်မာနိုင်ငံတဝှမ်းမှာ ဗလီပေါင်း ၂,၂၆၆ ခုနဲ့၊ အစ္စလာမ်ဘာသာရေးကျောင်း မက်ဒရက်ဇာ ၇၅၉ ခုအထိရှိတယ်လို့သိရပါတယ်။

အဲဒီအရေအတွက်က ၁၉၆၁ခုနှစ်မတိုင်မီအရေအတွက်ဖြစ်ပြီး အဲဒီနောက်ပိုင်းကစတင်ကာ ထပ်မံတိုးမြှင့် လာတာတော့မရှိဘူးလို့ အစ္စလာမ်ဘာသာရေးအဖွဲ့တွေကသိရပါတယ်။

လျှပ်စစ်ထုတ်နေတဲ့ ဆည်အချို့ရေလျော့နည်းနေတယ်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, လျှပ်စစ်ထုတ်နေတဲ့ ဆည်အချို့ရေလျော့နည်းနေတယ်

လျှပ်စစ်ထုတ်နေတဲ့ ဆည်အချို့ရေလျော့နည်းနေတယ်လို့ စိုက်မွေးဆည်မြောင်းထုတ်ပြန်

စိုက်ပျိုးရေပေးဝေတာအပြင်၊ လျှပ်စစ်ပါထုတ်နေတဲ့ဆည်ကြီးတွေမှာ ရေလျော့နည်းနေလို့ ရေပေးဝေတာကို စနစ်တကျအပြင်၊ အလှည့်ကျပေးဝေပေးနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက စက်တင်ဘာလ ၂၃ရက်နေ့မှာထုတ်ပြန်ပါတယ်။

ရေလျော့နည်းနေတဲ့ ဆည်ကြီးတွေကတော့ သဖန်းဆိပ်၊ ကင်းတား၊ ဆည်တော်ကြီးနဲ့ မြို့ကြီး စတဲ့ ဆည်ကြီးတွေဖြစ်ပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဘယ်လောက်အထိဆည်ရေတွေလျော့နည်းနေတယ်လို့ ဖော်ပြထားတာမပါပေမယ့်၊ ပြီးခဲ့တဲ့နှစ်ကပမာဏနဲ့ နှိုင်းယှဉ်မယ်ဆိုရင် များစွာလျော့နည်းနေတယ်လို့ ဖော်ပြပါတယ်။

ဆည်ရေနည်းနေပေမယ့်လည်း သဖန်းဆိပ်ဆည်ရေသောက် လယ်ယာမြေတွေထဲက စက်တင်ဘာ ၂၀ရက်နေ့အထိ စိုက်ပျိုးခဲ့တဲ့ ဧကလေးသိန်းခုနှစ်သောင်းကျော် ဆည်ရေရှိဖို့နဲ့၊ သဖန်းဆိပ်ဆည်ရေ သောက်သုံးနေကြတဲ့ ရွှေဘိုဒေသခံတွေအတွက် ရေလုံလောက်စွာရရှိဖို့ ဝန်ကြီးဌာနက စီမံလုပ်ဆောင် နေတယ်လို့ စက်တင်ဘာ ၂၃ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉၊ နွေရာသီမှာတော့ ဆည်ရေတွေခမ်းကာ ရေမရှိလို့ ရေအားလျှပ်စစ်လုံလောက်စွာ မထုတ်နိုင်တာကြောင့် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တော့ တာအပြင်၊ အလှည့်ကျရယူသုံးစွဲတဲ့စနစ်ကိုပါ ကျင့်သုံးခဲ့ရပါတယ်။

အစိုးရအနေနဲ့လည်း ရည်မှန်းထားတဲ့ လျှပ်စစ်ပမာဏကို ပြည့်မီစွာမထုတ်နိုင်ခဲ့တာကြောင့်လည်း ပြီးခဲ့တဲ့ နွေရာသီမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု ကြိမ်ဖန်များစွာဖြစ်ခဲ့ပါတယ်။

အသံဖိုင် ပုံစာ, ဆည်မြောင်းတာတမံ စိတ်ချလုံခြုံရေး - လွတ်လပ်အတွေး ဆွေးနွေးဖလှယ်
သမ္မတ ထရမ့်က ဒီစုဝေးပွဲမှာ အိန္ဒိယနဲ့ ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်တွေ ထပ်ပြီးတော့ အပြီး သတ်ဖို့ မျှော်လင့်နေပြီးတော့ ဝန်ကြီးချုပ် မိုဒီကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အဆုံးအဖြတ် တိုက်ပွဲတွေလုပ်ဖို့ အချိန်ရောက်လာတော့မယ်လို့ ပြောသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတ ထရမ့်က ဒီစုဝေးပွဲမှာ အိန္ဒိယနဲ့ ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်တွေ ထပ်ပြီးတော့ အပြီး သတ်ဖို့ မျှော်လင့်နေပြီးတော့ ဝန်ကြီးချုပ် မိုဒီကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အဆုံးအဖြတ် တိုက်ပွဲတွေလုပ်ဖို့ အချိန်ရောက်လာတော့မယ်လို့ ပြောသွားပါတယ်။

ဒေါ်နယ့်ထရမ့်က ဟာသဉာဏ်ရွှင်သူလို့ မိုဒီက တက္ကဆက်တွေ့ဆုံပွဲမှာ ဂုဏ်ဖော်ပြောဆို

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ သမ္မတဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒါမိုဒီတို့ ပူးတွဲကျင်းပတဲ့လူထုစုဝေးပွဲကို အိန္ဒိယနိုင်ငံဖွား အမေရိကန်နိုင်ငံသား သောင်းနဲ့ချီပြီး တက်ရောက် ခဲ့ပါတယ်။

နိုင်ငံခြားက အကြီးအကဲကို ထွက်ပြီးကြိုကြတဲ့ အမေရိကန်က လူထုစုဝေးပွဲတွေထဲမှာ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုတဲ့ပွဲပြီးရင် အခု ဝန်ကြီးချုပ် မိုဒီကို ကြိုတဲ့ပွဲက လူအများဆုံး လာကြခဲ့ကြတာလို့ ဆိုပါတယ်။

တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ သမ္မတဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒါမိုဒီတို့ ပူးတွဲကျင်းပတဲ့လူထုစုဝေးပွဲကို အိန္ဒိယနိုင်ငံဖွား အမေရိကန်နိုင်ငံသား သောင်းနဲ့ချီပြီး တက်ရောက် ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ သမ္မတဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒါမိုဒီတို့ ပူးတွဲကျင်းပတဲ့လူထုစုဝေးပွဲကို အိန္ဒိယနိုင်ငံဖွား အမေရိကန်နိုင်ငံသား သောင်းနဲ့ချီပြီး တက်ရောက် ခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ အိန္ဒိယက အမေရိကန်ရဲ့ မိတ်ဆွေအစစ်ဖြစ်သလို၊ ဒေါ်နယ်ထရမ့်က နွေးထွေး၊ ဖော်ရွေ၊ နားလည်မှုလွယ်ကူကာ၊ အားပြည့်အင်ပြည့်နဲ့ ဟာသညာဏ်နဲ့လည်း ပြည့်စုံတဲ့သူလို့ မိုဒီက ဂုဏ်ဖော်ပြောဆိုခဲ့ပါတယ်။

သမ္မတ ထရမ့်က ဒီစုဝေးပွဲမှာ အိန္ဒိယနဲ့ ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်တွေ ထပ်ပြီးတော့ အပြီး သတ်ဖို့ မျှော်လင့်နေပြီးတော့ ဝန်ကြီးချုပ် မိုဒီကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အဆုံးအဖြတ် တိုက်ပွဲတွေလုပ်ဖို့ အချိန်ရောက်လာတော့မယ်လို့ ပြောသွားပါတယ်။