အိန္ဒိယ သမိုင်းမတင်မီခေတ် ကျောက်လက်ရာတွေက ပျောက်ကွယ်သွားတဲ့ ယဉ်ကျေးမှုတခေတ်ကိုပြ

Petroglyph sharks

ဓာတ်ပုံ ရင်းမြစ်, BBC Marathi

ဓာတ်ပုံ ပုံစာ, ငါးမန်းတွေပုံ
ရေးသားခဲ့သည်။
Presentational white space

အိန္ဒိယ အနောက်ပိုင်း မဟာရဋ္ဌပြည်နယ်မှာ နှစ်ထောင်သောင်းချီ ကြာမြင့်နေပြီလို့ ယူဆရတဲ့ ကျောက်နံရံမှာ ထွင်းထားတဲ့ ရှေးလက်ရာတွေကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ အရင်က မသိသေးတဲ့ ယဉ်ကျေးမှုခေတ် တခေတ်က လက်ရာတွေ ဖြစ်နိုင်တယ် ဆိုပြီး ရှေးဟောင်း သုတေသန ပညာရှင်တွေကြား အကြီးအကျယ် ပြောဆို နေကြတာပါ။

Short presentational grey line

ဒီကျောက်ထွင်းလက်ရာတွေကို မဟာရဋ္ဌပြည်နယ် အနောက်ပိုင်း ကုန်ကန်ဒေသက တောင်ထိပ်တွေမှာ ထောင်နဲ့ချီပြီး ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ရတနာဂီရိနဲ့ ရာဂျပူ ဒေသတွေမှာ အများဆုံး တွေ့ရတဲ့ ဒီလက်ရာတွေကို တောင်ထိပ်တွေမှာ ရေးထွင်းခဲ့တာ ဖြစ်ပြီး နှစ်ထောင်နဲ့ချီပြီး သတိမပြုမိခဲ့တာ ဖြစ်ပါတယ်။

Presentational white space
petroglyph

ဓာတ်ပုံ ရင်းမြစ်, BBC Marathi

Presentational white space

လက်ရာ အများစုဟာ ရွှံ့နဲ့ မြေကြီးအောက်မှာ ဖုံးအုပ်နေတာပါ။ ဒါပေမဲ့ မြေပေါ် ပေါ်နေတဲ့ တချို့လက်ရာတွေကိုတော့ ဒေသခံတွေက အမွန်အမြတ်ထားပြီး ကိုးကွယ်ကြတာ တွေ့ရပါတယ်။

ဒီလောက် ပမာဏ များပြားတဲ့ ကျောက်လက်ရာတွေကို တွေ့ရတဲ့အတွက် ပညာရှင်တွေ အံ့သြမင်တက်သွားကြပါတယ်။ တိရစ္ဆာန်တွေ၊ ငှက်တွေ၊ လူပုံနဲ့ ဂျီသြမေတြီဒီဇိုင်းပုံတွေ စသဖြင့် ထွေပြားတဲ့ လက်ရာတွေပါ။

Petroglyph legs

ဓာတ်ပုံ ရင်းမြစ်, BBC Marathi

ဓာတ်ပုံ ပုံစာ, ခြေထောက်ကြီး နှစ်ဘက်ပုံ

ရေးချယ်တဲ့ပုံနဲ့ တခြား ကမ္ဘာ့နေရာတွေမှာ တွေ့ခဲ့တဲ့ အလားတူပုံတွေကို ကြည့်ပြီး ဒါတွေကို သမိုင်းမတင်မီခေတ်က ဖန်တီးခဲ့တာလို့ ပညာရှင်တွေက ယူဆပါတယ်။ ခုနောက်ဆုံးတွေ့တဲ့ ဒီလက်ရာတွေဟာ တွေ့ဖူးသမျှ ကျောက်ထွင်း လက်ရာတွေထဲမှာ ရှေးအကျဆုံး ဖြစ်နိုင်ပါတယ်။

Presentational white space
Petroglyph animal

ဓာတ်ပုံ ရင်းမြစ်, BBC Marathi

ဓာတ်ပုံ ပုံစာ, တိရစ္ဆာန်ပုံ
Presentational white space

စစ်ဆေးတွေ့ရှိချက်တွေကနေ ပထမဆုံး ကောက်ချက်ကတော့ ဒီလက်ရာတွေကို ခရစ်မပေါ်မီ ဘီစီ နှစ်တသောင်းလောက်က ရေးထွင်းခဲ့တာပါလို့ မဟာရဋ္ဌပြည်နယ် ရှေးဟောင်းသုတေသန ဌာန ညွှန်ကြားရေးမှူး တီဂျက်စ် ဂါ့ဂျ်က ပြောပါတယ်။

ခရီးသွားလေ့လာသူ တစုက ရှာတွေ့ရာကနေ ဒီလက်ရာတွေကို ဆက်တိုက် တွေ့လာခဲ့တာ ဖြစ်ပါတယ်။ လက်ရာအများအပြားကို ရွာ ဘုရားကျောင်းတွေထဲမှာ တွေ့ရပြီး ဒေသတွင်းမှာ ဒဏ္ဍာရီလို ပြောဆို နေကြတာ ဖြစ်ပါတယ်။

မိုင်ထောင်ချီ လမ်းလျှောက်သွားတယ်၊ လူတွေက ဓာတ်ပုံတွေ ပို့ပေးကြသလို ဒေသထဲက ကျောင်းတွေမှာလည်း ဝင်ပြီးစုံစမ်းတယ်။ ကျောင်းသားတွေရဲ့ ဘိုးဘွားတွေ၊ ရွာလူကြီးတွေက ဒီကျောက်လက်ရာတွေအကြောင်း ဘာတွေ ပြောပြဖူးသလဲ ဝင်စူးစမ်းတယ်။ ဒီလိုကနေ အဖိုးတန်တဲ့ အချက်အလက်တွေ ရလာတာပါလို့ ရှာတွေ့တဲ့ လူစုထဲက မစ္စတာ ရစ်ဘို့က ဆိုပါတယ်။

Presentational white space
Petroglyph people

ဓာတ်ပုံ ရင်းမြစ်, BBC Marathi

ဓာတ်ပုံ ပုံစာ, လူတွေပုံ ကျောက်လက်ရာ
Presentational white space

ဒီကျောက်ထွင်းလက်ရာတွေကို ဒေသတွင်းက ရွာ ၅၂ ရွာ လောက်အနားပတ်လည်မှာ တွေ့ရှိခဲ့ပေမယ့် ဒီပုံတွေ ရှိနေတာကို ရွာ ငါးရွာ လောက်ကပဲ သတိထားမိကြပါတယ်။

petroglyph children

ဓာတ်ပုံ ရင်းမြစ်, BBC Marathi

ဓာတ်ပုံ ပုံစာ, ကလေးပုံ
Presentational white space
ဗီဒီယို ပုံစာ, ကောင်းကင်က မြင်ရတဲ့ အိန္ဒိယရှေးလက်ရာတွေ
Presentational white space

ဒီလက်ရာတွေကို စိုက်ပျိုးရေးတွေ မစခင်ခေတ်က အမဲလိုက် သစ်ရွက်ခူးတဲ့ လူ့အဖွဲ့အစည်းတခုက ဖန်တီးခဲ့ပုံ ပေါ်တယ်လို့လည်း ဂါ့ဂျ်က ပြောပါတယ်။

လယ်စိုက်နေတဲ့ပုံတွေ မတွေ့ရဘဲ တိရစ္ဆာန်တွေကို အမဲလိုက်နေတဲ့ ပုံတွေကို တောကောင်ပုံ အသေးစိတ်နဲ့ တွေ့ရတယ်။ ဒီလက်ရာတွေကို ရေးထွင်းသူတွေဟာ ဒီသတ္တဝါတွေအကြောင်း၊ ပင်လယ်ထဲက တိရစ္ဆာန်တွေအကြောင်း သိတော့ အစာရိက္ခာအတွက် အမဲလိုက် ငါးဖမ်းလုပ်လာတာကို ပြနေတယ် လို့လည်း သူကပြောပါတယ်။

ပူးနားက ဒက္ကန် ကောလိပ်က ကျောက်လက်ရာတွေ အကြောင်း လေ့လာခဲ့တဲ့ သမိုင်းပညာရှင် ဒေါက်တာ ပရက်ဟန်ကတော့ အဲဒီခေတ်က လူတွေ အကျွမ်းတဝင်ဖြစ်တဲ့ အကြောင်းအရာတွေက ဒီလက်ရာတွေကို သြဇာလွှမ်းထားတယ်လို့ ဆိုပါတယ်။

Presentational white space
Petroglyph

ဓာတ်ပုံ ရင်းမြစ်, BBC Marathi

ဓာတ်ပုံ ပုံစာ, ဆင်ပုံလေလား
Presentational white space

ကျောက်ထွင်းလက်ရာ အများစုက တိရစ္ဆာန်ပုံတွေ ဖြစ်ပါတယ်၊ ငါးမန်း၊ ဝေလငါးနဲ့ လိပ်လို ကုန်းနေရေနေ သတ္တဝါတွေ ပါပါတယ်လို့ မစ္စတာ ဂါ့ဂျ်က ဆိုပါတယ်။

ဒါပေမဲ့ ဒီထဲမှာ အိန္ဒိယမှာ မရှိတဲ့ ရေမြင်းနဲ့ ကြံ့လို အကောင်တွေ ပါနေတာကတော့ မေးစရာ ဖြစ်နေပါတယ်။ ဒီအရုပ်တွေ ထွင်းခဲ့သူတွေဟာ အာဖရိကက ကူးလာတဲ့ သူတွေလား၊ ဒါမှမဟုတ် ဒီသတ္တဝါတွေ အိန္ဒိယမှာ ကျက်စားခဲ့ကြဖူးတာလား။

Petroglyph child

ဓာတ်ပုံ ရင်းမြစ်, BBC Marathi

ဓာတ်ပုံ ပုံစာ, ကလေးလက်ဆန့်နေပုံ

ပြည်နယ် အစိုးရက ဒေါ်လာ ၃ သန်းကျော် ရန်ပုံငွေ ထုတ်ပေးပြီး ပုံဖော်လို့ ရတဲ့ ကျောက်လက်ရာ ၄ဝဝ ကို ထပ်ဆင့်လေ့လာဖို့ စီစဉ်နေပါတယ်။

ဒါမှ အများစိတ်ဝင်စားနေကြတဲ့ ကျောက်လက်ရာတွေ အကြောင်း ပိုသိလာရမှာ ဖြစ်ပါတယ်။

Presentational white space
Petroglyph bug

ဓာတ်ပုံ ရင်းမြစ်, BBC Marathi

ဓာတ်ပုံ ပုံစာ, ချေးထိုးပိုးပုံ လက်ရာ
Presentational white space