သြစတြေးလျမှာ မုန်တိုင်းဒဏ်ကြောင့် ရေကြီး

ဓာတ်ပုံ ရင်းမြစ်, Reuters
ရေးသားခဲ့သည်။
ဩစတြေးလျ မှာ မုန်တိုင်း ဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျံမှုတွေ ဖြစ်ပေါ်နေပါတယ်။
အရှေ့ဘက် ကမ်းရိုးတန်း ဒေသ တလျှောက်မှာ ရေကြီးမှုတွေ ဖြစ်ပေါ် နေပြီး လက်ရှိ အချိန်မှာ အနည်းဆုံး လူ ၃ ယောက် သေဆုံး ခဲ့ကြောင်း သတင်းပေး ပို့ ချက်တွေ အရ သိရပါတယ်။
နယူးဆောက်ဝေး၊ ဗစ်တိုးရီးယား နဲ့ တက်စ်မေးနီးယား ဒေသတွေမှာ မုန်တိုင်း ဒဏ်ကို ဆက်လက် ခံစားနေရဆဲ ဖြစ်ပါတယ်။
ဆစ်ဒနီ မြို့ အနီး ကိုလာရွိုင်း ကမ်းခြေ ဒေသက အိမ်တွေဟာ မြေပြိုမယ့် အန္တရာယ် ရှိနေတာကြောင့် အရေးပေါ် ပြောင်းရွှေ့မှု ပြုလုပ် ပေးနေရပါတယ်။
တက်စ်မေးနီးယား ဒေသက မြစ် ၇ ခုမှာ စိုးရိမ်ရေမှတ် ရောက်ရှိနေပြီး ရေကြီးရေလျံ မှုတွေ ဖြစ်ပေါ် နိုင်ကြောင်း အရေးပေါ် သတိပေး ချက်တွေ ထုတ်ပြန် ထားရပါတယ်။




