ရောမမြို့ ဂျူးဝတ်ကျောင်းတော်ကို ပုပ်ရဟန်းမင်းကြီး ကြွချီ

ပုပ် ရဟန်းမင်းကြီး ဖရန်ဆစ် ဟာ ရောမမြို့တော် မှာ ရှိတဲ့ အကြီးဆုံး ဂျူး ဘာသာရေး ဝတ်ပြု ကျောင်းတော်ကို သွားရောက် ခဲ့ပါတယ်။
ဂျူး ဆန့်ကျင် ရေး ပုံစံ အမျိုးမျိုး အပေါ် ပုပ်ရဟန်းမင်းကြီး က ပြစ်တင် ခဲ့တဲ့ အပြင်၊ ဘုရားသခင် နာမတော် ကို အလွဲသုံးစား ပြုပြီး ကျူးလွန် နေကြတဲ့ အကြမ်းဖက် လုပ်ရပ် တွေ ကိုလည်း ရှုတ်ချ ပြောဆို ခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး နည်းတူပဲ ရောမမြို့ရဲ့ ဂျူး ဘာသာရေး ဘုန်းတော်ကြီး တွေရဲ့ အကြီးအကဲ ရီကာဒိုး ဒီ ဆာဂီရီ က လည်း ဘာသာရေး ကို အလွန်အကျူး အဓိပ္ပာယ် ဖွင့်ဆို အကြောင်းပြ ကျူးလွန်ကြတဲ့ အကြမ်းဖက်မှု တွေ အပေါ် ပြစ်တင် ပြောဆို ခဲ့ပါတယ်။
ဂျူး ဝတ်ကျောင်းတော် ကို ကက်သလစ် ခရစ်ယာန် ပုပ်ရဟန်းမင်းကြီး တစ်ပါး လာရောက်တာဟာ ပုပ် ဖရန်ဆစ် ရဲ့ အခု တစ်ခေါက် နဲ့ ပါမှ ၃ ကြိမ် ပဲ ရှိပါသေးတယ်။
ဒါပေမယ့် ပုပ် ဖရန်ဆစ် အခုလို လာရောက် ခဲ့တာကို ကြည့်ရင် ဂျူးနဲ့ ကက်သလစ် တွေ အကြား အနှစ် ၅၀ အတွင်း ဆက်ဆံရေး တွေ တိုးမြင့် ကောင်းမွန် လာတာ ကို ပြသနေပါတယ်။




