လူမျိုးစုအစွဲတွေ ချွတ်ဖို့ ကင်ညာမှာ ပုပ်ရဟန်းမင်း ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖရိက ခရီးစဉ်အဖြစ် ကင်ညာ နိုင်ငံကို ရောက်ရှိစဉ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကင်ညာ နိုင်ငံသားတွေကို ညီညွတ် ကြဖို့နဲ့ မျိုးနွယ်စု အစွဲတွေကို ဆန့်ကျင်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။
ကင်ညာ မြို့တော် နိုင်ရိုဘီမှာ ပုပ်ရဟန်းမင်းကြီးက သူမိန့်ခွန်းကို နားထောင်တဲ့ လူငယ်တွေကို အချင်းချင်း လက်တွေ တွဲကိုင်စေပြီး နိုင်ငံ တစ်ခုတည်းရဲ့ နိုင်ငံသားတွေ အဖြစ် သရုပ်ဖော်စေ ခဲ့ပါတယ်။
ကင်ညာ နိုင်ငံမှာ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲပြီး ကာလက မျိုးနွယ်စု အချင်းချင်း အကြမ်းဖက်မှုတွေကြောင့် လူ ၁၂၀၀ လောက် သေဆုံးခဲ့ဖူး ပါတယ်။
ပုပ်ရဟန်း မင်းကြီးက အကျင့်ပျက် ချစားမှုတွေကို တိုက်ဖျက် ကြဖို့လည်း တောင်းပန် ပြောဆို သွားခဲ့ပါတယ်။
၅ ရက်တာ အာဖရိက ခရီးစဉ် သွားရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အခုတော့ ယူဂန်ဒါ နိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
တနင်္ဂနွေ နေ့မှာတော့ ခရစ်ယာန်နဲ့ မွတ်ဆလင်တွေ အကြား အကြမ်းဖက်မှုတွေ မကြာသေးမီ အချိန်အထိ ဖြစ်ပွားနေခဲ့တဲ့ ဗဟိုအာဖရိက နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။




