ပုပ်ရဟန်းမင်းကြီးရဲ့ အမေရိကန် ခရီးစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty
ရေးသားခဲ့သည်။
အမေရိကန် ပြည်ထောင်စုမှာ လာရောက် ရွှေ့ပြောင်း အခြေစိုက်သူတွေအပေါ် လူသားချင်း စာနာစွာ ဆက်ဆံသင့်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စ်က ဝါရှင်တန်မြို့ ကွန်ဂရက် လွှတ်တော်မှာ ပြောသွားပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းတွေထဲမှာ ပါတဲ့ ကိစ္စရပ်တွေကို ရီပတ်ဘလီကန် အမတ် တွေရော ဒီမိုကရက် အမတ်တွေပါ လက်ခံနှစ်သက်ခဲ့ကြပြီး သူ မိန့်ခွန်း ပြောနေစဉ်မှာ လက်ခုပ် သြဘာ အကြိမ်ကြိမ် ပေးခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံက ပြည်နယ်ပေါင်း ၃၀ကျော်မှာ တရားဝင် ခွင့်ပြုထားတဲ့ သေဒဏ် အပြစ်ပေးမှုကို အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသွားခဲ့သလို ကိုယ်ဝန် ဖျက်ချမှု ကို စုပေါင်း ဆန့်ကျင်ကြဖို့ကိုလည်း ပန်ကြားသွားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စ်ဟာ အမေရိကန်နိုင်ငံမှာ ၆ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။




