ရွေးကောက်ပွဲမှာ စင်္ကာပူ အာဏာရပါတီ အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, Getty
ရေးသားခဲ့သည်။
စင်္ကာပူနိုင်ငံရဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ပီအေပီပါတီက အနိုင်ရသွားပါတယ်။ စင်္ကာပူကို တည်ထောင်သူ လီကွမ်ယု မကြာမီက ကွယ်လွန်မှုနဲ့ နိုင်ငံတည်ထောင်တာ နှစ်၅၀ အောင်ပွဲတွေကြောင့် ပီအေပီက မဲပိုရတဲ့ သဘောလို့ လေ့လာသူတွေက ပြောပါတယ်။
အတိုက်အခံ ပါတီတွေက ခိုင်ခိုင်မာမာ အနိုင်ရဖို့ ကြိုးစားပေမယ့် ဆင်းရဲချမ်းသာကွာဟမှု လူဝင်မှုကြီးကြပ်ရေး ပြဿနာတို့ကို အသေအချာ အသုံးချပြီး မဲမဆွယ်နိုင်တဲ့ပုံရှိပါတယ်။




