ကိုယ်ဝန်ဖျက်ချမှုကို ပုပ်ရဟန်းမင်း ခွင့်လွှတ်မယ်

ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ချက်ဟာ ပြင်းထန်တဲ့ စိတ်ဝေဒနာကို ခံစားရစေ နိုင်တယ်လို့ ပုပ်ရဟန်းမင်း ဖော်ပြ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ချက်ဟာ ပြင်းထန်တဲ့ စိတ်ဝေဒနာကို ခံစားရစေ နိုင်တယ်လို့ ပုပ်ရဟန်းမင်း ဖော်ပြ။
ရေးသားခဲ့သည်။

ကိုယ်ဝန် ဖျက်ချသူ မိခင်တွေနဲ့ ဆရာဝန်တွေကို ကက်သလစ် ဘာသာဝင် ဘုန်းတော်ကြီးတွေက ခွင့်လွှတ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခွင့်ပြု တော့မယ်လို့ သိရပါတယ်။

ကိုယ်ဝန် ဖျက်ချမှုဟာ ရိုမန် ကက်သလစ် ဘာသာမှာ ကြီးလေးတဲ့ ပြစ်မှု ဖြစ်ပြီး ကျူးလွန်သူဟာ ခရစ်ယာန် အသိုက်အဝန်းရဲ့ ကြဉ်ဖယ်မှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ခွင့်လွှတ် ပေးမယ့် ကာလက အခု ဒီဇင်ဘာမှာ စတင်မယ့် Jubilee Year တစ်နှစ် အတွက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဖြေလျှော့ပေးမှုကို ကက်သလစ် ကျောင်းတော်ရဲ့ အဓိကကျတဲ့ မူဝါဒပိုင်း အပြောင်းအလဲ အဖြစ် ရှုမြင် ကြပါတယ်။