ဂျီဟတ် ဝါဒီတွေနဲ့ သွားပေါင်းမယ့်သူတွေ နိုင်ငံကူးလက်မှတ်ပိတ်ခံရ

French Interior Minister Bernard Cazeneuve

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စုံစမ်း စစ်ဆေးမှုတွေ ဆက်လုပ် နေတယ်လို့ ပြည်ထဲရေး ဝန်ကြီးပြော
ရေးသားခဲ့သည်။

ပြင်သစ် အာဏာပိုင် တွေက ပထမဆုံး အနေနဲ့ ဆီးရီးယားက ဂျီဟတ် ဝါဒီ တွေနဲ့ သွားရောက် ပူးပေါင်းဖို့ စီစဉ်မှုနဲ့ စွပ်စွဲခံရတဲ့ နိုင်ငံသား ၆ ယောက်ရဲ့ နိုင်ငံကူး လက်မှတ် တွေကို ပိတ်ပင်လိုက် ပါတယ်။

ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve က အဲဒီလူတွေဟာ မကြာခင်မှာ သွားကြဖို့ ပြင်နေကြတယ်လို့ ထောက်လှမ်းရေး တွေက ယုံကြည် ကြကြောင်း ပြော ပါတယ်။

နောက်ထပ် လူပေါင်း ၄၀ နဲ့ ပတ်သက်လို့လည်း စုံစမ်း စစ်ဆေးနေပြီး မကြာခင် နောက်ထပ် ပိတ်ပင် တာတွေ ဖြစ်လာ နိုင်တယ်လို့ လည်း သူက ပြောပါတယ်။

ဒီဆောင်ရွက်မှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြဌာန်းခဲ့တဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေသစ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

နိုင်ငံကူး လက်မှတ်တွေ၊ သက်သေခံ ကတ်ပြားတွေကို ကနဦး အနေနဲ့ ၆ လ ပိတ်ထားပြီး နောက်ထပ် ထပ်မံ သက်တမ်းတိုး ပိတ်ပင်သွားနိုင်ပါတယ်။