ထိုင်ဝမ် လေယာဉ် ပျက်ကျ၊ ၁၉ ဦးကျော် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
ရေးသားခဲ့သည်။
ထိုင်ဝမ်မှာ ခရီးသည် ၅၈ ဦး လိုက်ပါလာတဲ့ ထရန်စ် အေးရှား လေကြောင်းလိုင်းက လေယာဉ်ပျံတစ်စင်း မြစ်ထဲကို ပျက်ကျ ခဲ့ရာမှာ အနည်းဆုံး ၁၉ ဦး သေဆုံးကြောင်း အတည်ပြု ထားနိုင်တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက် နေသူတွေက ပြောပါတယ်။
မြစ်ရေထဲမှာ ဘေးတစောင်း လဲပြီး နစ်နေတဲ့ လေယာဉ်ထဲမှာ ပိတ်မိ နေဆဲ ဖြစ်တဲ့ ခရီးသည်တွေကို ကယ်တင် နိုင်ဖို့ ကယ်ဆယ်ရေး အဖွဲ့တွေက ကြိုးစား နေပါတယ်။
အဲဒီ လေယာဉ်ဟာ အရှိန်နဲ့ နိမ့်ဆင်း လာခဲ့ပြီး အဝေးပြေး ကားလမ်း ဖြစ်တဲ့ တံတားကို တောင်ပံ တစ်ဘက်နဲ့ တိုက်မိကာ မြစ်ထဲကို ပျက်ကျ သွားတာ ဖြစ်ပါတယ်။
ပြည်တွင်း ခရီးစဉ် ပျံသန်းတဲ့ အဲဒီ လေယာဉ်ဟာ ထိုင်ပေ လေဆိပ်ကနေ တက်လာပြီး မကြာခင် အခုလို ဖြစ်ခဲ့တာပါ။
ခရီးသည်တွေထဲက အယောက် ၃၀ လောက်ဟာ တရုတ် ပြည်မကြီးက လာရောက် လည်ပတ်ကြတဲ့ ခရီးသွား ဧည့်သည်တွေ ဖြစ်တယ်လို့ သိရပါတယ်။




