ထိုင်ဝမ် လေယာဉ် တစ်စီး ပျက်ကျ ၄၇ ဦး သေ

ရေးသားခဲ့သည်။
ထိုင်ဝမ်မှာ လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်စဉ် မအောင်မြင်ဘဲ ပျက်ကျသွားလို့ လူ ၄၇ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရသွား ပါတယ်။
ထိုင်ဝမ် ဒေသတွင်း ပျံသန်းတဲ့ TransAsia လေကြောင်းလိုင်းက လေယာဉ်ဟာ Penghu ကျွန်းစုပေါ်က Magong လေဆိပ် အနီးမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
အဲဒီ လေယာဉ်ပေါ်မှာ ခရီးသည် ၅၄ ဦးနဲ့ လေယာဉ် အမှုထမ်း ၄ ဦး လိုက်ပါသွားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းမှာ ထိုင်ဝမ်ကျွန်းကို Matmo တိုင်ဖွန်း မုန်တိုင်း ဖြတ်သန်း တိုက်ခတ်နေတာကြောင့် ရာသီဥတု ဆိုးရွားလို့ ခုလို ပျက်ကျခဲ့ရတာလို့ ယူဆနေကြပါတယ်။




