ဟောင်ကောင်မှာ ကြက်ကောင်ရေ ၂သောင်း သုတ်သင်

ဓာတ်ပုံ ရင်းမြစ်, AP
ရေးသားခဲ့သည်။
တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကို တင်ပို့လာတဲ့ ကြက်တွေမှာ ကြက်ငှက်တုပ်ကွေး ပိုးသစ် တမျိုးဖြစ်တဲ့ H7N9 ပိုးကို စမ်းသပ် တွေ့ရှိရလို့ အဲဒီ တင်သွင်းလာတဲ့ ကြက် အကောင်ရေ ၂ သောင်းကို ဟောင်ကောင်မှာ သုတ်သင် ရှင်းလင်းနေပြီ ဖြစ်ပါတယ်။
လူကို သေစေနိုင်တဲ့ ဒီ ပိုးသစ်ဟာ ပြီးခဲ့တဲ့နှစ်က ပေါ်လာတာ ဖြစ်ပြီး လူပေါင်း ၂ ရာကျော် ကူးစက်ခံခဲ့ရကာ အဲဒီ အထဲက ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။
တရုတ် နှစ်သစ်ကူး ကျင်းပဖို့ သိပ်မလိုတော့တဲ့ အချိန်မှာ အခုလို ကြက်အရှင်တွေကို သုတ်သင်တာ ဖြစ်ပြီး ဒါဟာ သုံးနှစ်အတွင်း ပထမဆုံး အကြိမ် သုတ်သင် ပစ်တာလည်း ဖြစ်ပါတယ်။
တရုတ်ပြည်မကြီးက နောက်ထပ် ကြက်တွေ တင်သွင်းမှုကိုလည်း နောက် ၃ ပတ် အထိ ဆိုင်းငံ့ထားမယ်လို့ ဟောင်ကောင် အာဏာပိုင်တွေက ပြောပါတယ်။




