ရုရှားနိုင်ငံက စာသင်ကျောင်းတစ်ကျောင်းမှာ ပစ်ခတ်မှုအတွင်း ကျောင်းသားငယ်တွေနဲ့ ဆရာသေဆုံး

ရုရှား၊ ကဇန်၊ ပစ်ခတ်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကဇန်မြို့ အမှတ် ၁၇၅ ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွား
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁

ရုရှားနိုင်ငံ ကဇန်မြို့က စာသင်ကျောင်းတစ်ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကျောင်းသား ကလေးငယ်တွေနဲ့ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ သတင်းတွေ အမျိုးမျိုး ထွက်နေပေမဲ့ အနည်းဆုံး ကလေး ၇ ဦး သေဆုံးခဲ့တယ်လို့ အစိုးရတာ၀န်ရှိသူတွေက ပြောပါတယ်။

နောက်ထပ် အတော်များများလည်း ဒဏ်ရာရခဲ့ကြပြီး ဆေးရုံတင်ပို့ထားရပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားအပြီး ဆယ်ကျော်သက် လူငယ်တစ်ဦးကို ထိန်းသိမ်းလိုက်ပါတယ်။

မော်စကိုမြို့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၈၂၀ အကွာမှာ ရှိတဲ့ ကဇန်မြို့ဟာ တာတာစတန် ဒေသက မွတ်ဆလင်တွေ အများစုနေထိုင်တဲ့ နေရာ ဖြစ်ပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရဲက စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပြီ ဖြစ်ပါတယ်။ ဘာ့ကြောင့် ခုလို ပစ်ခတ်ရသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီပစ်ခတ်မှုဟာ ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးတစ်ခု ဖြစ်တယ်လို့ တာတာစတန် သမ္မတ ရပ်စတမ် မင်နီခန်နော့ဗ် က ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ရုရှားနိုင်ငံရဲ့ သေနတ်ထိန်းချုပ်မှု ဥပဒေကို သူပြန်သုံးသပ်မယ်လို့ ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ပြန်လည် ဖြေကြားစဉ်မှာ ပြောသွားပါတယ်။

ဒီပစ်ခတ်မှုအကြောင်း ဘာတွေ သိထားလဲ

ဒီပစ်ခတ်မှုဟာ အမှတ် ၁၇၅ စာသင်ကျောင်းမှာ ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ပွားရာနေရာကို လက်နက်တွေ အပြည့်ကိုင်ဆောင်ထားတဲ့ ရဲတွေနဲ့ အရေးပေါ် မော်တော်ယာဉ်တွေ ရောက်နေပါတယ်။

ကလေးငယ်တချို့ ပြတင်းပေါက်ပေါ်ကနေ ခုန်ချထွက်ပြေးနေပုံ၊ ဒဏ်ရာရထားသူတွေကို ကယ်ထုတ်နေပုံ မြင်ကွင်းတွေ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေပါတယ်။

စာသင်ဆောင် ဒုတိယထပ် ပြတင်းပေါက်ကနေ ခုန်ချခဲ့တဲ့ ကလေးငယ် နှစ်ဦး သေဆုံးသွားခဲ့တယ် လို့ ရုရှား ရုပ်မြင်သံကြားမှာ ဖော်ပြပါတယ်။

ရုရှား၊ ကဇန်၊ ပစ်ခတ်မှု

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အခင်းဖြစ်ပွားရာ စာသင်ကျောင်းကို လက်နက်ကိုင်ရဲတွေ ရောက်လာပြီး စတုတ္ထထပ် စာသင်ဆောင်ကို ဝိုင်းထားခဲ့တယ်လို့ သတင်းတွေကဆို

ကနဦးသတင်းတွေမှာ သေနတ်သမား နှစ်ဦး လို့ ဖော်ပြခဲ့ပြီး တစ်ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သေနတ်သမားက တစ်ဦးပဲလို့ နောက်ပိုင်းမှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

သေဆုံးသူ ၈ ဦး ရှိတယ်လို့ အစိုးရ တာဝန်ရှိသူတွေက တရားဝင် အတည်ပြု ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ၈ တန်း ကျောင်းသား ၄ ဦးနဲ့ ကျောင်းသူ ၃ ဦး ပါတယ်လို့ တာတာစတန် သမ္မတ ရပ်စတမ် မင်နီခန်နော့ဗ် က ပြောပါတယ်။ ကျောင်းဆရာတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သမ္မတရဲ့ သတင်းပြန်ကြားရေးအဖွဲ့က နောက်ပိုင်းမှာ ဖြည့်စွက်ပြောပါတယ်။

သေဆုံးသွားသူတွေအပြင် နောက်ထပ် ကလေး ၁၂ ဦးနဲ့ လူကြီး ၄ ဦးကို ဆေးရုံတင်ထားရတယ်လို့ သမ္မတ မင်နီခန်နော့ဗ် က ကျောင်းအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပြပါတယ်။

"အဲဒီအကြမ်းဖက်သမားတွေကို ဖမ်းမိထားပါပြီ။ သူက အသက် ၁၉ နှစ်အရွယ်ပါ။ လက်နက်ကိုင်ဆောင်ခွင့် မှတ်ပုံတင်ထားသူလည်း ဖြစ်တယ်"လို့ သူက ပြောပါတယ်။

ကျောင်းအပြင်ဘက်မှာ အဖမ်းခံထားရပုံ ရတဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦး မြေပြင်မှာ လဲနေပုံကို ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုတစ်ခုမှာ တွေ့ရပါတယ်။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post

1px transparent line